National Urban Policy ရေးဆွဲခြင်းကို UN-Habitat တို့ ပူးပေါင်းပြီး ကိုရီးယားနိုင်ငံအထောက်အပံ့ဖြင့် ဆောင်ရွက်မည်

National Urban Policy ရေးဆွဲခြင်းကို UN-Habitat တို့ ပူးပေါင်းပြီး ကိုရီးယားနိုင်ငံအထောက်အပံ့ဖြင့် ဆောင်ရွက်မည် Ministry of information

ကမ္ဘာ့နိုင်ငံအသီးသီးတွင် Habitat III ညီလာခံမှ သဘောတူညီခဲ့သည့် New Urban Agenda လုပ်ငန်းစဉ်အရ National Urban Policy ရေးဆွဲခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အမျိုးသား မြို့ပြ မူဝါဒချမှတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် UN-Habitat တို့ ပူးပေါင်းပြီး New Urban Agenda လုပ်ငန်းစဉ်အရ National Urban Policy ရေးဆွဲခြင်းကို National Urban Policy Program (NUPP) အစီအစဉ် (၂၀၁၇-၂၀၂၀) ကို ကိုရီးယားနိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။

 

 

မြန်မာနိုင်ငံ၏ အမျိုးသားမြို့ပြမူဝါဒကိုအစိုးရမှ ဦးဆောင်၍ ချမှတ် အကောင်အထည်ဖော်သွားနိုင်ရန်အတွက် အမျိုးသားမြို့ပြမူဝါဒရေးဆွဲရေးကော်မတီ (National Urban Committee- NUC ) ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၁၉ ဖြင့် အဖွဲ့ဝင် (၂၄) ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

 

 

National Urban Committee ဖွဲ့စည်းရေးအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇွန်လက ကျင်းပခဲ့ပြီးအမျိုးသားမူဝါဒချမှတ်ရေးလုပ်ငန်းစဉ်များကိုမိတ်ဆက်ပေးခဲ့ပြီးဖြစ်သည်။

 

 

National Urban Policy ချမှတ်ရေးလုပ်ငန်းစဉ်အရ Consultation Workshop (၃) ကြိမ် နှင့် National Urban Policy Forum ကြီးကိုလည်း ၂၀၁၈-၂၀၁၉ ခုနှစ်များမှာကျင်းပပြုလုပ်ခဲ့သည်။

 

 

NUC ကော်မတီ အဖွဲ့ဝင်များအနေနဲ့လည်းအဆိုပါ Workshop နဲ့ NUP Forum တွေမှာ ပါဝင်ဆွေးနွေးခဲ့ပြီးအဓိကအားဖြင့် မြို့ပြမူဝါဒချမှတ်ရေးကဏ္ဍ(၈)ခုအပေါ်မှာဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 

ထိုဆွေးနွေးပွဲများမှ ပေါ်ထွက်လာသည့် မြန်မာနိုင်ငံ၏ National Urban Policy ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ (၈)ရက်မှ (၁၃) ရက်အထိ UAE နိုင်ငံ အဘူဒါဘီ၌ ကျင်းပမည့် World UrbanForum – WUF 10 တွင် ဆွေးနွေးမည် ဖြစ်ပြီး OECD. UN-Habitat အဖွဲ့အစည်းများနှင့်လည်း NUP နှင့် စပ်လျဉ်းသည့် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်း က အမျိုးသားမြို့ပြမူဝါဒ ညီလာခံမှ ရလဒ်များ၊ National Urban Policy အကောင်အထည်ဖော်ရာတွင် ဦးစားပေး နယ်ပယ် ဧရိယာ (၈) ခု နှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ အစည်းအဝေးပွဲတွင် ရှင်းလင်းပြောကြားသည်။

 

 

အမျိုးသားမြို့ပြမူဝါဒရေးဆွဲရေး ကော်မတီအစည်းအဝေး (၁/၂၀၂၀) ကို မနေ့က မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

ေျမႀကီးေရြ႕လ်ားစက္ လုပ္ငန္းေပါင္း ၄၁ ခုကိုရွာရန္ႏွိပ္ပါ

 

 

---Zawgyi---

 

 

National Urban Policy ေရးဆြဲျခင္းကို UN-Habitat တို႔ ပူးေပါင္းၿပီး ကိုရီးယားႏိုင္ငံအေထာက္အပံ့ျဖင့္ ေဆာင္႐ြက္မည္

 

 

ကမာၻ႔ႏိုင္ငံအသီးသီးတြင္ Habitat III ညီလာခံမွ သေဘာတူညီခဲ့သည့္ New Urban Agenda လုပ္ငန္းစဥ္အရ National Urban Policy ေရးဆြဲျခင္းကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနသကဲ့သို႔ ျမန္မာႏိုင္ငံတြင္လည္း အမ်ိဳးသား ၿမိဳ႕ျပ မူဝါဒခ်မွတ္ႏိုင္ေရးအတြက္ ေဆာင္ရြက္လ်က္ရွိေၾကာင္းသိရသည္။

