၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုလိုငွေမှာ ယခင်ကထက် ပိုမိုမြင့်တက်လာနိုင်

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုလိုငွေမှာ ယခင်ကထက် ပိုမိုမြင့်တက်လာနိုင် google


ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးကဏ္ဍများနှင့် ဆက်စပ်ပြီး ရင်းနှီးကုန်စည်များနှင့် လုပ်ငန်းသုံးကုန်ကြမ်းများ ပိုမိုတင်သွင်းရခြင်းကြောင့်

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုလိုငွေမှာ ယခင်ကထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များအရ

 

သိရသည်။

 

ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုတိုးမြှင့်မည်ဖြစ်ပြီး ကုဗပေသန်းပေါင်း ၁၇၇၇ ရရှိရန် လျာထား

 


ဆောက်လုပ်မှုကဏ္ဍတွင် ရန်ကုန်မိုးပျံလမ်းမကြီး တည်ဆောက်ခြင်း၊ သံတွဲလေဆိပ်၊ နိုင်ငံတကာနှင့် ဆက်သွယ်သောလမ်းများ၊ ပြည်ထောင်စုလမ်းများ၊

 

 

ခရိုင်ချင်းဆက်လမ်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လမ်းများအား အဆင့်မြှင့်တင်ခြင်း၊ အသစ်ဖောက်လုပ်ခြင်းနှင့် တန်ဖိုးနည်းအိမ်ရာများ၊ တန်ဖိုးသင့်အိမ်ရာများ၊

 

 

အဌားအိမ်ရာ စီမံကိန်းများ ဆောင်ရွက်ရန် လျာထားသည်ဟု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံးခန့် မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

 

 


အဆိုပါအချက်အလက်များတွင် မြန်မာနိုင်ငံ၏ လာမည့်ဘဏ္ဍာနှစ်အတွင်း စီးပွားရေးအခြေအနေများကို ခန့်မှန်းဖော်ပြထားပြီး ကုန်သွယ်မှုလိုငွေမှာ

 

 

ယခင်ကထက်ပိုမို မြင့်တက်လာနိုင်ကြောင်း ခန့်မှန်း သုံးသပ်ထားခြင်းဖြစ်သည်။

 

အရည်အသွေးပြည့်မီခြင်းမရှိသည့် မြောင်းမြ-ပြင်ရွာကားလမ်းအား တည်ဆောက်ကုမ္ပဏီကို အရေးယူမည်

 

 


အဆိုပါ ခန့်မှန်းချက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ ခုနစ်ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး ကဏ္ဍအလိုက် စီးပွားရေးလုပ်ငန်းများအနက်

 

 

စက်မှုကဏ္ဍကြီးမှာ ဖွံ့ဖြိုးတိုးတက်မှုအများဆုံးအဖြစ် ခန့်မှန်းထားသည်။

 

 


စက်မှုကဏ္ဍ တိုးတက်မှုအဖြစ် ခန့်မှန်းချက်များတွင် တိုယိုတာကားကုမ္ပဏီမှ ပြည်တွင်းထုတ်လုပ်တပ်ဆင်ရန် လျာထားချက်များရှိနေခြင်း၊ အထည်ချုပ်လုပ်ငန်းနှင့်

 

 

 

အသေးစားလုပ်ငန်းများမှ ထုတ်လုပ်မှု တိုးတက်လာနိုင်ခြင်း၊ နိုင်ငံပိုင်စက်ရုံများကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်၍

 

 

ပြည်တွင်းလုပ်ငန်းရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိခြင်း၊

 

 

ကမ်းလွန်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုများ တိုးတက်ရန် လျာထားခြင်းတို့ကြောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။

 

 

Myanmar Builders Guide

 

 

၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္တြင္ ကုန္သြယ္မႈလိုေငြမွာ ယခင္ကထက္ ပိုမိုျမင့္တက္လာႏိုင္

 


ေဆာက္လုပ္ေရးႏွင့္ ပို႔ေဆာင္ေရးက႑မ်ားႏွင့္ ဆက္စပ္ၿပီး ရင္းႏွီးကုန္စည္မ်ားႏွင့္ လုပ္ငန္းသုံးကုန္ၾကမ္းမ်ား ပိုမိုတင္သြင္းရျခင္းေၾကာင့္ ၂၀၁၉-၂၀၂၀

