တိုင်းအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် ဖွင့်လှစ်

တိုင်းအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် ဖွင့်လှစ် facebook

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်ဥပဒေရုံးအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ (၁၂၉.၆)သန်းဖြင့် ဗိုလ်မင်းဗိုလ်ကုမ္ပဏီက အလျား ၄၅' x အနံ ၄၀’၊ အမြင့် ၁၂’ (RC) တစ်ထပ် အဆောက်အဦကို ဆောက်လုပ်ခဲ့ပြီးဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ (၃၈၂.၆၂)သန်းဖြင့် ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၄)ထပ်ကို သာထက်သာကုမ္ပဏီက အလျား ၆၀' x အနံ ၅၀’ ၊ အမြင့် ၄၅.၅’ (RC) အဆောက်အဦကို ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

 

 

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက် နံနက် ၈ နာရီတွင် အဆိုပါ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

 

 

ရှေးဦးစွာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက မြို့နယ်ဥပဒေရုံး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပြီး မြို့နယ်ဥပဒေရုံးအဆောက်အဦသစ် ဆောက်လုပ်ခြင်း ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်များ ပက်ဖြန်းပေးကာ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။

 

 

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ် ဆောက်လုပ်ခြင်း မှတ်တမ်းများအား ဗိုလ်မင်းဗိုလ်ကုမ္ပဏီနှင့် သာထက်သာကုမ္ပဏီတို့၏ ဒါရိုက်တာများက တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးဌေးအောင်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

 

 

Myanmar Builders Guide

 

 

အိမ္ေဆာက္ပစၥည္းလုပ္ငန္းေပါင္း ၂၄၆၅ ခုကို ရွာရန္ႏွိပ္ပါ

 

 

---Zawgyi---

 

 

တိုင္းအစိုးရအဖြဲ႕၏ ရန္ပံုေငြျဖင့္ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္ ဥပေဒ႐ုံးႏွင့္ ဝန္ထမ္းအိမ္ရာ အေဆာက္အအုံသစ္ ဖြင့္လွစ္

 

 

ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ ၿမိဳ႕နယ္ဥပေဒ႐ုံးအား ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ခြင့္ျပဳရန္ပုံေငြ (၁၂၉.၆)သန္းျဖင့္ ဗိုလ္မင္းဗိုလ္ကုမၸဏီက အလ်ား ၄၅' x အနံ ၄၀’၊ အျမင့္ ၁၂’ (RC) တစ္ထပ္ အေဆာက္အဦကို ေဆာက္လုပ္ခဲ့ၿပီးျဖစ္သည္။

 

 

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ခြင့္ျပဳရန္ပုံေငြ (၃၈၂.၆၂)သန္းျဖင့္ ဝန္ထမ္းအိမ္ရာ (၄)ခန္းတြဲ (၄)ထပ္ကို သာထက္သာကုမၸဏီက အလ်ား ၆၀' x အနံ ၅၀’ ၊ အျမင့္ ၄၅.၅’ (RC) အေဆာက္အဦကို ေဆာက္လုပ္ခဲ့ေၾကာင္း သိရသည္။

 

 

ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္ ဥပေဒ႐ုံးႏွင့္ ဝန္ထမ္းအိမ္ရာ အေဆာက္အအုံသစ္ ဖြင့္ပြဲအခမ္းအနားကို ေဖေဖာ္ဝါရီလ ၄ ရက္ နံနက္ ၈ နာရီတြင္ အဆိုပါ ဥပေဒ႐ုံးႏွင့္ ဝန္ထမ္းအိမ္ရာ အေဆာက္အအုံ၌ က်င္းပျပဳလုပ္ခဲ့ၾကသည္။

 

 

ေရွးဦးစြာ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦး၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းႏွင့္ တာဝန္ရွိသူမ်ားက ၿမိဳ႕နယ္ဥပေဒ႐ုံး ဆိုင္းဘုတ္အား စက္ခလုတ္ႏွိပ္ ဖြင့္လွစ္ၿပီး ၿမိဳ႕နယ္ဥပေဒ႐ုံးအေဆာက္အဦသစ္ ေဆာက္လုပ္ျခင္း ကမၺည္းေမာ္ကြန္းအား အေမႊးနံသာရည္မ်ား ပက္ျဖန္းေပးကာ ဖြင့္ပြဲအထိမ္းအမွတ္အျဖစ္ သစ္ပင္မ်ား စိုက္ပ်ိဳးခဲ့ၾကသည္။

 

 

ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္ ဥပေဒ႐ုံးႏွင့္ ဝန္ထမ္းအိမ္ရာ အေဆာက္အဦသစ္ ေဆာက္လုပ္ျခင္း မွတ္တမ္းမ်ားအား ဗိုလ္မင္းဗိုလ္ကုမၸဏီႏွင့္ သာထက္သာကုမၸဏီတို႔၏ ဒါ႐ိုက္တာမ်ားက တိုင္းေဒသႀကီး ဥပေဒအရာရွိ ဦးေဌးေအာင္သို႔ လႊဲေျပာင္းေပးအပ္ခဲ့ၾကသည္။

 

Read 248 times
Rate this item
(0 votes)
Tagged under