မန္တလေးမြို့ရှိ ရွှေကျောင်းတော်ကြီး ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရန် အမေရိကန်က ဒေါ်လာသုံးသိန်း ဆက်လက်ကူညီမည်

မန္တလေးမြို့ရှိ ရွှေကျောင်းတော်ကြီး ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရန် အမေရိကန်က ဒေါ်လာသုံးသိန်း ဆက်လက်ကူညီမည် GOOGLE

မန္တလေးမြို့ရှိရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ် သော အတု မရှိ ရွှေကျောင်းတော်ကြီးအား ရှေးမူမပျက် ပြုပြင်ထိန်းသိမ်း ရန် အတွက်အမေရိကန်နိုင်ငံမှ ဒေါ်လာသုံးသိန်းဆက်လက်ကူညီ မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး၏ နိုဝင်ဘာ ၈ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

 

ယခုအကူအညီအပါအဝင် အမေရိကန်နိုင်ငံမှ မန္တလေး၊ ရွှေကျောင်းတော် ကြီး အတွက် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း ပြုလုပ်ရန် စုစုပေါင်းဒေါ်လာ ၁.၁သန်း ထောက်ပံ့ကူညီပေးခဲ့ပြီး ဖြစ်ကာ ထပ်မံပေးအပ်မည့်ရန်ပုံငွေ ဖြင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များ၊စွမ်းရည်မြှင့်တင်ခြင်း လုပ်ငန်း များ နှင့်မန္တလေးတိုင်းအတွင်းရှိ သူများကို ထိန်းသိမ်းရေးလုပ်ငန်း များ လုပ်ဆောင်နိုင်ရန် လေ့ကျင့် သင်တန်းပေးခြင်းများအတွက် အသုံးပြုရန် ကူညီပံ့ပိုးပေးခြင်း ဖြစ်သည်။

 

 

"ဒီသမိုင်းဝင်ကျောင်းတော် ကြီးထိန်းသိမ်းစောင့်ရှောက် ရေးအတွက် အမေရိကန်ပြည် ထောင်စုက အကူအညီပေးတာ ဟာဒေသခံပြည်သူတွေ အတွက် အကျိုးရှိသလို ခရီးသွား ဧည့်သည် တွေအတွက်လည်း ဒီအရေးပါလှ တဲ့ယဉ်ကျေးမှုဆိုင်ရာအဆောက် အအုံကို ဆက်လက်ပြီး ကြည့်ရှု လေ့လာခံစားနိုင် ဖို့ အတွက် အထောက်အကူပြုမှာသေချာပါ တယ်။ မြန်မာနိုင်ငံရဲ့ြွကယ်ဝလှတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကျွန်တော်တို့ လေးစားတန်ဖိုး ထားပါတယ်။ ဒီနိုင်ငံအတွင်း ခရီးသွား အများဆုံးလာရောက်တဲ့ နေရာတွေထဲက နေရာတစ်ခုကို ပြုပြင်ထိန်းသိမ်းခွင့်ရတဲ့အတွက် ကျွန်တော်တို့ အင်မတန်ဂုဏ်ယူ ဝမ်းမြောက်ရပါတယ်"ဟု စီမံကိန်း နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ စကော့မာစီရယ် က ပြောသည်။

 

ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း ကိုအမေရိကန်နိုင်ငံ၏အကူအညီ ဖြင့် ကမ္ဘာတစ်ဝှမ်းရှိယဉ်ကျေးမှု လက်ရာများကို ပြုပြင်ထိန်းသိမ်း ပေးနေသော အမေရိကန်အခြေ စိုက်အဖွဲ့အစည်းဖြစ်သော ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်အဆောက် အအုံများထိန်းသိမ်းစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့နှင့် အတူ ဒေသခံလက်မှုပညာရှင်များသည် ရွှေကျောင်းတော်ကြီး၏ ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း များကို ၂၀၁၄ခုနှစ်မှ စတင်ဆောင်ရွက် ခဲ့ကြောင်း၊ ယင်းအဖွဲ့သည် သုတေသနပြုလုပ်ခြင်းနှင့် အကဲဖြတ်ခြင်းများ ပြုလုပ်ပြီး နောက်ကျွန်းသစ်အဆောက်အအုံ ကြီး၏ပျက်စီးယိုယွင်းမှုကို ရပ်တန့် စေရန်အရေးပေါ်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် စီမံကိန်းမှတစ်ဆင့် ဒေသခံ လက်မှုပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ဧည့်လမ်းညွှန်များ ကိုထိန်းသိမ်းရေးလုပ် ငန်း နှင့်သက်ဆိုင်သည်များကိုလေ့ကျင့်သင်တန်း ပေးနေခြင်းဖြစ်သည်။

 

 

