သန်းပေါင်း၂၄ဝဝ ကျော်နဲ့ မြန်မာနိုင်ငံတွင် ပထမဆုံးတရားရေးဆိုင်ရာ အဆင့်မြင့်သင်တန်းကျောင်း တည်ဆောက်မည်

သန်းပေါင်း၂၄ဝဝ ကျော်နဲ့ မြန်မာနိုင်ငံတွင် ပထမဆုံးတရားရေးဆိုင်ရာ အဆင့်မြင့်သင်တန်းကျောင်း တည်ဆောက်မည် ြံGOOGLE

တရားစီရင်ရေးလုပ်ငန်းအပေါ် အများပြည်သူ၏ ယုံကြည်ကိုးစားမှုရရှိရန် တရားသူကြီးတစ်ဦးချင်းအနေဖြင့် ဂုဏ်သိက္ခာရှိမှု၊ သမာသမတ်ရှိမှုသာမက ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိရန်လည်း လိုအပ်သည့်အတွက် တရားသူကြီးတစ်ဦးချင်း၏ ပညာရပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တိုးမြှင့်စေရန် အဓိကရည်ရွယ်၍ အဆင့်မြင့်တရားရေး သင်တန်းကျောင်းတစ်ခုဖြစ်သည့် Judicial College ကို နေပြည်တော်၌ တည်ဆောက်သွားမည်ဖြစ်သည်။

 

အာဆီယံဒေသတွင်း တရားစီရင်ရေး ပူးပေါင်းဆောင်ရွက် မှုအနေဖြင့် Judicial College တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အစီအစဉ်ဖြင့်ဖြစ်စေ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်များတွင်ဖြစ်စေ ဖွင့်လှစ်မည့်သင်တန်းများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် လက်အောက်ရှိ တရားရုံးအဆင့်ဆင့်မှ တရားသူကြီးများ၊ တရားရေးအရာရှိ များနှင့် အာဆီယံနိုင်ငံများမှ တရားရေးအရာရှိများ၊ တရားသူကြီးများလည်း ပါဝင်တက်ရောက်နိုင်ရန် မျှော်မှန်း ၍ Judicial College ကို တည်ဆောက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် သုတေသနဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမာလာမော်က ဆိုသည်။

 

 

Judicial College ကို နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိခရိုင် ဥတ္တရသီရိမြို့ ဇဝနသိဒ္ဓိရပ်ကွက် နေကြာ လမ်း၌ တည်ဆောက်သွားမည်ဖြစ်ပြီး အလျား ၁၆၄ ပေ၊ အနံ ၁၂၆ ပေရှိ သံကူကွန်ကရစ် သုံးထပ်အဆောက်အဦး အဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့ (၄)က တာဝန်ယူ တည်ဆောက် သွားမည်ဖြစ်သည်။

 

 

Judicial College အဆောက်အဦး၏ မြေညီထပ်တွင် သင်တန်းခန်းမများနှင့် ဆွေးနွေးခန်းများ၊ စာကြည့်တိုက်နှင့် အင်တာနက်အသုံးပြုနိုင်ရန်အခန်း၊ စုပေါင်းအစည်းအဝေး ခန်းမ၊ လုံခြုံရေးအခန်း၊ တာဝန်ကျရုံးခန်း၊ ဧည့်ခန်း၊ စားသောက်ခန်း၊ နားနေခန်းနှင့် စတိုခန်းများ ပါဝင်မည် ဖြစ်ပြီး ပထမထပ်နှင့် ဒုတိယထပ်တို့တွင် အမျိုးသား၊ အမျိုးသမီးအိပ်ဆောင်များ ပါဝင်မည်ဖြစ်ကြောင်းသိရှိရသည်။

 

 

Judicial College အဆောက်အဦး တည်ဆောက်ရေး စီမံကိန်းတစ်ခုလုံး၏ တန်ဖိုးမှာ ငွေကျပ် ၂၄၀၁ သန်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း တစ်ထောင် ရန်ပုံငွေရရှိပြီးဖြစ်ကာ တည်ဆောက်ရေးအပိုင်းများကို ရန်ပုံငွေရရှိမှုအရ ဘဏ္ဍာနှစ်အလိုက် တည်ဆောက်သွားမည် ဖြစ်ကြောင်း အဆောက်အဦး ဦးစီးဌာန အဆောက်အဦး အထူးအဖွဲ့(၄)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်နွယ်နီဝင်းက ပြောကြားခဲ့သည်။

