ပုဂံဒေသရှိ ရှေးဟောင်းဘုရား ၉၂ ဆူအား အိန္ဒိယနိုင်ငံက ဒေါ်လာ ခုနစ်သန်းသုံးစွဲ၍ ပြုပြင်ထိန်းသိမ်းသွားမည်

ပုဂံဒေသရှိ ရှေးဟောင်းဘုရား ၉၂ ဆူအား အိန္ဒိယနိုင်ငံက ဒေါ်လာ ခုနစ်သန်းသုံးစွဲ၍ ပြုပြင်ထိန်းသိမ်းသွားမည် ြGOOGLE

ပုဂံဒေသရှိ ရှေးဟောင်းဘုရား ၉၂ ဆူ အား အိန္ဒိယနိုင်ငံက ဒေါ်လာ ခုနစ် သန်း သုံးစွဲ၍ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းလွင်က ပြောကြားခဲ့သည်။

 

ပုဂံဒေသရှိ အာနန္ဒာဘုရားအား အိန္ဒိယနိုင်ငံက ငါးနှစ်ကြာ ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများ လုပ်ဆောင် ခဲ့သည့်အပြင် ၂၀၁၆ ခုနှစ်အတွင်း က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးမှုများကို လည်း ပြုပြင်ပေးခဲ့ပြီးယခုအခါ ရှေးဟောင်းဘုရား ၉၂ ဆူအားဆက်လက်ပြုပြင်ထိန်းသိမ်းရန် ဘုရား များကို ရွေးချယ်ထားပြီးဖြစ်ကြောင်းသိရသည်။

 

 

“ပုဂံ ရှေးဟောင်းဘုရားတွေကို နိုင်ငံတကာအကူအညီနဲ့ ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းတွေ လုပ်ဆောင် တဲ့အခါမှာ လုပ်ငန်းမလုပ်ဆောင်ခင် ကတည်းက ဘယ်လိုနည်းပညာတွေ နဲ့ ပြုပြင်ထိန်းသိမ်းမယ်ဆိုတာကို အရင်ဆုံး ကျွန်တော်တို့ဌာနနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်တဲ့ အပြင် ထိန်းသိမ်းမှုတွေလုပ်နေစဉ် ကာလမှာလည်း ကျွန်တော်တို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက တာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေက ပူးပေါင်းပါဝင်ပြီး ထိန်းသိမ်းမှုတွေ လုပ်ဆောင်တာဖြစ် ပါတယ်။ အခုပြုပြင်မယ့် ဘုရား ၉၂ ဆူကို အဆောက်အအုံပြုပြင်ရမယ့် ဘုရားတွေနဲ့ နံရံဆေးရေးပန်းချီ ပြုပြင်ရမယ့် ဘုရားတွေကို ရွေးချယ်ပြီးသွားပါပြီ။ ပြုပြင်တဲ့နေရာ မှာလည်း မြေငလျင်ဒဏ်ခံနိုင်မယ့် နည်းပညာ၊ နည်းစနစ်တွေနဲ့ လုပ်ဆောင်သွားမှာဖြစ်ပြီး ယူနက် စကိုကပေးတဲ့ နည်းလမ်းအတိုင်း စနစ်တကျ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

 

 

ဘုရား ၉၂ ဆူကို ပြုပြင်ရာ၌ ပထမငါးနှစ်ကာလတွင် ၁၂ ဆူ၊ ဒုတိယအကြိမ် ငါးနှစ်ကာလတွင် ၁၂ ဆူ စသည်ဖြင့် ရေရှည်စီမံကိန်း အဖြစ် ပြုပြင်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း အိန္ဒိယကောင်စစ်ဝန် Mr. Nandan Singh Bhaisora က ဆိုသည်။

 

 

“မကြာတော့မယ့် ကာလမှာ အိန္ဒိယက အင်ဂျင်နီယာအဖွဲ့တွေ ရောက်လာတော့မှာပါ။ ပထမ ငါးနှစ် ၁၂ ဆူ၊ ဒုတိယ ငါးနှစ် ၁၂ ဆူ စုစုပေါင်း ၁ဝ နှစ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပုဂံဒေသဘုရားတွေ ပြုပြင်တဲ့နေရာမှာ မြန်မာအစိုးရနဲ့ နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးထား တာ ဖြစ်တဲ့အတွက် စနစ်တကျ ရေရှည် စီမံကိန်းနဲ့ လုပ်ဆောင်သွား ဖို့ရှိပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

 

 

၂၀၁၆ ခုနှစ်အတွင်းက လှုပ်ခတ် ခဲ့သည့် ပုဂံငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီပုထိုးပေါင်း ၄၀၀ နီးပါးကို အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အီတလီ၊ ဂျာမနီ စသည့် နိုင်ငံများက ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ရာ လက်ရှိတွင် ကူညီထိန်းသိမ်း စောင့်ရှောက်ပေးသည့် နိုင်ငံပေါင်း ၂၂ နိုင်ငံအထိရှိနေပြီး အဖွဲ့အစည်း ပေါင်းမှာလည်း ၄ဝ ကျော်အထိ ရှိကြောင်း သိရသည်။

 

 

Source:Myanmaalinn

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ပုဂံေဒသရွိ ေရွးေဟာင္းဘုရား ၉၂ ဆူ အား အိႏၵိယႏိုင္ငံက ေဒၚလာ ခုနစ္ သန္း သုံးစြဲ၍ ျပဳျပင္ထိန္းသိမ္းေရး လုပ္ငန္းမ်ား လုပ္ေဆာင္သြားမည္ျဖစ္ ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ သိန္းလြင္က ေျပာၾကားခဲ့သည္။

 

 

