ငွေကျပ်သိန်းပေါင်း ၆၇၀၀ ကျော်ခန့်ဖြင့် ရန်ကုန်တက္ကသိုလ် တက္ကသိုလ်များဓမ္မာရုံကြီးပြန်လည်ပြုပြင်မည်

ငွေကျပ်သိန်းပေါင်း ၆၇၀၀ ကျော်ခန့်ဖြင့် ရန်ကုန်တက္ကသိုလ် တက္ကသိုလ်များဓမ္မာရုံကြီးပြန်လည်ပြုပြင်မည် GOOGLE

၁၉၂၀ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့သော ရန်ကုန်တက္ကသိုလ်မှာ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အနှစ် ၁၀၀ တင်းတင်း ပြည့်မြောက်တော့မည်ဖြစ်သည်။

 

တက္ကသိုလ်များဓမ္မာရုံကြီးကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ပြန်လည်မွမ်းမံ ပြုပြင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ် မေလခန့်တွင် ပြီးစီးရန် ခန့်မှန်း ထားကြောင်း သိရသည်။ တက္ကသိုလ်များ ဓမ္မာရုံကြီး ပြန်လည်ပြုပြင်ရန်အတွက် ငွေကျပ်သိန်းပေါင်း ၆၇၀၀ ကျော်ခန့် ကုန်ကျ မည်ဖြစ်ကြောင်း သိရသည်။

 

 

ရန်ကုန်တက္ကသိုလ် တက္ကသိုလ်များ ဓမ္မာရုံကြီးကို အကြီးစားမွမ်းမံပြင်ဆင်မှုများ ပြုလုပ်လျက်ရှိရာ နိုဝင်ဘာ လဆန်းပိုင်းခန့်တွင် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ၏ ၁၆ ရာခိုင်နှုန်းခန့် ပြီးစီးပြီဟု သိရသည်။ တက္ကသိုလ်များ ဓမ္မာ ရုံကြီးကို ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ရန်နှင့် အခြားဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန(ရန်ကုန်)မှ ဆောက်လုပ်ရေး ဝန်ကြီးဌာနထံလုပ်ငန်းအပ်နှံဆောင်ရွက် နေခြင်းဖြစ်သည်။

 


ဓမ္မာရုံကြီးမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေသော အဆောက်အဦး အထူးအဖွဲ့(၁) ဦးစီးအရာရှိ (မြို့ပြ) အင်ဂျင် နီယာ ဦးသန်းဌေးက လက်ရှိမွမ်းမံပြင်ဆင်မှု ပြီးစီးသောအပိုင်းများနှင့် ပတ်သက်၍ “ကျွန်တော်တို့ ပထမဆုံးဦးစားပေးလုပ်ရမယ့် အလုပ်ဖြစ်တဲ့ ကြမ်းခင်းပိုင်းပြီးပါပြီ။ ပလာ စတာခွာခြင်းလုပ်ငန်းလည်း ပြီးခါနီးပါပြီ။ ဘုံ ငါးဆင့်လုပ်ငန်းကို လုပ်ဆောင်နေပါပြီ။ လုပ်ငန်းတစ်ခုလုံးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၁၆ ရာခိုင်နှုန်းလောက် ပြီးသွားပါပြီ။ ကျွန်တော် တို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ကြီးကြပ် နေတဲ့အတွက် မူလအဆောက်အဦက ခိုင်ခိုင် မာမာ၊ ကောင်းကောင်းမွန်မွန်နဲ့ သပ်သပ် ရပ်ရပ်ဖြစ်ရေးအတွက်ကို ရည်မှန်းပြီး လုပ်နေ ပါတယ်” ဟု ရှင်းပြသည်။

 

 