 

 

အဆိုပါ Judicial College အဆောက်အဦး ပန္နက်တော် တင် တွင်းတော်ဝန်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ တက်ရောက်၍ ပန္နက်တော်တင် တွင်းတော်ဝန်းပေးကြသည်။

 

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ချမှတ် အကောင်အထည်ဖော်လျက်ရှိသည့် ၂၀၁၈-၂၀၂၂ ခုနှစ် (၅)နှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းတွင် “တရားစီရင်ရေး၏ ပညာရပ်ကျွမ်းကျင်မှု၊ တာဝန်ခံနိုင်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မြှင့်တင်ဆောင်ရွက်ရန်” ဆိုသည့် အချက်ကို မဟာဗျူဟာနယ်ပယ်တစ်ရပ်အဖြစ် ဆောင်ရွက် လျက်ရှိပြီး တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း၏ မဟာဗျူဟာရည်မှန်းချက်(၄ ဒသမ ၄)နှင့်အညီ အဆိုပါ အဆင့်မြင့်တရားရေးသင်တန်းကျောင်း တည်ထောင် နိုင်ရေး ရေရှည်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာ မာလာမော်က ပြောသည်။

 

 

Judicial College သည် ပထမဆုံး တရားရေးဆိုင်ရာ အဆင့်မြင့်သင်တန်းကျောင်းဖြစ်ပြီး လက်ရှိကာလတွင် တရားသူကြီးများကို လေ့ကျင့်သင်ကြားပေးမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၌ ၂၀၀၂ ခုနှစ်က စတင်ဖွင့်လှစ်သည့် တရားရေးသင်တန်းကျောင်းတွင် ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းနှင့် တရားရုံးအဆင့်ဆင့်ရှိ တရားသူကြီးများအတွက် မွမ်းမံ သင်တန်းများကို စဉ်ဆက်မပြတ် ပို့ချပေးလျက်ရှိကြောင်း သိရသည်။ သို့သော် အဆိုပါ တရားရေးသင်တန်းကျောင်းမှာ နေရာအနေအထားအရ သင်တန်းသားဦးရေ ကန့်သတ်ချက် ဖြင့်သာ သင်ကြားနိုင်သည့်အပြင် ခေတ်နှင့်လျော်ညီသည့် သင်ထောက်ကူပစ္စည်းများ လိုအပ်မှုရှိသည့်အတွက် ယခုကဲ့သို့ အဆင့်မြင့်သင်တန်းကျောင်းကို တည်ထောင်ခြင်း ဖြစ်ကြောင်း သိရသည်။

 

 

အာဆီယံနိုင်ငံများတွင်လည်း တရားရေးသင်တန်း ကျောင်း၊ တရားရေးအကယ်ဒမီ၊ တရားရေးကောလိပ်များ တည်ထောင်၍ တရားရေးဆိုင်ရာ သင်တန်းများကို ပို့ချ ပေးလျက်ရှိပြီး အဆိုပါသင်တန်းများတွင် အခြားအာဆီယံ နိုင်ငံများမှ တရားသူကြီးများကိုလည်း အတွေ့အကြုံဖလှယ် နိုင်ရေး ပါဝင်တက်ရောက်ရန် ဖိတ်ကြားကြကြောင်း၊ တရားသူကြီးများအနေဖြင့် ထိုသို့ သင်တန်းများတက်ရောက် ၍ အတွေ့အကြုံများ ဖလှယ်ခွင့်ရသည့်အတွက် အာဆီယံ ဒေသတွင်း တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်ရာတွင် များစွာအကျိုးရှိပါကြောင်း ဒေါက်တာ မာလာမော်က ပြောသည်။

 

 

