တင်ဒါအောင်ကုမ္ပဏီများကို လုပ်ငန်းပြီးစီးသည်အထိ သက်ဆိုင်ရာဌာနဝက်ဘ်ဆိုက်များတွင် တရားဝင်ဖော်ပြပေးရန် အဆိုတင်သွင်း

တင်ဒါအောင်ကုမ္ပဏီများကို လုပ်ငန်းပြီးစီးသည်အထိ သက်ဆိုင်ရာဌာနဝက်ဘ်ဆိုက်များတွင် တရားဝင်ဖော်ပြပေးရန် အဆိုတင်သွင်း google

ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အ စိုးရဌာန အဖွဲ့အစည်းများက တင်ဒါခေါ်ယူရာတွင် တင်ဒါ အောင်မြင်သည့်ကုမ္ပဏီများကို လုပ်ငန်းပြီးစီးသည်အထိသက် ဆိုင်ရာဌာန ဝက်ဘ်ဆိုက်များ၌ တရားဝင်ဖော်ပြပေးရန် ရှမ်းပြည် နယ် နမ္မတူအမတ် နန်းခမ်းအေး က ပြည်သူ့လွှတ်တော်သို့ အဆို တင်သွင်းသည်။

 

နိုဝင်ဘာ ၂၅ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ နမ္မတူအမတ် နန်းခမ်းအေးက ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာန အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ် ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းတို့ အတွက် တင်ဒါဖိတ်ခေါ်ရာတွင်သက်ဆိုင်ရာ လုပ်ငန်းများ၏ တည်နေရာ၊ Design Drawing နှင့် Estimate (ခန့်မှန်းရန်ပုံငွေ များ)ကို ပြည့်စုံစွာဖော်ပြပြီး သက် ဆိုင်ရာဌာနများ၏ ဝက်ဘ်ဆိုက် တွင်စတင်ဖိတ်ခေါ်သည်သာမက တင်ဒါအောင်မြင်သည့် ကုမ္ပဏီ များကိုပါ အတူယှဉ်တွဲပြီးလုပ်ငန်း ပြီးစီးသည်အထိ သက်ဆိုင်ရာ ဌာန၏ ဝက်ဘ်ဆိုက်များ၌ တရား ဝင်ဖော်ပြပေးရန် အစိုးရကိုတိုက် တွန်းကြောင်း အဆိုတင်သွင်းခြင်း ဖြစ်သည်။

 

 

‘‘ဒီအဆိုဟာ ဆောက်လုပ် ရေးဝန်ကြီးဌာနတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ ဒီနိုင်ငံမှာ ရှိနေတဲ့ ဝန်ကြီးဌာနတိုင်းကိုဆိုလို ခြင်းဖြစ်ပါတယ်’’ ဟု အဆိုတင် သွင်းသူ နန်းခမ်းအေးက ပြော သည်။ နိုင်ငံတော်သမ္မတရုံး၏ ၁/ ၂၀၁၇ တွင် အစိုးရဌာနအဖွဲ့အ စည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှု ရယူခြင်း၊ငှားရမ်းခြင်းနှင့် ရောင်း ချခြင်းတို့ဆောင်ရွက်ရာ၌ လိုက် နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း က မည်သို့ပင်ညွှန်ကြားထားစေ ကာမူ ကွဲလွဲစွာဆောင်ရွက်နေသည်ကို ဖြတ်သန်းခဲ့သည့် ဘဏ္ဍာရေးနှစ်များကို ပြန်လည် သုံးသပ်ကြည့်ခြင်းအားဖြင့် ငြင်း ပယ်၍မရနိုင်ကြောင်း နန်းခမ်း အေးက ထောက်ပြသည်။

 

 

တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများကို ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပါက တင်ဒါယှဉ်ပြိုင် ခွင့်ကန့်သတ်ချက်များလည်း သိ ရှိနိုင်သည့်အပြင် အဂတိလိုက်စား မှု၊ မလျော်ဩဇာသုံးဆောင်ရွက် မှု၊ တစ်နည်းနည်းဖြင့် လွှမ်းမိုး ဆောင်ရွက်မှုများကိုလည်း အ ဟန့်အတား ဖြစ်နိုင်မည်ဖြစ် ကြောင်း အဆိုတင်သွင်းသူက ဆွေးနွေးသည်။ ‘‘ထိန်းကျောင်းမှု အား ကောင်းစေဖို့ ပြည်သူတွေပါဝင် မှုကအဓိကဖြစ်နေပါတယ်။ ပြည် သူတွေ တာဝန်သိစွာပါဝင်လာ နိုင်ဖို့အတွက် တင်ဒါနဲ့ပတ်သက် တာတွေကို ပွင့်လင်းမြင်သာစွာ ဖြင့် ဝက်ဘ်ဆိုက်တွေမှာ တင်ပြ ထားဖို့လိုအပ်နေပါတယ်’’ ဟု နန်းခမ်းအေးက ဆိုသည်။

