အာရှအိမ်ခြံမြေဆုပေးပွဲတွင် မြန်မာနိုင်ငံက ပထမဆုံး ဒေသဆိုင်ရာခေါင်းစဉ်ဆုရရှိခဲ့

အာရှအိမ်ခြံမြေဆုပေးပွဲတွင် မြန်မာနိုင်ငံက ပထမဆုံး ဒေသဆိုင်ရာခေါင်းစဉ်ဆုရရှိခဲ့ PropertyGuru

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယခုလ ၂၂ရက်၌ ကျင်းပသော ၁၄ ကြိမ်မြောက် PropertyGuru အာရှ အိမ်ခြံမြေ ဆုပေးပွဲအခမ်းအနားတွင် Yangon Excelsior သည် မြန်မာနိုင်ငံ၏ ပထမဆုံး ဒေသဆိုင်ရာ ခေါင်းစဉ်ဆုကို ရရှိခဲ့ကြောင်း သိရသည်။

 

အာရှအိမ်ခြံမြေ ဆုပေးပွဲအခမ်းအနား အစီအစဉ်ကို လွန်ခဲ့သော ၅ နှစ်တွင် စတင်ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် မြန်မာနိုင်ငံသည် ပထမဆုံးအကြိမ်ဖြင့် “Best Hotel Interior Design (အာရှ)” ဒေသဆိုင်ရာ ခေါင်းစဉ်ဆုကို Yangon Excelsior Hotel မှလက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

 

“မြန်မာနိုင်ငံအတွက် အခုလို ဂုဏ်သတင်းကြီးတဲ့ ဒေသဆိုင်ရာဆုရရှိတဲ့အတွက် ကျွနု်ပ်တို့အရမ်းဝမ်း သာပါတယ်။ မြန်မာနိုင်ငံရဲ့ ထူးချွန်တဲ့ အိမ်ခြံမြေဖွံံ့ဖြိုးတိုးတက်မှုတွေကိုနိုင်ငံတကာမှ ဖော်ပြခွင့်ရတဲ့အတွက်လည်း အရမ်းကို ဂုဏ်ယူပါ တယ်။ အခြားဆောက်လုပ်သူများကိုလည်း လာမယ့်နှစ်တွေမှာ အသိအမှတ်ပြုခံရဖို့ အကောင်းဆုံးဆက်လုပ် သွားကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု Yangon Excelsior ဟိုတယ်၏ အထွေထွေမန်နေဂျာ Mr. Philippe Arnaud က ပြောသည်။

 

 

၂၀၁၉ ခုနှစ် PropertyGuru Asia Property Awards’ ဆုပေးပွဲ၌ ဆန်ခါတင်ဆုရရှိသူ ၁၅၀ ခန့်သည် ၎င်းတို့၏အကောင်းဆုံး လုပ်ဆောင်ချက်များကို ပြသကာ နောက်ဆုံးဆုပေးပွဲတွင် “အာရှတွင် အကောင်းဆုံး” အဖြစ် အသိအမှတ်ပြုခံရန် အတွက်ဝင်ရောက်ပြိုင်ဆိုင်ခဲ့ကြခြင်းဖြစ်သည်။

 

 

စင်ကာပူနိုင်ငံ၏ ဆောက်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သည့် UOL Group သည် ဒေသအတွင်းရှိ ကုမ္ပဏီ ၉ ခုကိုကျော်ဖြတ်၍“အာရှ၏အကောင်းဆုံး ဆောက်လုပ်သူဆု” ကို အနိုင်ရရှိခဲ့ပြီး နောက်ဆုံးဆုပေးပွဲ တွင်စင်ကာပူနိုင်ငံရှိ စင်ကာပူ၏ ဆောက်လုပ်သူများက ဆုပေါင်း ၇ ခုကိုလည်း လက်ခံရရှိခဲ့ကြောင်း သိရသည်။

 

 