မွမ်းမံပြင်ဆင်ရာတွင် အပိုင်း ၁၄ ပိုင်း ခွဲခြားကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး မူလဟောင်းနွမ်းဆွေးမြည့်နေသော ကြမ်းခင်း များနေရာတွင် RCC ကွန်ကရစ်ကြမ်းခင်း လောင်းကာ ပါကေးခင်းခြင်းလုပ်ငန်း၊ အမိုး ပိုင်းပြုပြင်ခြင်းလုပ်ငန်းများ အနေဖြင့် ဘုံ ငါးဆင့်နှင့် ဘုံခုနစ်ဆင့်နေရာများတွင် သစ်သားများအစား စတီးများဖြင့် အစားထိုး၍ ကြံ့ခိုင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြန်မာမှုလက်ရာနေရာများတွင် Gold Steel ဖြင့် နဂိုရှိပြီးလက်ရာအတိုင်း ပြန်လည် ထုလုပ်တပ်ဆင်ခြင်း၊ ဟောင်းနွမ်းနေသော မျက်နှာကြက်များနေရာတွင် အမျိုးအစား ကောင်းသော မျက်နှာကြက်များဖြင့် ပြန်လည် အစားထိုးခြင်းလုပ်ငန်း၊

 


အက်ကွဲနေသော နံရံများအား ပလာစတာအသစ်ပြန်လည် ပြုပြင်ခြင်း၊ ဟောင်းနွမ်းနေသော ကြမ်းခင်း ကြွေပြားများနေရာတွင် ဂရက်နိုက် ကျောက်ပြားများဖြင့် အစားထိုးခင်းခြင်း၊ မိုးမလုံသောအမိုးများအား ပြုပြင်ခြင်း၊ ဓမ္မာရုံပတ်လမ်းများအား AC နိုင်လွန်ကတ္တရာ ခင်းခြင်း၊အဝင်လမ်း ဘယ်ညာနှစ်ဖက်ကို မြေယာအလှ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြံစည်းရိုး အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ၊ ခေတ်နှင့်လျော်ညီသော လျှပ်စစ်ပိုင်းဆိုင်ရာများ အစားထိုးလဲလှယ် ခြင်း၊ရေသန့်သိုလှောင်ထားရှိသုံးစွဲရန် ကန်၊ တိုင်ကီများ ဖြည့်တင်းခြင်းလုပ်ငန်းများ ပါဝင် ကြောင်း သိရသည်။

 

 

တက္ကသိုလ်များဓမ္မာရုံကြီး၏ မြန်မာမှုပိုင်း ကို တာဝန်ယူပြင်ဆင်လျက်ရှိသော မြန်မာမှု ပညာရှင်တစ်ဦးဖြစ်သူ ပဲခူးဦးမောင်ကိုက “အခုစလုပ်တာတော့ ငါးဘုံဆင့် ပြာသာဒ် ပေါ့။ ဒီပြာသာဒ်ကို ဖြုတ်လိုက်တဲ့နေရာမှာ နဂို မူလရှိတဲ့ ပန်းတွေက သွပ်နဲ့လုပ်ထားတာတွေ ပါ။ အခုကတော့ သွပ်အစား ရွှေရောင်စတီးနဲ့ ပြန်လုပ်မှာပါ။ နောက်တစ်ခု ပြာသာဒ်ဘုံအဆင့် ကြီး ရေရှည်ခိုင်ခံ့ရေးအတွက် နောက်ထပ် အမာခံတွေ ပြန်လုပ်မှာပါ။

 

 

ပန်းတွေမှာလည်း အရင်က သုံးထားတဲ့ သံထက်ပိုထူတဲ့ သံကို ပြန်သုံးမှာပါ။ ခိုင်ခံ့တာထက်ပိုပြီး ခိုင်ခံ့အောင် ပါ။ ဒါတွေပြီးသွားရင်တော့ ဘုရားဆောင် ဘက်က ခုနစ်ဘုံဆင့်ပြာသာဒ်ကို ဆက်ပြီး ပြုပြင်မှာပါ၊ ပြီးမှ အလယ်ကောင်ရိုးမှာရှိတဲ့ စပါးထပ်နဲ့ ပန်းတွေကို ဆက်ပြီးပြုပြင်မှာပါ။ အဲဒါပြီးရင် အတွင်းထဲက မျက်နှာကြက်ပိုင်း ပေါ့။ အထဲမှာကတော့ သစ်သားနဲ့လုပ်ထားတဲ့ အရင်မျက်နှာကြက်တွေပေါ့။ အဲဒီမှာ ကြာပွင့် ပုံစံမျက်နှာကြက်တွေတပ်ဖို့ လုပ်သွားမှာပါ။ ဒါတွေက မြန်မာမှုပိုင်းနဲ့ ပတ်သက်တာတွေ ပါ”ဟု ပြောကြားခဲ့သည်။