 

 

အထက်ပါအဆိုတင်သွင်း မှုကို သိန်းနီအမတ်စိုင်းဦးခမ်းက ထောက်ခံပြီး တင်ဒါနှင့် ပတ် သက်သည့် လမ်းညွှန်ချက်များ၊ ဂိုက်လိုင်းများ မည်မျှပင်ဖော်ပြ ထားစေကာမူ လက်တွေ့မြေပြင် အခြေအနေတွင် လမ်းညွှန်ချက် များနှင့် များစွာကွဲလွဲနေသည်ကို ဝမ်းနည်းဖွယ်တွေ့နေရကြောင်း ဆွေးနွေးသည်။ ယင်းအဆိုကို ပြည်သူ့လွှတ် တော်တွင် ကန့်ကွက်သူမရှိဘဲ လက်ခံဆွေးနွေးရန် ဆုံးဖြတ်၍ ဆက်လက် လက်ခံဆွေးနွေးမည် ဖြစ်ကြောင်း ဥက္ကဋ္ဌဦးတီခွန်မြတ် က ကြေညာသည်။

 

 

Source-7Day Daily

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

တင္ဒါေအာင္ကုမၸဏီမ်ားကို လုပ္ငန္းၿပီးစီးသည္အထိ သက္ဆိုင္ရာဌာနဝက္ဘ္ဆိုက္မ်ားတြင္ တရားဝင္ေဖာ္ျပေပးရန္ အဆိုတင္သြင္း

 

 

ျပည္ေထာင္စု၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အ စိုးရဌာန အဖြဲ႕အစည္းမ်ားက တင္ဒါေခၚယူရာတြင္ တင္ဒါ ေအာင္ျမင္သည့္ကုမၸဏီမ်ားကို လုပ္ငန္းၿပီးစီးသည္အထိသက္ ဆိုင္ရာဌာန ဝက္ဘ္ဆိုက္မ်ား၌ တရားဝင္ေဖာ္ျပေပးရန္ ရွမ္းျပည္ နယ္ နမၼတူအမတ္ နန္းခမ္းေအး က ျပည္သူ႔လႊတ္ေတာ္သို႔ အဆို တင္သြင္းသည္။

 

 

ႏိုဝင္ဘာ ၂၅ ရက္တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝး၌ နမၼတူအမတ္ နန္းခမ္းေအးက ျပည္ေထာင္စု၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရဌာန အဖြဲ႕အစည္းမ်ား၏ တည္ေဆာက္ျခင္း၊ ပစၥည္းဝယ္ ယူျခင္း၊ ဝန္ေဆာင္မႈရယူျခင္း၊ ငွားရမ္းျခင္းႏွင့္ ေရာင္းခ်ျခင္းတို႔ အတြက္ တင္ဒါဖိတ္ေခၚရာတြင္သက္ဆိုင္ရာ လုပ္ငန္းမ်ား၏ တည္ေနရာ၊ Design Drawing ႏွင့္ Estimate (ခန႔္မွန္းရန္ပုံေငြ မ်ား)ကို ျပည့္စုံစြာေဖာ္ျပၿပီး သက္ ဆိုင္ရာဌာနမ်ား၏ ဝက္ဘ္ဆိုက္ တြင္စတင္ဖိတ္ေခၚသည္သာမက တင္ဒါေအာင္ျမင္သည့္ ကုမၸဏီ မ်ားကိုပါ အတူယွဥ္တြဲၿပီးလုပ္ငန္း ၿပီးစီးသည္အထိ သက္ဆိုင္ရာ ဌာန၏ ဝက္ဘ္ဆိုက္မ်ား၌ တရား ဝင္ေဖာ္ျပေပးရန္ အစိုးရကိုတိုက္ တြန္းေၾကာင္း အဆိုတင္သြင္းျခင္း ျဖစ္သည္။

 

 