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း Judicial College အဆင့်မြင့်သင်တန်းကျောင်း တည်ဆောက်ပြီးစီး ပါက အာဆီယံနိုင်ငံများမှ တရားရေးအရာရှိများ၊ တရား သူကြီးများကို မိမိတို့နိုင်ငံတွင်ဖွင့်လှစ်မည့် တရားရေး သင်တန်းများတွင် တက်ရောက်နိုင်ရေး အာဆီယံတရားရေး အင်တာနက်အထူးစာမျက်နှာနှင့် တရားရေးဆိုင်ရာ လေ့ကျင့်ခြင်းနှင့် သင်ကြားပေးခြင်းလုပ်ငန်းအဖွဲ့တို့မှ တစ်ဆင့် သင်တန်းချိတ်ဆက် ဖွင့်လှစ်ပေးနိုင်ရန်လည်း ရည်ရွယ်ထားကြောင်း ၎င်းကဆိုသည်။

 

 

Source: Myanmaalinn

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

သန္းေပါင္း၂၄ဝဝ ေက်ာ္နဲ႔ ျမန္မာႏိုင္ငံတြင္ ပထမဆုံးတရားေရးဆိုင္ရာ အဆင့္ျမင့္သင္တန္းေက်ာင္း တည္ေဆာက္မည္

 

 

တရားစီရင္ေရးလုပ္ငန္းအေပၚ အမ်ားျပည္သူ၏ ယုံၾကည္ကိုးစားမႈရရွိရန္ တရားသူႀကီးတစ္ဦးခ်င္းအေနျဖင့္ ဂုဏ္သိကၡာရွိမႈ၊ သမာသမတ္ရွိမႈသာမက ပညာရပ္ပိုင္းဆိုင္ရာ ကြၽမ္းက်င္မႈရွိရန္လည္း လိုအပ္သည့္အတြက္ တရားသူႀကီးတစ္ဦးခ်င္း၏ ပညာရပ္ပိုင္းဆိုင္ရာ စြမ္းေဆာင္ရည္တိုးျမႇင့္ေစရန္ အဓိကရည္႐ြယ္၍ အဆင့္ျမင့္တရားေရး သင္တန္းေက်ာင္းတစ္ခုျဖစ္သည့္ Judicial College ကို ေနျပည္ေတာ္၌ တည္ေဆာက္သြားမည္ျဖစ္သည္။

 

 

အာဆီယံေဒသတြင္း တရားစီရင္ေရး ပူးေပါင္းေဆာင္႐ြက္ မႈအေနျဖင့္ Judicial College တြင္ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္၏ အစီအစဥ္ျဖင့္ျဖစ္ေစ၊ ႏိုင္ငံတကာ မိတ္ဖက္အဖြဲ႕အစည္းမ်ားျဖင့္ ပူးေပါင္းေဆာင္႐ြက္သည့္ အစီအစဥ္မ်ားတြင္ျဖစ္ေစ ဖြင့္လွစ္မည့္သင္တန္းမ်ားကို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ လက္ေအာက္ရွိ တရား႐ုံးအဆင့္ဆင့္မွ တရားသူႀကီးမ်ား၊ တရားေရးအရာရွိ မ်ားႏွင့္ အာဆီယံႏိုင္ငံမ်ားမွ တရားေရးအရာရွိမ်ား၊ တရားသူႀကီးမ်ားလည္း ပါဝင္တက္ေရာက္ႏိုင္ရန္ ေမွ်ာ္မွန္း ၍ Judicial College ကို တည္ေဆာက္ျခင္းျဖစ္ေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံး အျပည္ျပည္ဆိုင္ရာ ဆက္ဆံေရးႏွင့္ သုေတသနဌာန ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာမာလာေမာ္က ဆိုသည္။

 

 

Judicial College ကို ေနျပည္ေတာ္ေကာင္စီနယ္ေျမ ဥတၱရသီရိခ႐ိုင္ ဥတၱရသီရိၿမိဳ႕ ဇဝနသိဒၶိရပ္ကြက္ ေနၾကာ လမ္း၌ တည္ေဆာက္သြားမည္ျဖစ္ၿပီး အလ်ား ၁၆၄ ေပ၊ အနံ ၁၂၆ ေပရွိ သံကူကြန္ကရစ္ သုံးထပ္အေဆာက္အဦး အျဖစ္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန အေဆာက္အဦဦးစီးဌာန အေဆာက္အဦအထူးအဖြဲ႕ (၄)က တာဝန္ယူ တည္ေဆာက္ သြားမည္ျဖစ္သည္။