ထို့အပြင် အင်ဒိုနီးရှားနိုင်ငံသည်လည်း နောက်ဆုံးဆုပေးပွဲတွင် ဒေသဆိုင်ရာအတွက် အနိုင်ရရှိသော ဆု ၄ ခုမှအနက် Best Boutique Developer (Asia) ဆုကို Triniti Land ကလက်ခံရရှိခဲ့ပြီးအင်ဒိုနီး ရှားနိုင်ငံ၏ ဆောက်လုပ်သူ ASTRA Property နှင့် Hongkong Land သည် Anandamaya Residences အတွက် ဒေသဆိုင်ရာတွင် လူအများအနှစ် သက်ဆုံးဆု ဖြစ်သော Best Luxury Condo Development (Asia) ဆုကို ရရှိခဲ့ကြောင်း သိရသည်။

 

 

Best CBD Development (Asia) နှင့် Best Township Masterplan Design (Asia) ဂုဏ်ထူးဆောင် ဆုများ အပါအဝင် ဒေသဆိုင်ရာ ဆု ၄ ခုကို ဖီလစ်ပိုင်နိုင်ငံက လက်ခံရရှိခဲ့ကြောင်း၊ဗီယက်နမ်ကလည်း ဒေသဆိုင်ရာ ဆု ၃ ခု နှင့် အများလိုချင်သော ဆုဖြစ်သည့် Best Township Development (Asia) ဆုကို Kien A Corporation မှလက်ခံရရှိခဲ့သည့်အပြင် CapitaLand Vietnam ၏ စီအီအိုးဖြစ် သူChen Lian Pang ကလည်း ၂၀၁၉ ခုနှစ်၏ တစ်နှစ်တာအကောင်း ဆုံးအိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်ဆုကို ရရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှ ဒေသဆိုင်ရာ ဆု ၂ ခုရရှိခဲ့ပြီး ကမ္ဘောဒီး ယား၊ မြန်မာနှင့် မလေးရှား တို့က ဒေသဆိုင်ရာဆု ၁ ခုစီ အသီးသီး ရရှိခဲ့ကြကြောင်းသိရသည်။

 

 

Source-Pyi Myanmar

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

အာရွအိမ္ၿခံေျမဆုေပးပြဲတြင္ ျမန္မာႏိုင္ငံက ပထမဆုံး ေဒသဆိုင္ရာေခါင္းစဥ္ဆုရရွိခဲ့

 

 

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ ယခုလ ၂၂ရက္၌ က်င္းပေသာ ၁၄ ႀကိမ္ေျမာက္ PropertyGuru အာရွ အိမ္ၿခံေျမ ဆုေပးပြဲအခမ္းအနားတြင္ Yangon Excelsior သည္ ျမန္မာႏိုင္ငံ၏ ပထမဆုံး ေဒသဆိုင္ရာ ေခါင္းစဥ္ဆုကို ရရွိခဲ့ေၾကာင္း သိရသည္။

 

 

အာရွအိမ္ၿခံေျမ ဆုေပးပြဲအခမ္းအနား အစီအစဥ္ကို လြန္ခဲ့ေသာ ၅ ႏွစ္တြင္ စတင္ဝင္ေရာက္ယွဥ္ၿပိဳင္ ခဲ့သည့္ ျမန္မာႏိုင္ငံသည္ ပထမဆုံးအႀကိမ္ျဖင့္ “Best Hotel Interior Design (အာရွ)” ေဒသဆိုင္ရာ ေခါင္းစဥ္ဆုကို Yangon Excelsior Hotel မွလက္ခံရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

 

 

“ျမန္မာႏိုင္ငံအတြက္ အခုလို ဂုဏ္သတင္းႀကီးတဲ့ ေဒသဆိုင္ရာဆုရရွိတဲ့အတြက္ ကြၽႏု္ပ္တို႔အရမ္းဝမ္း သာပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ထူးခြၽန္တဲ့ အိမ္ၿခံေျမဖြံံ့ၿဖိဳးတိုးတက္မႈေတြကိုႏိုင္ငံတကာမွ ေဖာ္ျပခြင့္ရတဲ့အတြက္လည္း အရမ္းကို ဂုဏ္ယူပါ တယ္။ အျခားေဆာက္လုပ္သူမ်ားကိုလည္း လာမယ့္ႏွစ္ေတြမွာ အသိအမွတ္ျပဳခံရဖို႔ အေကာင္းဆုံးဆက္လုပ္ သြားၾကဖို႔ တိုက္တြန္းခ်င္ပါတယ္” ဟု Yangon Excelsior ဟိုတယ္၏ အေထြေထြမန္ေနဂ်ာ Mr. Philippe Arnaud က ေျပာသည္။

