အမေရိကန်ဒေါ်လာ ငါးသန်း ရင်းနှီးမြှုပ်နှံ၍ သဘာဝ အပန်းဖြေစခန်းနှင့် ခရီးသွားစီမံကိန်း ဖော်ဆောင်မည့် ထီးပရူနူလိုဏ်ဂူ

အမေရိကန်ဒေါ်လာ ငါးသန်း ရင်းနှီးမြှုပ်နှံ၍ သဘာဝ အပန်းဖြေစခန်းနှင့် ခရီးသွားစီမံကိန်း ဖော်ဆောင်မည့် ထီးပရူနူလိုဏ်ဂူ google

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ ထီးပရူနူလိုဏ်ဂူကို သဘာဝအပန်းဖြေစခန်း နှင့် ခရီးသွားစီမံကိန်း ဖော်ဆောင်ရန်အတွက် အမေရိကန်ဒေါ်လာငါးသန်း ရင်းနှီးမြှုပ်နှံ၍ ၂၀၂၀ ပြည့်နှစ်အတွင်းဖွင့်လှစ်နိုင်မည် ဖြစ် ကြောင်း ပြည်နယ်အစိုးရရုံးမှ သိရသည်။

 

ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီမှာ ဆွတ်ပိုက်ကုမ္ပဏီဖြစ်ပြီး ဧက ၅၀ အကျယ်အဝန်းအတွင်း ထီးပရူနူလိုဏ်ဂူအား လေ့လာနိုင်မည့်စီမံကိန်း အပြင် အခြားဆက်စပ်နေသော စီမံကိန်းနှစ်ခု ဖြစ်သည့် စက်ဘီးစီးအပန်းဖြေခြင်းနှင့် ဘန်ဂ လိုများဆောက်၍ အနားနိုင်ရန် စီမံကိန်းချထားပြီး ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

 

ထို့ပြင် BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်း လုပ်ဆောင်ခြင်းဖြစ်ပြီး ကယားပြည်နယ်အစိုး ရနှင့် ကုမ္ပဏီတို့ စက်တင်ဘာလအတွင်းက စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ လာမည့် ဒီဇင်ဘာလ တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

ထီးပရူနူရေထွက် သဘာဝလိုဏ်ဂူသည် ဌာနေတိုင်းရင်းသား ကယောလူမျိုးများနေ ထိုင်ရာ မော်သီဒိုကျေးရွာအနီးတွင် တည်ရှိပြီး ဖရူဆိုမြို့နှင့် ၁၀ မိုင်ခန့်သာဝေးကာ ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်များအတွင်းရှိ ရေထွက်ပေါက် များ၏ ရေထွက်ဦး ရင်းမြစ်ဖြစ်ကြောင်းလည်း သိရသည်။

 

 

ထီးပရူနူမှာ သဘာဝရေတံခွန်ငယ်၊ မြေအောက်မြစ်၊ နှစ်ဖက်ပွင့် မြေအောက်ဂူများ ရှိသည့်အပြင် ကျောက်ပန်းဆွဲများရှိခြင်း၊ ဒီးမော့ဆိုမြို့နယ် ကွိုင်ငံရေထွက်ပေါက်သို့စီးဆင်းခြင်း၊ ငွေတောင်ဆည်၏ ရေထွက်ရင်းမြစ်ဖြစ်နေခြင်းများတွေ့ရကြောင်း ဒေသခံ များထံမှ သိရသည်။

 

 

ထိုရေထွက်သဘာဝလိုဏ်ဂူသို့ ကယားပြည်နယ်အစိုးရဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းခရီးစဉ် တိုးချဲ့ရန် နေရာသစ်ရှာဖွေမှုအတွက် ၂၀၁၇ ဖေဖော်ဝါရီ ၂၅ ရက်တွင် သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

အေမရိကန္ေဒၚလာ ငါးသန္း ရင္းႏွီးျမႇဳပ္ႏွံ၍ သဘာဝ အပန္းေျဖစခန္းႏွင့္ ခရီးသြားစီမံကိန္း ေဖာ္ေဆာင္မည့္ ထီးပ႐ူႏူလိုဏ္ဂူ