 

 

Judicial College အေဆာက္အဦး၏ ေျမညီထပ္တြင္ သင္တန္းခန္းမမ်ားႏွင့္ ေဆြးေႏြးခန္းမ်ား၊ စာၾကည့္တိုက္ႏွင့္ အင္တာနက္အသုံးျပဳႏိုင္ရန္အခန္း၊ စုေပါင္းအစည္းအေဝး ခန္းမ၊ လုံၿခဳံေရးအခန္း၊ တာဝန္က်႐ုံးခန္း၊ ဧည့္ခန္း၊ စားေသာက္ခန္း၊ နားေနခန္းႏွင့္ စတိုခန္းမ်ား ပါဝင္မည္ ျဖစ္ၿပီး ပထမထပ္ႏွင့္ ဒုတိယထပ္တို႔တြင္ အမ်ိဳးသား၊ အမ်ိဳးသမီးအိပ္ေဆာင္မ်ား ပါဝင္မည္ျဖစ္ေၾကာင္းသိရွိရသည္။

 

 

Judicial College အေဆာက္အဦး တည္ေဆာက္ေရး စီမံကိန္းတစ္ခုလုံး၏ တန္ဖိုးမွာ ေငြက်ပ္ ၂၄၀၁ သန္းျဖစ္ၿပီး ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္တြင္ ေငြက်ပ္သန္း တစ္ေထာင္ ရန္ပုံေငြရရွိၿပီးျဖစ္ကာ တည္ေဆာက္ေရးအပိုင္းမ်ားကို ရန္ပုံေငြရရွိမႈအရ ဘ႑ာႏွစ္အလိုက္ တည္ေဆာက္သြားမည္ ျဖစ္ေၾကာင္း အေဆာက္အဦး ဦးစီးဌာန အေဆာက္အဦး အထူးအဖြဲ႕(၄)မွ ဒုတိယၫႊန္ၾကားေရးမႉး(ၿမိဳ႕ျပ) ေဒၚႏြယ္နီဝင္းက ေျပာၾကားခဲ့သည္။

 

 

အဆိုပါ Judicial College အေဆာက္အဦး ပႏၷက္ေတာ္ တင္ တြင္းေတာ္ဝန္းမဂၤလာအခမ္းအနားကို ယေန႔နံနက္ ပိုင္းတြင္ က်င္းပခဲ့ၿပီး ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦးႏွင့္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ တရားသူႀကီးမ်ား တက္ေရာက္၍ ပႏၷက္ေတာ္တင္ တြင္းေတာ္ဝန္းေပးၾကသည္။

 

 

ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ခ်မွတ္ အေကာင္အထည္ေဖာ္လ်က္ရွိသည့္ ၂၀၁၈-၂၀၂၂ ခုႏွစ္ (၅)ႏွစ္တာ တရားစီရင္ေရး မဟာဗ်ဴဟာစီမံကိန္းတြင္ “တရားစီရင္ေရး၏ ပညာရပ္ကြၽမ္းက်င္မႈ၊ တာဝန္ခံႏိုင္မႈႏွင့္ ဂုဏ္သိကၡာရွိမႈတို႔ကို ျမႇင့္တင္ေဆာင္႐ြက္ရန္” ဆိုသည့္ အခ်က္ကို မဟာဗ်ဴဟာနယ္ပယ္တစ္ရပ္အျဖစ္ ေဆာင္႐ြက္ လ်က္ရွိၿပီး တရားစီရင္ေရး မဟာဗ်ဴဟာစီမံကိန္း၏ မဟာဗ်ဴဟာရည္မွန္းခ်က္(၄ ဒသမ ၄)ႏွင့္အညီ အဆိုပါ အဆင့္ျမင့္တရားေရးသင္တန္းေက်ာင္း တည္ေထာင္ ႏိုင္ေရး ေရရွည္စီမံကိန္း ေရးဆြဲအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့ေၾကာင္း ေဒါက္တာ မာလာေမာ္က ေျပာသည္။

 

 

