လာမည့္ေလးႏွစ္အတြင္း ကမာၻ႔ဘဏ္က ျမန္မာျပည္တြင္ ဖြံ႕ၿဖိဳးေရးရန္ပုံေငြအျဖစ္ ကန္ေဒၚလာ (၂) ဘီလီယံ အသုံးျပဳရန္ လ်ာထား

လာမည့္ေလးႏွစ္အတြင္း ကမာၻ႔ဘဏ္က ျမန္မာျပည္တြင္ ဖြံ႕ၿဖိဳးေရးရန္ပုံေငြအျဖစ္ ကန္ေဒၚလာ (၂) ဘီလီယံ အသုံးျပဳရန္ လ်ာထား google


လာမည့္ေလးႏွစ္အတြင္း ျမန္မာႏိုင္ငံအတြက္ ဖြံ႕ၿဖိဳးေရးရန္ပုံေငြအျဖစ္ ကမာၻ႔ဘဏ္မွ အေမရိကန္ေဒၚလာ (၂) ဘီလီယံအထိ အသုံးျပဳႏိုင္ရန္ လ်ာထားတယ္လို႔

 

ကမာၻ႔ဘဏ္ ျမန္မာႏိုင္ငံ႐ုံး၏ သတင္းျပန္ၾကားေရးတာဝန္ခံ ဦးေက်ာ္စိုးလင္းက ေျပာၾကားခ်က္အရ သိရပါတယ္။

 

ကမၻ့ာဘဏ္အုပ္စုက ၂၀၁၉ - ၂၀၂၃ ခုႏွစ္ ေလးႏွစ္အတြင္း ျမန္မာႏိုင္ငံတြင္ ေဆာင္႐ြက္မည့္လုပ္ငန္းစဥ္မ်ား ႏွင့္ စပ္လ်ဥ္း၍ မဟာဗ်ဴဟာတစ္ရပ္ကို ေရးဆြဲရာတြင္

 

အဆိုပါရန္ပုံေငြကို ထည့္သြင္းထားျခင္းျဖစ္ပါတယ္။

 

 

“ကမာၻ႔ဘဏ္အဖြဲ႕ဝင္ႏိုင္ငံေတြအတြက္ ဖြံ႕ၿဖိဳးေရးရန္ပုံေငြအျဖစ္ ဘယ္ေရာက္ရယူခြင့္ရွိတယ္ဆိုတာကို သုံးႏွစ္တစ္ ခါ ဆုံးျဖတ္ပါတယ္၊ ဒါေပမယ့္ ေခ်းေငြျဖစ္တဲ့အတြက္

 

ဘယ္ေလာက္ယူမယ္ဆိုတာကေတာ့ ဖြံ႕ၿဖိဳးေရး လိုအပ္ခ်က္ အေပၚ မူတည္ၿပီး သက္ဆိုင္တဲ့ အစိုးရက ဆုံးျဖစ္ရတာပါ”လို႔ ဦးေက်ာ္စိုးလင္းက ေျပာပါတယ္။

 

ဒီဇင္ဘာလ (၉) ရက္က မဂၤလာမႏၲေလး Pullman Hotel မွာ က်င္းပခဲ့တဲ့ မႏၲေလးၿမိဳ႕အတြက္ မဟာဗ်ဴဟာေရး ဆြဲျခင္း အႀကံျပဳေဆြးေႏြးပြဲတြင္ ဦးေက်ာ္စိုးလင္းက

 

ယင္းသို႔ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

 

 

အႀကံျပဳေဆြးေႏြးပြဲမွာ ကမာၻ႔ဘဏ္က လာမည့္ေလးႏွစ္အတြင္း ျမန္မာႏိုင္ငံ၌ျပဳလုပ္မည့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားႏွင့္ ပတ္သက္ၿပီး မႏၲေလးၿမိဳ႕ရွိ အစိုးရ၊

 

လြတ္ေတာ္ကိုယ္စားလွယ္မ်ား၊ အရပ္ဖက္အဖြဲ႕အစည္းမ်ား၊ စီးပြားေရးလုပ္ငန္း ရွင္မ်ားစသည့္ အဖြဲ႕အစည္းအသီးသီးမွ တာဝန္ရွိသူမ်ား၏ အႀကံဉာဏ္ကို

 

ရယူသြားမယ္လို႔ သိရပါတယ္။

 

 

ကမာၻ႔ဘဏ္၏ ျမန္မာႏိုင္ငံဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးမဟာဗ်ဴဟာကို ေရးဆြဲရာတြင္ ကမာၻ႔ဘဏ္အေနျဖင့္ ကိုယ္ပိုင္ေလ့လာဆန္းစစ္မႈမ်ားအေပၚ အေျခခံကာ

 

မည္ကဲ့သို႔ ေဆာင္႐ြက္သြားမည္ကို အဆိုျပဳထားသည့္ က႑ မ်ားအေပၚ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ား၏ အႀကံဉာဏ္မ်ားကို ရယူရန္အတြက္ တိုင္းႏွင့္ ျပည္နယ္အသီးသီး၌