 

 

၂၀၁၉ ခုႏွစ္ PropertyGuru Asia Property Awards’ ဆုေပးပြဲ၌ ဆန္ခါတင္ဆုရရွိသူ ၁၅၀ ခန႔္သည္ ၎တို႔၏အေကာင္းဆုံး လုပ္ေဆာင္ခ်က္မ်ားကို ျပသကာ ေနာက္ဆုံးဆုေပးပြဲတြင္ “အာရွတြင္ အေကာင္းဆုံး” အျဖစ္ အသိအမွတ္ျပဳခံရန္ အတြက္ဝင္ေရာက္ၿပိဳင္ဆိုင္ခဲ့ၾကျခင္းျဖစ္သည္။

 

 

စင္ကာပူႏိုင္ငံ၏ ေဆာက္လုပ္ေရး ကုမၸဏီႀကီးျဖစ္သည့္ UOL Group သည္ ေဒသအတြင္းရွိ ကုမၸဏီ ၉ ခုကုိေက်ာ္ျဖတ္၍“အာရွ၏အေကာင္းဆုံး ေဆာက္လုပ္သူဆု” ကို အႏိုင္ရရွိခဲ့ၿပီး ေနာက္ဆုံးဆုေပးပြဲ တြင္စင္ကာပူႏိုင္ငံရွိ စင္ကာပူ၏ ေဆာက္လုပ္သူမ်ားက ဆုေပါင္း ၇ ခုကိုလည္း လက္ခံရရွိခဲ့ေၾကာင္း သိရသည္။

 

 

ထို႔အျပင္ အင္ဒိုနီးရွားႏိုင္ငံသည္လည္း ေနာက္ဆုံးဆုေပးပြဲတြင္ ေဒသဆိုင္ရာအတြက္ အႏိုင္ရရွိေသာ ဆု ၄ ခုမွအနက္ Best Boutique Developer (Asia) ဆုကို Triniti Land ကလက္ခံရရွိခဲ့ၿပီးအင္ဒိုနီး ရွားႏိုင္ငံ၏ ေဆာက္လုပ္သူ ASTRA Property ႏွင့္ Hongkong Land သည္ Anandamaya Residences အတြက္ ေဒသဆိုင္ရာတြင္ လူအမ်ားအႏွစ္ သက္ဆုံးဆု ျဖစ္ေသာ Best Luxury Condo Development (Asia) ဆုကို ရရွိခဲ့ေၾကာင္း သိရသည္။

 

 

Best CBD Development (Asia) ႏွင့္ Best Township Masterplan Design (Asia) ဂုဏ္ထူးေဆာင္ ဆုမ်ား အပါအဝင္ ေဒသဆိုင္ရာ ဆု ၄ ခုကုိ ဖီလစ္ပိုင္ႏိုင္ငံက လက္ခံရရွိခဲ့ေၾကာင္း၊ဗီယက္နမ္ကလည္း ေဒသဆိုင္ရာ ဆု ၃ ခု ႏွင့္ အမ်ားလိုခ်င္ေသာ ဆုျဖစ္သည့္ Best Township Development (Asia) ဆုကို Kien A Corporation မွလက္ခံရရွိခဲ့သည့္အျပင္ CapitaLand Vietnam ၏ စီအီအိုးျဖစ္ သူChen Lian Pang ကလည္း ၂၀၁၉ ခုႏွစ္၏ တစ္ႏွစ္တာအေကာင္း ဆုံးအိမ္ၿခံေျမလုပ္ငန္းဆိုင္ရာ ပုဂၢိဳလ္ဆုကို ရရွိခဲ့ေၾကာင္း၊ ထိုင္းႏိုင္ငံမွ ေဒသဆိုင္ရာ ဆု ၂ ခုရရွိခဲ့ၿပီး ကေမာၻဒီး ယား၊ ျမန္မာႏွင့္ မေလးရွား တို႔က ေဒသဆိုင္ရာဆု ၁ ခုစီ အသီးသီး ရရွိခဲ့ၾကေၾကာင္းသိရသည္။

 

 

Source-Pyi Myanmar

Read 1019 times Last modified on Friday, 14 February 2020 16:10
Rate this item
(0 votes)