ပုဂံေဒသရွိ အာနႏၵာဘုရားအား အိႏၵိယႏိုင္ငံက ငါးႏွစ္ၾကာ ျပဳျပင္ ထိန္းသိမ္းမႈလုပ္ငန္းမ်ား လုပ္ေဆာင္ ခဲ့သည့္အျပင္ ၂၀၁၆ ခုႏွစ္အတြင္း က လႈပ္ခတ္ခဲ့သည့္ ငလ်င္ဒဏ္ ေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားကို လည္း ျပဳျပင္ေပးခဲ့ၿပီးယခုအခါ ေရွးေဟာင္းဘုရား ၉၂ ဆူအားဆက္လက္ျပဳျပင္ထိန္းသိမ္းရန္ ဘုရား မ်ားကို ေ႐ြးခ်ယ္ထားၿပီးျဖစ္ေၾကာင္းသိရသည္။

 

 

“ပုဂံ ေရွးေဟာင္းဘုရားေတြကို ႏိုင္ငံတကာအကူအညီနဲ႔ ျပဳျပင္ ထိန္းသိမ္းမႈလုပ္ငန္းေတြ လုပ္ေဆာင္ တဲ့အခါမွာ လုပ္ငန္းမလုပ္ေဆာင္ခင္ ကတည္းက ဘယ္လိုနည္းပညာေတြ နဲ႔ ျပဳျပင္ထိန္းသိမ္းမယ္ဆိုတာကို အရင္ဆုံး ကြၽန္ေတာ္တို႔ဌာနနဲ႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ျပဳလုပ္တဲ့ အျပင္ ထိန္းသိမ္းမႈေတြလုပ္ေနစဥ္ ကာလမွာလည္း ကြၽန္ေတာ္တို႔ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသား ျပတိုက္ဦးစီးဌာနက တာဝန္ရွိသူေတြ၊ ဝန္ထမ္းေတြက ပူးေပါင္းပါဝင္ၿပီး ထိန္းသိမ္းမႈေတြ လုပ္ေဆာင္တာျဖစ္ ပါတယ္။ အခုျပဳျပင္မယ့္ ဘုရား ၉၂ ဆူကို အေဆာက္အအုံျပဳျပင္ရမယ့္ ဘုရားေတြနဲ႔ နံရံေဆးေရးပန္းခ်ီ ျပဳျပင္ရမယ့္ ဘုရားေတြကို ေ႐ြးခ်ယ္ၿပီးသြားပါၿပီ။ ျပဳျပင္တဲ့ေနရာ မွာလည္း ေျမငလ်င္ဒဏ္ခံႏိုင္မယ့္ နည္းပညာ၊ နည္းစနစ္ေတြနဲ႔ လုပ္ေဆာင္သြားမွာျဖစ္ၿပီး ယူနက္ စကိုကေပးတဲ့ နည္းလမ္းအတိုင္း စနစ္တက် ပူးေပါင္းေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္”ဟု ၎က ေျပာသည္။

 

 

ဘုရား ၉၂ ဆူကို ျပဳျပင္ရာ၌ ပထမငါးႏွစ္ကာလတြင္ ၁၂ ဆူ၊ ဒုတိယအႀကိမ္ ငါးႏွစ္ကာလတြင္ ၁၂ ဆူ စသည္ျဖင့္ ေရရွည္စီမံကိန္း အျဖစ္ ျပဳျပင္ထိန္းသိမ္းသြားမည္ ျဖစ္ေၾကာင္း အိႏၵိယေကာင္စစ္ဝန္ Mr. Nandan Singh Bhaisora က ဆိုသည္။

 

 

“မၾကာေတာ့မယ့္ ကာလမွာ အိႏၵိယက အင္ဂ်င္နီယာအဖြဲ႕ေတြ ေရာက္လာေတာ့မွာပါ။ ပထမ ငါးႏွစ္ ၁၂ ဆူ၊ ဒုတိယ ငါးႏွစ္ ၁၂ ဆူ စုစုေပါင္း ၁ဝ ႏွစ္ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ ပုဂံေဒသဘုရားေတြ ျပဳျပင္တဲ့ေနရာမွာ ျမန္မာအစိုးရနဲ႔ ႏွစ္ႏိုင္ငံ MoU လက္မွတ္ေရးထိုးထား တာ ျဖစ္တဲ့အတြက္ စနစ္တက် ေရရွည္ စီမံကိန္းနဲ႔ လုပ္ေဆာင္သြား ဖို႔ရွိပါတယ္”ဟု ၎က ေျပာၾကားခဲ့သည္။

 

 

၂၀၁၆ ခုႏွစ္အတြင္းက လႈပ္ခတ္ ခဲ့သည့္ ပုဂံငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးခဲ့သည့္ ေစတီပုထိုးေပါင္း ၄၀၀ နီးပါးကို အိႏၵိယ၊ တ႐ုတ္၊ ဂ်ပန္၊ ကိုရီးယား၊ အီတလီ၊ ဂ်ာမနီ စသည့္ ႏိုင္ငံမ်ားက ျပဳျပင္ထိန္းသိမ္းမႈ လုပ္ငန္းမ်ားကို လုပ္ေဆာင္ေပးခဲ့ရာ လက္ရွိတြင္ ကူညီထိန္းသိမ္း ေစာင့္ေရွာက္ေပးသည့္ ႏိုင္ငံေပါင္း ၂၂ ႏိုင္ငံအထိရွိေနၿပီး အဖြဲ႕အစည္း ေပါင္းမွာလည္း ၄ဝ ေက်ာ္အထိ ရွိေၾကာင္း သိရသည္။

 

 

Source:Myanmaalinn

 

 

 

 

 

 

 

 

 

Read 1126 times Last modified on Monday, 17 February 2020 16:59
Rate this item
(0 votes)