ကိုရီးယားသမၼတ ႏိုင္ငံက လွ်ပ္စစ္လုပ္ငန္းအတြက္ ေဒၚလာ ၃၅ သန္းေက်ာ္ ရင္းႏွီးျမဳပ္ႏွံ

ကိုရီးယားသမၼတ ႏိုင္ငံက လွ်ပ္စစ္လုပ္ငန္းအတြက္ ေဒၚလာ ၃၅ သန္းေက်ာ္ ရင္းႏွီးျမဳပ္ႏွံ google

 

ကိုရီးယားႏိုင္ငံမွ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရာင္းခ်ရန္အတြက္ အေမရိကန္ ေဒၚလာ ၃၅သန္းေက်ာ္ ရင္းႏွီးျမဳပ္ႏွံမည္ျဖစ္ေၾကာင္း ညႊန္ၾကားေရး ဦးစီးဌာန မွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန္႔လြင္မွေျပာၾကားခဲ့ပါသည္။

 

ကိုရီးယားႏိုင္ငံ အေျခစိုက္ MCM Power Company မွ သဘာဝဓာတ္ေငြ႕သံုး ဓာတ္အားေပးစက္ရံု တည္ေဆာက္၍ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရာင္းခ်ျခင္းမ်ားကို ပဲခူးတိုင္းေဒသႀကီး ျပည္ၿမိဳ႕နယ္ ေရႊေတာင္ေက်းရြာရွိ

ေရႊေတာင္ဓာတ္အားေပးစက္ရံုတြင္ IPP (BOT) စနစ္ျဖင့္မဂၢါဝပ္ ၄ဝ ထုတ္လုပ္မည္ ျဖစ္ေၾကာင္းသိရပါသည္။

"လွ်ပ္စစ္ က႑မွာ အခုေနာက္ဆံုးခြင့္ျပဳတာကေတာ့ ျပည္ၿမိဳ႕နယ္ ေရႊေတာင္စက္မႈဇုန္မွာရွိတဲ့ ဂတ္စ္တာဝါတိုင္ ျဖစ္ပါတယ္။ မဂၢါဝပ္ ၄ဝ ထုတ္လုပ္တာျဖစ္ပါတယ္။

ကိုရီးယားႏိုင္ငံ၏ ရင္းႏွီးျမဳပ္ႏွံမႈပါပါတယ္။ ဆက္လက္ၿပီးေတာ့လည္း လွ်ပ္စစ္က႑မွာ ျမန္မာႏိုင္ငံ၏ ေကာ္မရွင္ကို ဆက္လက္ၿပီးတင္ျပဦးမယ့္ ပေရာဂ်က္ေတြ ရွိပါေသးတယ္" ဟု ဦးသန္႔စင္လြင္က ေျပာၾကားခဲ့ပါသည္။

 

ထို႔ျပင္ လွ်ပ္စစ္က႑တြင္ ရင္းႏွီးျမဳပ္ႏွွံရန္ ႏိုင္ငံတကာ ကုမၸဏီမ်ား စိတ္ဝင္စားလ်က္ရွိၿပီး ထိုႏိုင္ငံမ်ားမွာ ေဟာင္ေကာင္၊ စကၤာပူႏွင့္ တရုတ္ႏိုင္ငံတို့ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါသည္။

 

ေဟာင္ေကာင္၊ စကၤာပူႏွင့္ တရုတ္ႏိုင္ငံေတြက လွ်ပ္စစ္နဲ႔ ပတ္သက္တာေတြရွိၿပီးသား တာဘိုင္စက္ေတြကို အဆင့္ျမင့္စက္ေတြနဲ႔ လဲလွယ္ၿပီးေတာ့မွ လွ်ပ္စစ္အားပိုထြက္ေအာင္ ယခင္မဂၢါဝပ္ ၂၀ ထြက္တယ္။

သံုးတဲ့ ကုဗေပယူနစ္က ဒီေလာက္ပဲ။ ဒါေပမယ့္ ခုစက္ႀကီးေျပာင္းလဲၿပီး တပ္ဆင္လိုက္မယ္ဆိုရင္ လွ်ပ္စစ္က ႏွစ္ဆ၊ သံုးဆ ေလာက္ ပိုထြက္လာမည္" ဟု ဦးသန္႔လြင္က ေျပာသည္။

 