ကျောင်းတော်ကြီး၏ရေစီး ရေလာကောင်းမွန်ရေးအတွက် လိုအပ်သည်များကိုပြင်ဆင်၍ အဆင့်မြှင့်တင်ခြင်း၊လှေကားအုံ ကြီးအားပြုပြင်ခြင်း၊ ကျွန်းသစ် နေရာတွင် ပျဉ်းကတိုးဖြင့် မူလ ဆောက်လုပ်ထားသည့်အတိုင်း အစားထိုးခြင်း၊အလှဆင်ထားသော အနုပညာလက်ရာများ အားပြု ပြင်ထိန်းသိမ်းခြင်း၊အစားထိုးပြင် ဆင်ခြင်းများအတွက် ရန်ပုံငွေ များကို ယခုကာလအထိပေးအပ် ထားကြောင်းသိရသည်။

 

 

ရွှေကျောင်းတော်ကြီးကို ၁၉ရာစုကုန်းဘောင်ခေတ် ၊မြန်မာဘုရင်များလက်ထက်တွင် တည်ဆောက်ခဲ့ပြီး ကျောင်းတော် ကြီး၏သမိုင်းဆိုင်ရာအချက် အလက်များနှင့်ဗိသုကာဆိုင်ရာ ထူးခြားချက်များရှိသောကြောင့် မြန်မာနိုင်ငံ၏ရှေးဟောင်းသု တေသနဆိုင်ရာစစ်တမ်းတွင် ထိန်းသိမ်းကာကွယ်ထားသော အမွေအနှစ်အဖြစ် ၁၉၁၉ခုနှစ် ကတည်းက ထည့်သွင်းကာကွယ် ထားကြောင်း၊၁၉၉၆ခုနှစ် တွင်ကမ္ဘာ့အမွေအနှစ်စာရင်းတွင် တင်သွင်းရန် အဆိုပြုအမွေအနှစ် စာရင်းတွင်လည်းရွှေကျောင်း တော်ကြီးပါဝင်ခဲ့ကြောင်း သိရသည်။

 

 

Source:Democracy Today

 

 

Myanmar Builders Guide

---Zawgyi---

 

 

မႏၲေလးၿမိဳ႕ရွိေရွးေဟာင္း အေမြအႏွစ္တစ္ခုျဖစ္ ေသာ အတု မရွိ ေ႐ႊေက်ာင္းေတာ္ႀကီးအား ေရွးမူမပ်က္ ျပဳျပင္ထိန္းသိမ္း ရန္ အတြက္အေမရိကန္ႏိုင္ငံမွ ေဒၚလာသုံးသိန္းဆက္လက္ကူညီ မည္ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာအေမရိကန္သံ႐ုံး၏ ႏိုဝင္ဘာ ၈ရက္ေန႔ ထုတ္ျပန္ခ်က္အရ သိရသည္။

 

ယခုအကူအညီအပါအဝင္ အေမရိကန္ႏိုင္ငံမွ မႏၲေလး၊ ေ႐ႊေက်ာင္းေတာ္ ႀကီး အတြက္ ျပဳျပင္ ထိန္းသိမ္းေရးလုပ္ငန္း ျပဳလုပ္ရန္ စုစုေပါင္းေဒၚလာ ၁.၁သန္း ေထာက္ပံ့ကူညီေပးခဲ့ၿပီး ျဖစ္ကာ ထပ္မံေပးအပ္မည့္ရန္ပုံေငြ ျဖင့္ ျပဳျပင္ထိန္းသိမ္းျခင္းလုပ္ငန္း မ်ား၊စြမ္းရည္ျမႇင့္တင္ျခင္း လုပ္ငန္း မ်ား ႏွင့္မႏၲေလးတိုင္းအတြင္းရွိ သူမ်ားကို ထိန္းသိမ္းေရးလုပ္ငန္း မ်ား လုပ္ေဆာင္ႏိုင္ရန္ ေလ့က်င့္ သင္တန္းေပးျခင္းမ်ားအတြက္ အသုံးျပဳရန္ ကူညီပံ့ပိုးေပးျခင္း ျဖစ္သည္။

 

ပလက္ဝႏွင့္ စစ္ေတြ ဆိပ္ကမ္းလုပ္ေဆာင္ခြင့္ ကုမၸဏီစာရင္းကို ဒီဇင္ဘာတြင္ ထုတ္ျပန္မည္

 

"ဒီသမိုင္းဝင္ေက်ာင္းေတာ္ ႀကီးထိန္းသိမ္းေစာင့္ေရွာက္ ေရးအတြက္ အေမရိကန္ျပည္ ေထာင္စုက အကူအညီေပးတာ ဟာေဒသခံျပည္သူေတြ အတြက္ အက်ိဳးရွိသလို ခရီးသြား ဧည့္သည္ ေတြအတြက္လည္း ဒီအေရးပါလွ တဲ့ယဥ္ေက်းမႈဆိုင္ရာအေဆာက္ အအုံကို ဆက္လက္ၿပီး ၾကည့္ရႈ ေလ့လာခံစားႏိုင္ ဖို႔ အတြက္ အေထာက္အကူျပဳမွာေသခ်ာပါ တယ္။ ျမန္မာႏိုင္ငံရဲ႕ျြကယ္ဝလွတဲ့ ယဥ္ေက်းမႈအေမြအႏွစ္ေတြကို ကြၽန္ေတာ္တို႔ ေလးစားတန္ဖိုး ထားပါတယ္။ ဒီႏိုင္ငံအတြင္း ခရီးသြား အမ်ားဆုံးလာေရာက္တဲ့ ေနရာေတြထဲက ေနရာတစ္ခုကို ျပဳျပင္ထိန္းသိမ္းခြင့္ရတဲ့အတြက္ ကြၽန္ေတာ္တို႔ အင္မတန္ဂုဏ္ယူ ဝမ္းေျမာက္ရပါတယ္"ဟု စီမံကိန္း ႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီး မစၥတာ စေကာ့မာစီရယ္ က ေျပာသည္။