‘‘ဒီအဆိုဟာ ေဆာက္လုပ္ ေရးဝန္ႀကီးဌာနတစ္ခုတည္းကို ဆိုလိုျခင္းမဟုတ္ဘဲ ဒီႏိုင္ငံမွာ ရွိေနတဲ့ ဝန္ႀကီးဌာနတိုင္းကိုဆိုလို ျခင္းျဖစ္ပါတယ္’’ ဟု အဆိုတင္ သြင္းသူ နန္းခမ္းေအးက ေျပာ သည္။ ႏိုင္ငံေတာ္သမၼတ႐ုံး၏ ၁/ ၂၀၁၇ တြင္ အစိုးရဌာနအဖြဲ႕အ စည္းမ်ား၏ တည္ေဆာက္ျခင္း၊ ပစၥည္းဝယ္ယူျခင္း၊ ဝန္ေဆာင္မႈ ရယူျခင္း၊ငွားရမ္းျခင္းႏွင့္ ေရာင္း ခ်ျခင္းတို႔ေဆာင္႐ြက္ရာ၌ လိုက္ နာရမည့္ တင္ဒါလုပ္ထုံးလုပ္နည္း က မည္သို႔ပင္ၫႊန္ၾကားထားေစ ကာမူ ကြဲလြဲစြာေဆာင္႐ြက္ေနသည္ကို ျဖတ္သန္းခဲ့သည့္ ဘ႑ာေရးႏွစ္မ်ားကို ျပန္လည္ သုံးသပ္ၾကည့္ျခင္းအားျဖင့္ ျငင္း ပယ္၍မရႏိုင္ေၾကာင္း နန္းခမ္း ေအးက ေထာက္ျပသည္။

 

 

တင္ဒါ ေအာင္ျမင္သည့္ ကုမၸဏီမ်ားကို ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပထားပါက တင္ဒါယွဥ္ၿပိဳင္ ခြင့္ကန႔္သတ္ခ်က္မ်ားလည္း သိ ရွိႏိုင္သည့္အျပင္ အဂတိလိုက္စား မႈ၊ မေလ်ာ္ဩဇာသုံးေဆာင္႐ြက္ မႈ၊ တစ္နည္းနည္းျဖင့္ လႊမ္းမိုး ေဆာင္႐ြက္မႈမ်ားကိုလည္း အ ဟန႔္အတား ျဖစ္ႏိုင္မည္ျဖစ္ ေၾကာင္း အဆိုတင္သြင္းသူက ေဆြးေႏြးသည္။ ‘‘ထိန္းေက်ာင္းမႈ အား ေကာင္းေစဖို႔ ျပည္သူေတြပါဝင္ မႈကအဓိကျဖစ္ေနပါတယ္။ ျပည္ သူေတြ တာဝန္သိစြာပါဝင္လာ ႏိုင္ဖို႔အတြက္ တင္ဒါနဲ႔ပတ္သက္ တာေတြကို ပြင့္လင္းျမင္သာစြာ ျဖင့္ ဝက္ဘ္ဆိုက္ေတြမွာ တင္ျပ ထားဖို႔လိုအပ္ေနပါတယ္’’ ဟု နန္းခမ္းေအးက ဆိုသည္။

 

 

အထက္ပါအဆိုတင္သြင္း မႈကို သိန္းနီအမတ္စိုင္းဦးခမ္းက ေထာက္ခံၿပီး တင္ဒါႏွင့္ ပတ္ သက္သည့္ လမ္းၫႊန္ခ်က္မ်ား၊ ဂိုက္လိုင္းမ်ား မည္မွ်ပင္ေဖာ္ျပ ထားေစကာမူ လက္ေတြ႕ေျမျပင္ အေျခအေနတြင္ လမ္းၫႊန္ခ်က္ မ်ားႏွင့္ မ်ားစြာကြဲလြဲေနသည္ကို ဝမ္းနည္းဖြယ္ေတြ႕ေနရေၾကာင္း ေဆြးေႏြးသည္။ ယင္းအဆိုကို ျပည္သူ႔လႊတ္ ေတာ္တြင္ ကန႔္ကြက္သူမရွိဘဲ လက္ခံေဆြးေႏြးရန္ ဆုံးျဖတ္၍ ဆက္လက္ လက္ခံေဆြးေႏြးမည္ ျဖစ္ေၾကာင္း ဥကၠ႒ဦးတီခြန္ျမတ္ က ေၾကညာသည္။

 

 

Source-7Day Daily

Read 819 times Last modified on Friday, 14 February 2020 16:25
Rate this item
(0 votes)