ဒေါ်လာ၂ မီလီယံ သုံးပြီးတည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ ၂၀၂၀ တွင် ပြီးစီးမည်

ဒေါ်လာ၂ မီလီယံ သုံးပြီးတည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ ၂၀၂၀ တွင် ပြီးစီးမည် GOOGLE

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ တည်ဆောက်ရေး စီမံကိန်း ပန္နက်တင်အခမ်းအနားကို နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းတွင် သုဝဏ္ဏကွင်းအနီးရှိ MFF Futsal Indoor Stadium တည်ဆောက်ရေး စီမံကိန်းနယ်မြေမှာ ပြုလုပ်ခဲ့ပါတယ်။

 

ထိုပန္နက်တင်အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အကြံပေး ဦးဘန်နီတင်အောင်၊ ဖူဆယ်နှင့်သဲသောင်ပြင် ဘောလုံးကော်မတီတာဝန်ရှိသူတွေ၊ ဖူဆယ်လိဂ်ပြိုင်ပွဲဝင် အသင်းပိုင်ရှင်တွေ၊တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါ တယ်။

 

 

အခမ်းအနားမှာ ဖူဆယ်အားကစားရုံ တည်ဆောက်ရေး စီမံကိန်း မြေနေရာ သတ်မှတ်ထားတဲ့ နေရာအသီးသီးမှာ ပန္နက်တော်များ တင်ပေးပြီး အမွှေးနံ့ သာရည်များ ပက်ဖျန်းပေးခဲ့ပါတယ်။

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံ၌ နိုင်ငံတကာအဆင့်မီဖူဆယ်ကွင်းတည်ဆောက်နိုင်ရန် အတွက် ပြီးခဲ့သည့်နှစ်က ပရောဂျက်ချပေးခဲ့ပြီး ဘောလုံးအဖွဲ့ချုပ်မှ ကွင်းတည်ဆောက်ရေး အတွက် တင်ဒါခေါ်ယူခဲ့ရာ Suntac ကုမ္ပဏီက တင်ဒါအောင်ခဲ့ပါတယ်။

 

 

အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်း" ကွင်းတည်ဆောက်မှုကို တစ်နှစ်အတွင်းအပြီး လုပ်သွားမှာပါ။ လက်ရှိတည်ဆောက်မှု အခြေအနေကတော့ မြေပြင်ရှင်းလင်းမှုအခြေအနေပဲ ပြီးပါသေးတယ်။ တစ်ဆင့်ပြီး တစ်ဆင့်လုပ်ဆောင်သွားမှာပါ" ဟု ဆိုသည်။

 

 

Suntac Company က အဆိုပါ ဖူဆယ်ကွင်းတည်ဆောက်ရေး လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီး ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းတွင်ပြီးစီးမည်ဟုသိရပါတယ်။

 

 

အဆိုပါကွင်းတည်ဆောက်ပြီးစီးပါက ဖူဆယ်ပြိုင်ပွဲတွေ နိုင်ငံတကာအဆင့်မှီကျင်းပနိုင်မည်ဖြစ်ပြီး ပရိသတ် ၂၀၀၀ ကျော် ကြည့်ရှု အားပေးနိုင်မှာဖြစ်ပါတယ်။

 

 

Source: Myanmar Times

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ေဒၚလာ၂ မီလီယံ သုံးၿပီးတည္ေဆာက္မည့္ ႏိုင္ငံတကာအဆင့္မီ ဖူဆယ္အားကစား႐ုံ ၂၀၂၀ တြင္ ၿပီးစီးမည္

 

 

ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ ႏိုင္ငံတကာအဆင့္မီ ဖူဆယ္အားကစား႐ုံ တည္ေဆာက္ေရး စီမံကိန္း ပႏၷက္တင္အခမ္းအနားကို ႏိုဝင္ဘာ ၂၂ ရက္ မနက္ပိုင္းတြင္ သုဝဏၰကြင္းအနီးရွိ MFF Futsal Indoor Stadium တည္ေဆာက္ေရး စီမံကိန္းနယ္ေျမမွာ ျပဳလုပ္ခဲ့ပါတယ္။

 

 

ထိုပႏၷက္တင္အခမ္းအနားတြင္ ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠ႒ အႀကံေပး ဦးဘန္နီတင္ေအာင္၊ ဖူဆယ္ႏွင့္သဲေသာင္ျပင္ ေဘာလုံးေကာ္မတီတာဝန္ရွိသူေတြ၊ ဖူဆယ္လိဂ္ၿပိဳင္ပြဲဝင္ အသင္းပိုင္ရွင္ေတြ၊တာဝန္ရွိသူေတြ တက္ေရာက္ခဲ့ၾကပါ တယ္။

 

 

အခမ္းအနားမွာ ဖူဆယ္အားကစား႐ုံ တည္ေဆာက္ေရး စီမံကိန္း ေျမေနရာ သတ္မွတ္ထားတဲ့ ေနရာအသီးသီးမွာ ပႏၷက္ေတာ္မ်ား တင္ေပးၿပီး အေမႊးနံ႔ သာရည္မ်ား ပက္ဖ်န္းေပးခဲ့ပါတယ္။

 

ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္က ျမန္မာႏိုင္ငံ၌ ႏိုင္ငံတကာအဆင့္မီဖူဆယ္ကြင္းတည္ေဆာက္ႏိုင္ရန္ အတြက္ ၿပီးခဲ့သည့္ႏွစ္က ပေရာဂ်က္ခ်ေပးခဲ့ၿပီး ေဘာလုံးအဖြဲ႕ခ်ဳပ္မွ ကြင္းတည္ေဆာက္ေရး အတြက္ တင္ဒါေခၚယူခဲ့ရာ Suntac ကုမၸဏီက တင္ဒါေအာင္ခဲ့ပါတယ္။

 

 

အဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉးဦးကိုကိုသိန္း" ကြင္းတည္ေဆာက္မႈကို တစ္ႏွစ္အတြင္းအၿပီး လုပ္သြားမွာပါ။ လက္ရွိတည္ေဆာက္မႈ အေျခအေနကေတာ့ ေျမျပင္ရွင္းလင္းမႈအေျခအေနပဲ ၿပီးပါေသးတယ္။ တစ္ဆင့္ၿပီး တစ္ဆင့္လုပ္ေဆာင္သြားမွာပါ" ဟု ဆိုသည္။

 

 

Suntac Company က အဆိုပါ ဖူဆယ္ကြင္းတည္ေဆာက္ေရး လုပ္ငန္းေတြကို စတင္ေဆာင္႐ြက္ေနၿပီး ၂၀၂၀ ခုႏွစ္ ႏွစ္လယ္ပိုင္းတြင္ၿပီးစီးမည္ဟုသိရပါတယ္။

 

 

အဆိုပါကြင္းတည္ေဆာက္ၿပီးစီးပါက ဖူဆယ္ၿပိဳင္ပြဲေတြ ႏိုင္ငံတကာအဆင့္မွီက်င္းပႏိုင္မည္ျဖစ္ၿပီး ပရိသတ္ ၂၀၀၀ ေက်ာ္ ၾကည့္ရႈ အားေပးႏိုင္မွာျဖစ္ပါတယ္။

 

 

Source: Myanmar Times

Read 2733 times Last modified on Friday, 14 February 2020 17:43
Rate this item
(0 votes)