လက္ရွိ လွ်ပ္စစ္က႑တြင္ ၁၉၈၈-၁၉၈၉ ဘ႑ာခုႏွစ္မွ ၂ဝ၁၉-၂ဝ၂ဝ ဘ႑ာခုႏွစ္ ႏိုဝင္ဘာလအထိ ရင္ႏွီးျမဳပ္ႏွံလုပ္ငန္းေပါင္း ၂၁ခုမွ ရင္းႏွီးျမဳပ္ႏွံမႈပမာဏ အေမရိကန္ ေဒၚလာ ၁၅၆၂၃ ဒသမ ၆၇သန္း ဝင္ေရာက္ထားေၾကာင္း

ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ညႊန္ၾကားေရးဦးစီးဌာန၏ စာရင္းမ်ားအရ သိရသည္။

Myanmar Builders Guide

Unicode

ကိုရီးယားသမ္မတ နိုင်ငံက လျှပ်စစ်လုပ်ငန်းအတွက် ဒေါ်လာ ၃၅ သန်းကျော် ရင်းနှီးမြုပ်နှံ

 

ကိုရီးယားနိုင်ငံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချရန်အတွက် အမေရိကန် ဒေါ်လာ ၃၅သန်းကျော် ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း ညွှန်ကြားရေး ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်မှပြောကြားခဲ့ပါသည်။

 

ကိုရီးယားနိုင်ငံ အခြေစိုက် MCM Power Company မှ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းများကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ရွှေတောင်ကျေးရွာရှိ

ရွှေတောင်ဓာတ်အားပေးစက်ရုံတွင် IPP (BOT) စနစ်ဖြင့်မဂ္ဂါဝပ် ၄ဝ ထုတ်လုပ်မည် ဖြစ်ကြောင်းသိရပါသည်။

"လျှပ်စစ် ကဏ္ဍမှာ အခုနောက်ဆုံးခွင့်ပြုတာကတော့ ပြည်မြို့နယ် ရွှေတောင်စက်မှုဇုန်မှာရှိတဲ့ ဂတ်စ်တာဝါတိုင် ဖြစ်ပါတယ်။ မဂ္ဂါဝပ် ၄ဝ ထုတ်လုပ်တာဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုပါပါတယ်။ ဆက်လက်ပြီးတော့လည်း လျှပ်စစ်ကဏ္ဍမှာ မြန်မာနိုင်ငံ၏ ကော်မရှင်ကို ဆက်လက်ပြီးတင်ပြဦးမယ့် ပရောဂျက်တွေ ရှိပါသေးတယ်" ဟု ဦးသန့်စင်လွင်က ပြောကြားခဲ့ပါသည်။

 

ထို့ပြင် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြုပ်နှံရန် နိုင်ငံတကာ ကုမ္ပဏီများ စိတ်ဝင်စားလျက်ရှိပြီး ထိုနိုင်ငံများမှာ ဟောင်ကောင်၊ စင်္ကာပူနှင့် တရုတ်နိုင်ငံတို့ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

ဟောင်ကောင်၊ စင်္ကာပူနှင့် တရုတ်နိုင်ငံတွေက လျှပ်စစ်နဲ့ ပတ်သက်တာတွေရှိပြီးသား တာဘိုင်စက်တွေကို အဆင့်မြင့်စက်တွေနဲ့ လဲလှယ်ပြီးတော့မှ လျှပ်စစ်အားပိုထွက်အောင် ယခင်မဂ္ဂါဝပ် ၂၀ ထွက်တယ်။

သုံးတဲ့ ကုဗပေယူနစ်က ဒီလောက်ပဲ။ ဒါပေမယ့် ခုစက်ကြီးပြောင်းလဲပြီး တပ်ဆင်လိုက်မယ်ဆိုရင် လျှပ်စစ်က နှစ်ဆ၊ သုံးဆ လောက် ပိုထွက်လာမည်" ဟု ဦးသန့်လွင်က ပြောသည်။

 

လက်ရှိ လျှပ်စစ်ကဏ္ဍတွင် ၁၉၈၈-၁၉၈၉ ဘဏ္ဍာခုနှစ်မှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာခုနှစ် နိုဝင်ဘာလအထိ ရင်နှီးမြုပ်နှံလုပ်ငန်းပေါင်း ၂၁ခုမှ ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၁၅၆၂၃ ဒသမ ၆၇သန်း ဝင်ရောက်ထားကြောင်း

ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

Read 496 times
Rate this item
(0 votes)
Tagged under

Related items