 

 

ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္အိမ္ရာ ဖြံ႕ၿဖိဳးေရး ဦးစီးဌာနႏွင့္ UN-Habitat တို႔ ပူးေပါင္းၿပီး New Urban Agenda လုပ္ငန္းစဥ္အရ National Urban Policy ေရးဆြဲျခင္းကို National Urban Policy Program (NUPP) အစီအစဥ္ (၂၀၁၇-၂၀၂၀) ကို ကိုရီးယားႏိုင္ငံ၏ အေထာက္အပံ့ျဖင့္ ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း သိရသည္။

 

 

ျမန္မာႏိုင္ငံ၏ အမ်ိဳးသားၿမိဳ႕ျပမူဝါဒကိုအစိုးရမွ ဦးေဆာင္၍ ခ်မွတ္ အေကာင္အထည္ေဖာ္သြားႏိုင္ရန္အတြက္ အမ်ိဳးသားၿမိဳ႕ျပမူဝါဒေရးဆြဲေရးေကာ္မတီ (National Urban Committee- NUC ) ကို ျပည္ေထာင္စုအစိုးရအဖြဲ႕၏ အမိန႔္ေၾကာ္ျငာစာအမွတ္ ၆၂/၂၀၁၉ ျဖင့္ အဖြဲ႕ဝင္ (၂၄) ဦးျဖင့္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။

 

 

National Urban Committee ဖြဲ႕စည္းေရးအစည္းအေဝးကို ၂၀၁၉ ခုႏွစ္၊ ဇြန္လက က်င္းပခဲ့ၿပီးအမ်ိဳးသားမူဝါဒခ်မွတ္ေရးလုပ္ငန္းစဥ္မ်ားကိုမိတ္ဆက္ေပးခဲ့ၿပီးျဖစ္သည္။

 

 

National Urban Policy ခ်မွတ္ေရးလုပ္ငန္းစဥ္အရ Consultation Workshop (၃) ႀကိမ္ ႏွင့္ National Urban Policy Forum ႀကီးကိုလည္း ၂၀၁၈-၂၀၁၉ ခုႏွစ္မ်ားမွာက်င္းပျပဳလုပ္ခဲ့သည္။

 

 

NUC ေကာ္မတီ အဖြဲ႕ဝင္မ်ားအေနနဲ႔လည္းအဆိုပါ Workshop နဲ႔ NUP Forum ေတြမွာ ပါဝင္ေဆြးေႏြးခဲ့ၿပီးအဓိကအားျဖင့္ ၿမိဳ႕ျပမူဝါဒခ်မွတ္ေရးက႑(၈)ခုအေပၚမွာေဆြးေႏြးေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

 

 

ထိုေဆြးေႏြးပြဲမ်ားမွ ေပၚထြက္လာသည့္ ျမန္မာႏိုင္ငံ၏ National Urban Policy ကို ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီ (၈)ရက္မွ (၁၃) ရက္အထိ UAE ႏိုင္ငံ အဘူဒါဘီ၌ က်င္းပမည့္ World UrbanForum – WUF 10 တြင္ ေဆြးေႏြးမည္ ျဖစ္ၿပီး OECD. UN-Habitat အဖြဲ႕အစည္းမ်ားႏွင့္လည္း NUP ႏွင့္ စပ္လ်ဥ္းသည့္ ေတြ႕ဆုံေဆြးေႏြးပြဲမ်ား က်င္းပမည္ျဖစ္ပါေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္က ေျပာၾကားသည္။

 

 

ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာ ေက်ာ္လင္း က အမ်ိဳးသားၿမိဳ႕ျပမူဝါဒ ညီလာခံမွ ရလဒ္မ်ား၊ National Urban Policy အေကာင္အထည္ေဖာ္ရာတြင္ ဦးစားေပး နယ္ပယ္ ဧရိယာ (၈) ခု ႏွင့္ ေရွ႕ဆက္ ေဆာင္႐ြက္မည့္ လုပ္ငန္းစဥ္မ်ား ႏွင့္ပတ္သက္၍ အစည္းအေဝးပြဲတြင္ ရွင္းလင္းေျပာၾကားသည္။

 

 

အမ်ိဳးသားၿမိဳ႕ျပမူဝါဒေရးဆြဲေရး ေကာ္မတီအစည္းအေဝး (၁/၂၀၂၀) ကို မေန႔က မြန္းလြဲ ၁ နာရီခြဲတြင္ ေနျပည္ေတာ္ရွိ ေဆာက္လုပ္ေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ က်င္းပခဲ့ေၾကာင္း သိရသည္။

 

Read 254 times
Rate this item
(0 votes)
Tagged under