Judicial College သည္ ပထမဆုံး တရားေရးဆိုင္ရာ အဆင့္ျမင့္သင္တန္းေက်ာင္းျဖစ္ၿပီး လက္ရွိကာလတြင္ တရားသူႀကီးမ်ားကို ေလ့က်င့္သင္ၾကားေပးမႈအေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီး လႈိင္သာယာၿမိဳ႕နယ္၌ ၂၀၀၂ ခုႏွစ္က စတင္ဖြင့္လွစ္သည့္ တရားေရးသင္တန္းေက်ာင္းတြင္ ဒုတိယၿမိဳ႕နယ္တရားသူႀကီးမ်ား လုပ္ငန္းဝင္သင္တန္းႏွင့္ တရား႐ုံးအဆင့္ဆင့္ရွိ တရားသူႀကီးမ်ားအတြက္ မြမ္းမံ သင္တန္းမ်ားကို စဥ္ဆက္မျပတ္ ပို႔ခ်ေပးလ်က္ရွိေၾကာင္း သိရသည္။ သို႔ေသာ္ အဆိုပါ တရားေရးသင္တန္းေက်ာင္းမွာ ေနရာအေနအထားအရ သင္တန္းသားဦးေရ ကန႔္သတ္ခ်က္ ျဖင့္သာ သင္ၾကားႏိုင္သည့္အျပင္ ေခတ္ႏွင့္ေလ်ာ္ညီသည့္ သင္ေထာက္ကူပစၥည္းမ်ား လိုအပ္မႈရွိသည့္အတြက္ ယခုကဲ့သို႔ အဆင့္ျမင့္သင္တန္းေက်ာင္းကို တည္ေထာင္ျခင္း ျဖစ္ေၾကာင္း သိရသည္။

 

 

အာဆီယံႏိုင္ငံမ်ားတြင္လည္း တရားေရးသင္တန္း ေက်ာင္း၊ တရားေရးအကယ္ဒမီ၊ တရားေရးေကာလိပ္မ်ား တည္ေထာင္၍ တရားေရးဆိုင္ရာ သင္တန္းမ်ားကို ပို႔ခ် ေပးလ်က္ရွိၿပီး အဆိုပါသင္တန္းမ်ားတြင္ အျခားအာဆီယံ ႏိုင္ငံမ်ားမွ တရားသူႀကီးမ်ားကိုလည္း အေတြ႕အႀကဳံဖလွယ္ ႏိုင္ေရး ပါဝင္တက္ေရာက္ရန္ ဖိတ္ၾကားၾကေၾကာင္း၊ တရားသူႀကီးမ်ားအေနျဖင့္ ထိုသို႔ သင္တန္းမ်ားတက္ေရာက္ ၍ အေတြ႕အႀကဳံမ်ား ဖလွယ္ခြင့္ရသည့္အတြက္ အာဆီယံ ေဒသတြင္း တရားစီရင္ေရး ပူးေပါင္းေဆာင္႐ြက္ရာတြင္ မ်ားစြာအက်ိဳးရွိပါေၾကာင္း ေဒါက္တာ မာလာေမာ္က ေျပာသည္။

 

 

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံအေနျဖင့္လည္း Judicial College အဆင့္ျမင့္သင္တန္းေက်ာင္း တည္ေဆာက္ၿပီးစီး ပါက အာဆီယံႏိုင္ငံမ်ားမွ တရားေရးအရာရွိမ်ား၊ တရား သူႀကီးမ်ားကို မိမိတို႔ႏိုင္ငံတြင္ဖြင့္လွစ္မည့္ တရားေရး သင္တန္းမ်ားတြင္ တက္ေရာက္ႏိုင္ေရး အာဆီယံတရားေရး အင္တာနက္အထူးစာမ်က္ႏွာႏွင့္ တရားေရးဆိုင္ရာ ေလ့က်င့္ျခင္းႏွင့္ သင္ၾကားေပးျခင္းလုပ္ငန္းအဖြဲ႕တို႔မွ တစ္ဆင့္ သင္တန္းခ်ိတ္ဆက္ ဖြင့္လွစ္ေပးႏိုင္ရန္လည္း ရည္႐ြယ္ထားေၾကာင္း ၎ကဆိုသည္။

 

 

Source: Myanmaalinn

 

Read 1193 times Last modified on Tuesday, 18 February 2020 16:07
Rate this item
(0 votes)