 

 

ယခင်က အဝင်မျက်နှာစာတွင်သာ ဆင်ဝင်မုခ်ဦးတစ်ခု ရှိခဲ့သော်လည်း ယခု ပြန်လည်မွမ်းမံချိန်တွင် ဓမ္မာရုံကြီး၏ ဘေးတစ်ဖက်တစ်ချက်စီ၌ ဆင်ဝင်မုခ်ဦး နှစ်ခုကို အသစ်ထည့်သွင်းတည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန် တက္ကသိုလ်၏ တက္ကသိုလ်များဓမ္မာရုံကြီးကို မွမ်းမံပြင်ဆင်လျက်ရှိရာ တက္ကသိုလ်များ ဓမ္မာရုံကြီး အသွင်သစ် အဆင်သစ်တို့ဖြင့် မြင်တွေ့ခွင့် ရရှိကြတော့မည်ဖြစ်သည်။

 

 

Source: Myanmaalinn

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ေငြက်ပ္သိန္းေပါင္း ၆၇၀၀ ေက်ာ္ခန႔္ျဖင့္ ရန္ကုန္တကၠသိုလ္ တကၠသိုလ္မ်ားဓမၼာ႐ုံႀကီးျပန္လည္ျပဳျပင္မည္

 

 

၁၉၂၀ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ ခဲ့ေသာ ရန္ကုန္တကၠသိုလ္မွာ လာမည့္ ၂၀၂၀ ျပည့္ႏွစ္တြင္ အႏွစ္ ၁၀၀ တင္းတင္း ျပည့္ေျမာက္ေတာ့မည္ျဖစ္သည္။

 

 

တကၠသိုလ္မ်ားဓမၼာ႐ုံႀကီးကို ၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၁ ရက္တြင္ ျပန္လည္မြမ္းမံ ျပဳျပင္ေရးလုပ္ငန္းမ်ား စတင္ေဆာင္႐ြက္ခဲ့ၿပီး ၂၀၂၀ ခုႏွစ္ ေမလခန႔္တြင္ ၿပီးစီးရန္ ခန႔္မွန္း ထားေၾကာင္း သိရသည္။ တကၠသိုလ္မ်ား ဓမၼာ႐ုံႀကီး ျပန္လည္ျပဳျပင္ရန္အတြက္ ေငြက်ပ္သိန္းေပါင္း ၆၇၀၀ ေက်ာ္ခန႔္ ကုန္က် မည္ျဖစ္ေၾကာင္း သိရသည္။

 

 

ရန္ကုန္တကၠသိုလ္ တကၠသိုလ္မ်ား ဓမၼာ႐ုံႀကီးကို အႀကီးစားမြမ္းမံျပင္ဆင္မႈမ်ား ျပဳလုပ္လ်က္ရွိရာ ႏိုဝင္ဘာ လဆန္းပိုင္းခန႔္တြင္ ျပဳျပင္မြမ္းမံမႈလုပ္ငန္းမ်ား၏ ၁၆ ရာခိုင္ႏႈန္းခန႔္ ၿပီးစီးၿပီဟု သိရသည္။ တကၠသိုလ္မ်ား ဓမၼာ ႐ုံႀကီးကို ျပန္လည္ျပဳျပင္မြမ္းမံျပင္ဆင္ရန္ႏွင့္ အျခားဆက္စပ္လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ အတြက္ ပညာေရးဝန္ႀကီးဌာန အဆင့္ျမင့္ ပညာဦးစီးဌာန(ရန္ကုန္)မွ ေဆာက္လုပ္ေရး ဝန္ႀကီးဌာနထံလုပ္ငန္းအပ္ႏွံေဆာင္႐ြက္ ေနျခင္းျဖစ္သည္။

 