 

 

ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္အတြင္းရွိ ထီးပ႐ူႏူလိုဏ္ဂူကို သဘာဝအပန္းေျဖစခန္း ႏွင့္ ခရီးသြားစီမံကိန္း ေဖာ္ေဆာင္ရန္အတြက္ အေမရိကန္ေဒၚလာငါးသန္း ရင္းႏွီးျမႇဳပ္ႏွံ၍ ၂၀၂၀ ျပည့္ႏွစ္အတြင္းဖြင့္လွစ္ႏိုင္မည္ ျဖစ္ ေၾကာင္း ျပည္နယ္အစိုးရ႐ုံးမွ သိရသည္။

 

 

ရင္းႏွီးျမႇဳပ္ႏွံမည့္ကုမၸဏီမွာ ဆြတ္ပိုက္ကုမၸဏီျဖစ္ၿပီး ဧက ၅၀ အက်ယ္အဝန္းအတြင္း ထီးပ႐ူႏူလိုဏ္ဂူအား ေလ့လာႏိုင္မည့္စီမံကိန္း အျပင္ အျခားဆက္စပ္ေနေသာ စီမံကိန္းႏွစ္ခု ျဖစ္သည့္ စက္ဘီးစီးအပန္းေျဖျခင္းႏွင့္ ဘန္ဂ လိုမ်ားေဆာက္၍ အနားႏိုင္ရန္ စီမံကိန္းခ်ထားၿပီး ရင္းႏွီးျမႇဳပ္ႏွံသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

 

 

ထို႔ျပင္ BOT စနစ္ျဖင့္ ႏွစ္ရွည္ငွားရမ္း လုပ္ေဆာင္ျခင္းျဖစ္ၿပီး ကယားျပည္နယ္အစိုး ရႏွင့္ ကုမၸဏီတို႔ စက္တင္ဘာလအတြင္းက စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း၊ လာမည့္ ဒီဇင္ဘာလ တြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

 

ထီးပ႐ူႏူေရထြက္ သဘာဝလိုဏ္ဂူသည္ ဌာေနတိုင္းရင္းသား ကေယာလူမ်ိဳးမ်ားေန ထိုင္ရာ ေမာ္သီဒိုေက်း႐ြာအနီးတြင္ တည္ရွိၿပီး ဖ႐ူဆိုၿမိဳ႕ႏွင့္ ၁၀ မိုင္ခန႔္သာေဝးကာ ဖ႐ူဆိုႏွင့္ ဒီးေမာ့ဆိုၿမိဳ႕နယ္မ်ားအတြင္းရွိ ေရထြက္ေပါက္ မ်ား၏ ေရထြက္ဦး ရင္းျမစ္ျဖစ္ေၾကာင္းလည္း သိရသည္။

 

 

ထီးပ႐ူႏူမွာ သဘာဝေရတံခြန္ငယ္၊ ေျမေအာက္ျမစ္၊ ႏွစ္ဖက္ပြင့္ ေျမေအာက္ဂူမ်ား ရွိသည့္အျပင္ ေက်ာက္ပန္းဆြဲမ်ားရွိျခင္း၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ ကြိဳင္ငံေရထြက္ေပါက္သို႔စီးဆင္းျခင္း၊ ေငြေတာင္ဆည္၏ ေရထြက္ရင္းျမစ္ျဖစ္ေနျခင္းမ်ားေတြ႕ရေၾကာင္း ေဒသခံ မ်ားထံမွ သိရသည္။

 

 

ထိုေရထြက္သဘာဝလိုဏ္ဂူသို႔ ကယားျပည္နယ္အစိုးရဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက ရပ္႐ြာအေျချပဳ ခရီးသြားလုပ္ငန္းခရီးစဥ္ တိုးခ်ဲ႕ရန္ ေနရာသစ္ရွာေဖြမႈအတြက္ ၂၀၁၇ ေဖေဖာ္ဝါရီ ၂၅ ရက္တြင္ သြားေရာက္ေလ့လာခဲ့ေၾကာင္း သိရသည္။

 

Read 3357 times Last modified on Friday, 14 February 2020 16:16
Rate this item
(0 votes)