 

 

ဘ႑ာေရးႏွစ္တြင္ ကုန္သြယ္မႈလိုေငြမွာ ယခင္ကထက္ ပိုမိုျမင့္တက္လာႏိုင္ေၾကာင္း အရအသုံးခန႔္မွန္းေျခ ေငြစာရင္းဆိုင္ရာ အခ်က္အလက္မ်ားအရ သိရသည္။

 

 


ေဆာက္လုပ္မႈက႑တြင္ ရန္ကုန္မိုးပ်ံလမ္းမႀကီး တည္ေဆာက္ျခင္း၊ သံတြဲေလဆိပ္၊ ႏိုင္ငံတကာႏွင့္ ဆက္သြယ္ေသာလမ္းမ်ား၊ ျပည္ေထာင္စုလမ္းမ်ား၊ ခ႐ိုင္ခ်င္းဆက္လမ္းမ်ား၊

 

 

ေက်းလက္ေဒသဖြံ႕ၿဖိဳးေရး လမ္းမ်ားအား အဆင့္ျမႇင့္တင္ျခင္း၊ အသစ္ေဖာက္လုပ္ျခင္းႏွင့္ တန္ဖိုးနည္းအိမ္ရာမ်ား၊ တန္ဖိုးသင့္အိမ္ရာမ်ား၊ အဌားအိမ္ရာ စီမံကိန္းမ်ား

 

 

ေဆာင္႐ြက္ရန္ လ်ာထားသည္ဟု ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္ အရအသုံးခန႔္ မွန္းေျခေငြစာရင္းဆိုင္ရာ အခ်က္အလက္မ်ားအရ သိရသည္။

 

 


အဆိုပါအခ်က္အလက္မ်ားတြင္ ျမန္မာႏိုင္ငံ၏ လာမည့္ဘ႑ာႏွစ္အတြင္း စီးပြားေရးအေျခအေနမ်ားကို ခန႔္မွန္းေဖာ္ျပထားၿပီး ကုန္သြယ္မႈလိုေငြမွာ

 

 

ယခင္ကထက္ပိုမို ျမင့္တက္လာႏိုင္ေၾကာင္း ခန႔္မွန္း သုံးသပ္ထားျခင္းျဖစ္သည္။

 

 


အဆိုပါ ခန႔္မွန္းခ်က္တြင္ ျမန္မာႏိုင္ငံ၏ စီးပြားေရးတိုးတက္မႈႏႈန္းမွာ ခုနစ္ရာခိုင္ႏႈန္းရွိမည္ဟု ခန႔္မွန္းထားၿပီး က႑အလိုက္ စီးပြားေရးလုပ္ငန္းမ်ားအနက္

 

 

စက္မႈက႑ႀကီးမွာ ဖြံ႕ၿဖိဳးတိုးတက္မႈအမ်ားဆုံးအျဖစ္ ခန႔္မွန္းထားသည္။

 

 


စက္မႈက႑ တိုးတက္မႈအျဖစ္ ခန႔္မွန္းခ်က္မ်ားတြင္ တိုယိုတာကားကုမၸဏီမွ ျပည္တြင္းထုတ္လုပ္တပ္ဆင္ရန္ လ်ာထားခ်က္မ်ားရွိေနျခင္း၊ အထည္ခ်ဳပ္လုပ္ငန္းႏွင့္

 

 

အေသးစားလုပ္ငန္းမ်ားမွ ထုတ္လုပ္မႈ တိုးတက္လာႏိုင္ျခင္း၊ ႏိုင္ငံပိုင္စက္႐ုံမ်ားကို အစိုးရ-ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မႈ လုပ္ငန္းစဥ္ျဖင့္ ေဆာင္႐ြက္၍ ျပည္တြင္းလုပ္ငန္းရွင္မ်ား၊

 

 

ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းၿပီး အရည္အေသြးျမင့္ ထုတ္ကုန္မ်ား ထုတ္လုပ္ႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိျခင္း၊ ကမ္းလြန္သဘာဝဓာတ္ေငြ႕ ထုတ္လုပ္မႈမ်ား တိုးတက္ရန္

 

 

လ်ာထားျခင္းတို႔ေၾကာင့္ျဖစ္သည္ဟု ေဖာ္ျပထားသည္။

Read 544 times
Rate this item
(0 votes)