ဓမၼာ႐ုံႀကီးမြမ္းမံျပင္ဆင္ျခင္းလုပ္ငန္းကို တာဝန္ယူေဆာင္႐ြက္ေနေသာ အေဆာက္အဦး အထူးအဖြဲ႕(၁) ဦးစီးအရာရွိ (ၿမိဳ႕ျပ) အင္ဂ်င္ နီယာ ဦးသန္းေဌးက လက္ရွိမြမ္းမံျပင္ဆင္မႈ ၿပီးစီးေသာအပိုင္းမ်ားႏွင့္ ပတ္သက္၍ “ကြၽန္ေတာ္တို႔ ပထမဆုံးဦးစားေပးလုပ္ရမယ့္ အလုပ္ျဖစ္တဲ့ ၾကမ္းခင္းပိုင္းၿပီးပါၿပီ။ ပလာ စတာခြာျခင္းလုပ္ငန္းလည္း ၿပီးခါနီးပါၿပီ။ ဘုံ ငါးဆင့္လုပ္ငန္းကို လုပ္ေဆာင္ေနပါၿပီ။ လုပ္ငန္းတစ္ခုလုံးနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ၁၆ ရာခိုင္ႏႈန္းေလာက္ ၿပီးသြားပါၿပီ။ ကြၽန္ေတာ္ တို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီးက ဥကၠ႒အျဖစ္ ဦးေဆာင္ၿပီး ႀကီးၾကပ္ ေနတဲ့အတြက္ မူလအေဆာက္အဦက ခိုင္ခိုင္ မာမာ၊ ေကာင္းေကာင္းမြန္မြန္နဲ႔ သပ္သပ္ ရပ္ရပ္ျဖစ္ေရးအတြက္ကို ရည္မွန္းၿပီး လုပ္ေန ပါတယ္” ဟု ရွင္းျပသည္။

 

 

မြမ္းမံျပင္ဆင္ရာတြင္ အပိုင္း ၁၄ ပိုင္း ခြဲျခားကာ လုပ္ငန္းမ်ားေဆာင္႐ြက္လ်က္ရွိၿပီး မူလေဟာင္းႏြမ္းေဆြးျမည့္ေနေသာ ၾကမ္းခင္း မ်ားေနရာတြင္ RCC ကြန္ကရစ္ၾကမ္းခင္း ေလာင္းကာ ပါေကးခင္းျခင္းလုပ္ငန္း၊ အမိုး ပိုင္းျပဳျပင္ျခင္းလုပ္ငန္းမ်ား အေနျဖင့္ ဘုံ ငါးဆင့္ႏွင့္ ဘုံခုနစ္ဆင့္ေနရာမ်ားတြင္ သစ္သားမ်ားအစား စတီးမ်ားျဖင့္ အစားထိုး၍ ႀကံ့ခိုင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္း၊ ျမန္မာမႈလက္ရာေနရာမ်ားတြင္ Gold Steel ျဖင့္ နဂိုရွိၿပီးလက္ရာအတိုင္း ျပန္လည္ ထုလုပ္တပ္ဆင္ျခင္း၊ ေဟာင္းႏြမ္းေနေသာ မ်က္ႏွာၾကက္မ်ားေနရာတြင္ အမ်ိဳးအစား ေကာင္းေသာ မ်က္ႏွာၾကက္မ်ားျဖင့္ ျပန္လည္ အစားထိုးျခင္းလုပ္ငန္း၊

 

 

အက္ကြဲေနေသာ နံရံမ်ားအား ပလာစတာအသစ္ျပန္လည္ ျပဳျပင္ျခင္း၊ ေဟာင္းႏြမ္းေနေသာ ၾကမ္းခင္း ေႂကြျပားမ်ားေနရာတြင္ ဂရက္ႏိုက္ ေက်ာက္ျပားမ်ားျဖင့္ အစားထိုးခင္းျခင္း၊ မိုးမလုံေသာအမိုးမ်ားအား ျပဳျပင္ျခင္း၊ ဓမၼာ႐ုံပတ္လမ္းမ်ားအား AC ႏိုင္လြန္ကတၱရာ ခင္းျခင္း၊အဝင္လမ္း ဘယ္ညာႏွစ္ဖက္ကို ေျမယာအလွ ျပဳျပင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္း၊ ၿခံစည္း႐ိုး အဆင့္ျမႇင့္တင္ ျခင္းလုပ္ငန္းမ်ား၊ ေခတ္ႏွင့္ေလ်ာ္ညီေသာ လွ်ပ္စစ္ပိုင္းဆိုင္ရာမ်ား အစားထိုးလဲလွယ္ ျခင္း၊ေရသန႔္သိုေလွာင္ထားရွိသုံးစြဲရန္ ကန္၊ တိုင္ကီမ်ား ျဖည့္တင္းျခင္းလုပ္ငန္းမ်ား ပါဝင္ ေၾကာင္း သိရသည္။