 

အႀကံဉာဏ္ရယူသည့္ ေဆြးေႏြးပြဲမ်ား ျပဳလုပ္လ်က္ရွိပါတယ္။

 

 

ကမာၻ႔ဘဏ္အေနျဖင့္ အႀကံျပဳေဆြးေႏြးပြဲမ်ားကို ရန္ကုန္၊ ေနျပည္ေတာ္၊ ပုသိမ္၊ ရခိုင္ျပည္နယ္မ်ားတြင္ ျပဳလုပ္ခဲ့ၿပီး ေတာင္ႀကီး၊ မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္မ်ားတြင္

 

 

ဆက္လက္ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

 

ျမန္မာႏိုင္ငံ၏ ဖြံ႕ၿဖိဳးေရးႏွင့္ပတ္သက္၍ ဆင္းရဲႏြမ္းပါးမႈတိုက္ဖ်က္ေရး၊ စီးပြားေရးအခြင့္အလွမ္းမ်ား ေဖာ္ေဆာင္ ႏိုင္ေရးလုပ္ငန္းမ်ား၌ မည္သည့္က႑က အေရးႀကီးသည္ကို

 

 ေလ့လာဆန္းစစ္မႈမ်ား ျပဳလုပ္ကာအဆိုျပဳထားသည့္ က႑ (၃)ခုအတြက္ ပံ့ပိုးကူညီသြားမယ္လို႔ သိရပါတယ္။

 

 

ယင္းက႑ (၃)ခုမွာ လူသားအရင္းအျမစ္မ်ားတည္ေထာင္ျခင္းႏွင့္ ၿငိမ္းခ်မ္းမႈရွိေသာ လူမႈ႕ပတ္ဝန္းက်င္အားျမႇင့္ တင္ျခင္း၊ တာဝန္ယူမႈရွိေသာ ပုဂၢလိကက႑မွ ဦးေဆာင္သည့္

 

တိုးတက္မႈႏွင့္ လူတိုင္းပါဝင္ႏိုင္စြမ္းရွိသည့္ စီးပြား ေရးအခြင့္အလမ္းမ်ားျမႇင့္တင္ျခင္း၊ ရာသီဥတုႏွင့္ ေဘးအႏၲရာယ္ဒဏ္ခံႏိုင္၍ ေရရွည္တည္ၿမဲသည့္ သဘာဝအရင္း

 

 

အျမစ္မ်ားႏွင့္ ပတ္ဝန္းက်င္ဆိုင္ရာ စီမံခန႔္ခြဲမႈမ်ားျမင့္တင္ေပးျခင္းတို႔ျဖစ္တယ္လို႔ သိရပါတယ္။

 

 


“က႑သုံးခုနဲ႔ပတ္သက္ၿပီး အဓိကအဆိုျပဳထားတာက ျမန္မာႏိုင္ငံက ပဋိပကၡေတြျဖစ္တဲ့ေဒသေတြရွိတယ္၊ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံေနထိုင္တဲ့တိုင္းျပည္ျဖစ္ေတာ့

 

ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြေဆာင္႐ြက္တဲ့အခါမည္သူတစ္ဦး တစ္ေယာက္မွ မက်န္ေအာင္ ဖြံ႕ၿဖိဳးေရးျဖစ္ဖို႔အတြက္ အဆိုျပဳထားတဲ့ က႑သုံးခုစလုံးမွာ ထည့္ထားပါတယ္”လို႔

 

ဦးေက်ာ္စိုးလင္းက ေျပာပါတယ္။

 

 

ကမာၻ႔ဘဏ္အုပ္စုသည္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာ၌ ႏိုင္ငံေတာ္အစိုးရ၏ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား အား နည္းပညာႏွင့္ ဘ႑ာေရးအကူအညီေပး

 

 

သည့္အဖြဲ႕အစည္းျဖစ္တယ္လို႔ သိရပါတယ္။

 

Source- BE TV

 

Myanmar Builders Guide

 

 


လာမည့်လေးနှစ်အတွင်း မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ (၂) ဘီလီယံအထိ အသုံးပြုနိုင်ရန် လျာထားတယ်လို့

 

 

ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံရုံး၏ သတင်းပြန်ကြားရေးတာဝန်ခံ ဦးကျော်စိုးလင်းက ပြောကြားချက်အရ သိရပါတယ်။

 

 

ကမ္ဘ့ာဘဏ်အုပ်စုက ၂၀၁၉ - ၂၀၂၃ ခုနှစ် လေးနှစ်အတွင်း မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ နှင့် စပ်လျဉ်း၍ မဟာဗျူဟာတစ်ရပ်ကို

 

ရေးဆွဲရာတွင် အဆိုပါရန်ပုံငွေကို ထည့်သွင်းထားခြင်းဖြစ်ပါတယ်။

 

 