 

ျပဳျပင္ထိန္းသိမ္းေရးစီမံကိန္း ကိုအေမရိကန္ႏိုင္ငံ၏အကူအညီ ျဖင့္ ကမာၻတစ္ဝွမ္းရွိယဥ္ေက်းမႈ လက္ရာမ်ားကို ျပဳျပင္ထိန္းသိမ္း ေပးေနေသာ အေမရိကန္အေျခ စိုက္အဖြဲ႕အစည္းျဖစ္ေသာ ကမာၻ႔ ေရွးေဟာင္းအေမြအႏွစ္အေဆာက္ အအုံမ်ားထိန္းသိမ္းေစာင့္ေရွာက္ေရး ရန္ပုံေငြအဖြဲ႕ႏွင့္ အတူ ေဒသခံလက္မႈပညာရွင္မ်ားသည္ ေ႐ႊေက်ာင္းေတာ္ႀကီး၏ ျပဳျပင္ ထိန္းသိမ္းေရးလုပ္ငန္း မ်ားကို ၂၀၁၄ခုႏွစ္မွ စတင္ေဆာင္႐ြက္ ခဲ့ေၾကာင္း၊ ယင္းအဖြဲ႕သည္ သုေတသနျပဳလုပ္ျခင္းႏွင့္ အကဲျဖတ္ျခင္းမ်ား ျပဳလုပ္ၿပီး ေနာက္ကြၽန္းသစ္အေဆာက္အအုံ ႀကီး၏ပ်က္စီးယိုယြင္းမႈကို ရပ္တန႔္ ေစရန္အေရးေပၚျပဳျပင္ျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္းႏွင့္ စီမံကိန္းမွတစ္ဆင့္ ေဒသခံ လက္မႈပညာရွင္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ဧည့္လမ္းၫႊန္မ်ား ကိုထိန္းသိမ္းေရးလုပ္ ငန္း ႏွင့္သက္ဆိုင္သည္မ်ားကိုေလ့က်င့္သင္တန္း ေပးေနျခင္းျဖစ္သည္။

ေက်ာင္းေတာ္ႀကီး၏ေရစီး ေရလာေကာင္းမြန္ေရးအတြက္ လိုအပ္သည္မ်ားကိုျပင္ဆင္၍ အဆင့္ျမႇင့္တင္ျခင္း၊ေလွကားအုံ ႀကီးအားျပဳျပင္ျခင္း၊ ကြၽန္းသစ္ ေနရာတြင္ ပ်ဥ္းကတိုးျဖင့္ မူလ ေဆာက္လုပ္ထားသည့္အတိုင္း အစားထိုးျခင္း၊အလွဆင္ထားေသာ အႏုပညာလက္ရာမ်ား အားျပဳ ျပင္ထိန္းသိမ္းျခင္း၊အစားထိုးျပင္ ဆင္ျခင္းမ်ားအတြက္ ရန္ပုံေငြ မ်ားကို ယခုကာလအထိေပးအပ္ ထားေၾကာင္းသိရသည္။

 

ေ႐ႊေက်ာင္းေတာ္ႀကီးကို ၁၉ရာစုကုန္းေဘာင္ေခတ္ ၊ျမန္မာဘုရင္မ်ားလက္ထက္တြင္ တည္ေဆာက္ခဲ့ၿပီး ေက်ာင္းေတာ္ ႀကီး၏သမိုင္းဆိုင္ရာအခ်က္ အလက္မ်ားႏွင့္ဗိသုကာဆိုင္ရာ ထူးျခားခ်က္မ်ားရွိေသာေၾကာင့္ ျမန္မာႏိုင္ငံ၏ေရွးေဟာင္းသု ေတသနဆိုင္ရာစစ္တမ္းတြင္ ထိန္းသိမ္းကာကြယ္ထားေသာ အေမြအႏွစ္အျဖစ္ ၁၉၁၉ခုႏွစ္ ကတည္းက ထည့္သြင္းကာကြယ္ ထားေၾကာင္း၊၁၉၉၆ခုႏွစ္ တြင္ကမာၻ႔အေမြအႏွစ္စာရင္းတြင္ တင္သြင္းရန္ အဆိုျပဳအေမြအႏွစ္ စာရင္းတြင္လည္းေ႐ႊေက်ာင္း ေတာ္ႀကီးပါဝင္ခဲ့ေၾကာင္း သိရသည္။

 

 

 

 

Read 1628 times Last modified on Wednesday, 19 February 2020 16:48
Rate this item
(0 votes)
Tagged under