 

 

တကၠသိုလ္မ်ားဓမၼာ႐ုံႀကီး၏ ျမန္မာမႈပိုင္း ကို တာဝန္ယူျပင္ဆင္လ်က္ရွိေသာ ျမန္မာမႈ ပညာရွင္တစ္ဦးျဖစ္သူ ပဲခူးဦးေမာင္ကိုက “အခုစလုပ္တာေတာ့ ငါးဘုံဆင့္ ျပာသာဒ္ ေပါ့။ ဒီျပာသာဒ္ကို ျဖဳတ္လိုက္တဲ့ေနရာမွာ နဂို မူလရွိတဲ့ ပန္းေတြက သြပ္နဲ႔လုပ္ထားတာေတြ ပါ။ အခုကေတာ့ သြပ္အစား ေ႐ႊေရာင္စတီးနဲ႔ ျပန္လုပ္မွာပါ။ ေနာက္တစ္ခု ျပာသာဒ္ဘုံအဆင့္ ႀကီး ေရရွည္ခိုင္ခံ့ေရးအတြက္ ေနာက္ထပ္ အမာခံေတြ ျပန္လုပ္မွာပါ။

 

 

ပန္းေတြမွာလည္း အရင္က သုံးထားတဲ့ သံထက္ပိုထူတဲ့ သံကို ျပန္သုံးမွာပါ။ ခိုင္ခံ့တာထက္ပိုၿပီး ခိုင္ခံ့ေအာင္ ပါ။ ဒါေတြၿပီးသြားရင္ေတာ့ ဘုရားေဆာင္ ဘက္က ခုနစ္ဘုံဆင့္ျပာသာဒ္ကို ဆက္ၿပီး ျပဳျပင္မွာပါ၊ ၿပီးမွ အလယ္ေကာင္႐ိုးမွာရွိတဲ့ စပါးထပ္နဲ႔ ပန္းေတြကို ဆက္ၿပီးျပဳျပင္မွာပါ။ အဲဒါၿပီးရင္ အတြင္းထဲက မ်က္ႏွာၾကက္ပိုင္း ေပါ့။ အထဲမွာကေတာ့ သစ္သားနဲ႔လုပ္ထားတဲ့ အရင္မ်က္ႏွာၾကက္ေတြေပါ့။ အဲဒီမွာ ၾကာပြင့္ ပုံစံမ်က္ႏွာၾကက္ေတြတပ္ဖို႔ လုပ္သြားမွာပါ။ ဒါေတြက ျမန္မာမႈပိုင္းနဲ႔ ပတ္သက္တာေတြ ပါ”ဟု ေျပာၾကားခဲ့သည္။

 

 

ယခင္က အဝင္မ်က္ႏွာစာတြင္သာ ဆင္ဝင္မုခ္ဦးတစ္ခု ရွိခဲ့ေသာ္လည္း ယခု ျပန္လည္မြမ္းမံခ်ိန္တြင္ ဓမၼာ႐ုံႀကီး၏ ေဘးတစ္ဖက္တစ္ခ်က္စီ၌ ဆင္ဝင္မုခ္ဦး ႏွစ္ခုကို အသစ္ထည့္သြင္းတည္ေဆာက္မည္ ျဖစ္ေၾကာင္း သိရသည္။ ရန္ကုန္ တကၠသိုလ္၏ တကၠသိုလ္မ်ားဓမၼာ႐ုံႀကီးကို မြမ္းမံျပင္ဆင္လ်က္ရွိရာ တကၠသိုလ္မ်ား ဓမၼာ႐ုံႀကီး အသြင္သစ္ အဆင္သစ္တို႔ျဖင့္ ျမင္ေတြ႕ခြင့္ ရရွိၾကေတာ့မည္ျဖစ္သည္။

 

 

Source: Myanmaalinn

Read 1294 times Last modified on Monday, 17 February 2020 17:07
Rate this item
(0 votes)