“ကမ္ဘာ့ဘဏ်အဖွဲ့ဝင်နိုင်ငံတွေအတွက် ဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ဘယ်ရောက်ရယူခွင့်ရှိတယ်ဆိုတာကို သုံးနှစ်တစ် ခါ ဆုံးဖြတ်ပါတယ်၊ ဒါပေမယ့် ချေးငွေဖြစ်တဲ့အတွက်

 

ဘယ်လောက်ယူမယ်ဆိုတာကတော့ ဖွံ့ဖြိုးရေး လိုအပ်ချက် အပေါ် မူတည်ပြီး သက်ဆိုင်တဲ့ အစိုးရက ဆုံးဖြစ်ရတာပါ”လို့ ဦးကျော်စိုးလင်းက ပြောပါတယ်။

 

 

ဒီဇင်ဘာလ (၉) ရက်က မင်္ဂလာမန္တလေး Pullman Hotel မှာ ကျင်းပခဲ့တဲ့ မန္တလေးမြို့အတွက် မဟာဗျူဟာရေး ဆွဲခြင်း အကြံပြုဆွေးနွေးပွဲတွင် ဦးကျော်စိုးလင်းက

 

ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 

 

အကြံပြုဆွေးနွေးပွဲမှာ ကမ္ဘာ့ဘဏ်က လာမည့်လေးနှစ်အတွင်း မြန်မာနိုင်ငံ၌ပြုလုပ်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး မန္တလေးမြို့ရှိ အစိုးရ၊

 

လွတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်း ရှင်များစသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၏ အကြံဉာဏ်ကို ရယူသွားမယ်လို့

 

သိရပါတယ်။

 

 

ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမဟာဗျူဟာကို ရေးဆွဲရာတွင် ကမ္ဘာ့ဘဏ်အနေဖြင့် ကိုယ်ပိုင်လေ့လာဆန်းစစ်မှုများအပေါ် အခြေခံကာ

 

မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို အဆိုပြုထားသည့် ကဏ္ဍ များအပေါ် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အကြံဉာဏ်များကို ရယူရန်အတွက်

 

တိုင်းနှင့် ပြည်နယ်အသီးသီး၌ အကြံဉာဏ်ရယူသည့် ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပါတယ်။

 

ကမ္ဘာ့ဘဏ်အနေဖြင့် အကြံပြုဆွေးနွေးပွဲများကို ရန်ကုန်၊ နေပြည်တော်၊ ပုသိမ်၊ ရခိုင်ပြည်နယ်များတွင် ပြုလုပ်ခဲ့ပြီး တောင်ကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များတွင်

 

ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ စီးပွားရေးအခွင့်အလှမ်းများ ဖော်ဆောင် နိုင်ရေးလုပ်ငန်းများ၌ မည်သည့်ကဏ္ဍက အရေးကြီးသည်ကို

 

လေ့လာဆန်းစစ်မှုများ ပြုလုပ်ကာအဆိုပြုထားသည့် ကဏ္ဍ (၃)ခုအတွက် ပံ့ပိုးကူညီသွားမယ်လို့ သိရပါတယ်။

 

 

ယင်းကဏ္ဍ (၃)ခုမှာ လူသားအရင်းအမြစ်များတည်ထောင်ခြင်းနှင့် ငြိမ်းချမ်းမှုရှိသော လူမှု့ပတ်ဝန်းကျင်အားမြှင့် တင်ခြင်း၊ တာဝန်ယူမှုရှိသော ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်

 

သည့် တိုးတက်မှုနှင့် လူတိုင်းပါဝင်နိုင်စွမ်းရှိသည့် စီးပွား ရေးအခွင့်အလမ်းများမြှင့်တင်ခြင်း၊ ရာသီဥတုနှင့် ဘေးအန္တရာယ်ဒဏ်ခံနိုင်၍ ရေရှည်တည်မြဲသည့်

 

သဘာဝအရင်း အမြစ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုများမြင့်တင်ပေးခြင်းတို့ဖြစ်တယ်လို့ သိရပါတယ်။

 


“ကဏ္ဍသုံးခုနဲ့ပတ်သက်ပြီး အဓိကအဆိုပြုထားတာက မြန်မာနိုင်ငံက ပဋိပက္ခတွေဖြစ်တဲ့ဒေသတွေရှိတယ်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်တဲ့တိုင်းပြည်ဖြစ်တော့

 

ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမည်သူတစ်ဦး တစ်ယောက်မှ မကျန်အောင် ဖွံ့ဖြိုးရေးဖြစ်ဖို့အတွက် အဆိုပြုထားတဲ့ ကဏ္ဍသုံးခုစလုံးမှာ ထည့်ထားပါတယ်”လို့

 

ဦးကျော်စိုးလင်းက ပြောပါတယ်။

 

ကမ္ဘာ့ဘဏ်အုပ်စုသည် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ နိုင်ငံတော်အစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများ အား နည်းပညာနှင့် ဘဏ္ဍာရေးအကူအညီပေးသည့်အဖွဲ့

 

အစည်းဖြစ်တယ်လို့ သိရပါတယ်။

Read 701 times
Rate this item
(0 votes)