ဇြြဲကပင္ေတာင္ ေပၚတက္ႏုိင္မည့္ ေကဘယ္လ္ကားမ်ား ၂၀၂၀ ျပည့္ႏွစ္တြင္ စတင္ေျပးဆြဲႏုိင္ရန္ ေမ်ွာ္မွန္း

ဇြြဲကပင္ေတာင္ ေပၚတက္ႏုိင္မည့္ ေကဘယ္လ္ကားမ်ား ၂၀၂၀ ျပည့္ႏွစ္တြင္ စတင္ေျပးဆြဲႏုိင္ရန္ ေမ်ွာ္မွန္း GOOGLE

ဆြစ္ဇာလန္နည္းပညာျဖင့္ တည္ ေဆာက္ေနသည့္ ဇြဲကပင္ေတာင္ ေကဘယ္လ္ကားစီမံကိန္းမွာ ၈၀ ရာခိုင္ႏႈန္းခန္႔ၿပီးစီးေနၿပီး ၂၀၂၀ ျပည့္ ႏွစ္ ေမလ၌ စတင္ေျပးဆြဲႏိုင္ရန္ေမွ်ာ္ မွန္း ထားေၾကာင္း အဆိုပါ စီမံကိန္းကို တာဝန္ယူလုပ္ကိုင္ေနသည့္ Zwekapin Land & Cable Car Development Co.,Ltd ၏ CEO ဦးဗညားေဇာ္က ႏိုဝင္ဘာ ၇ ရက္တြင္ ေျပာသည္။

အဆိုပါစီမံကိန္းကို ဆြစ္ဇာလန္ ႏိုင္ငံတြင္ ၁၈၉၂ ခုႏွစ္က စတင္တည္ ေထာင္ခဲ့ေသာ ကမာၻ႔ပထမဆုံးႏွင့္ ကမာၻ႔အႀကီးဆုံးေကဘယ္လ္ကား ကုမၸဏီမွ ထုတ္လုပ္သည့္ ေကဘယ္လ္ကား တပ္ဆင္ ေရးပစၥည္းမ်ားကို ဝယ္ယူကာ ဆြစ္ဇာလန္၊ ဂ်ာမနီ၊ အီတလီႏိုင္ငံတို႔မွ ကြၽမ္းက်င္ အင္ဂ်င္နီယာမ်ား၊ ျမန္မာအင္ဂ်င္နီယာမ်ား၊ ျမန္မာလုပ္သားမ်ားျဖင့္ ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္ ေမလ၌ စတင္လုပ္ေဆာင္ေနျခင္း ျဖစ္သည္။

 

"ဇြဲကပင္ဆိုတာ ကရင္ျပည္နယ္ရဲ႕ အထိမ္းအမွတ္ေနရာ ျဖစ္ပါတယ္။ ဒီလိုလုပ္ေဆာင္တယ္ဆိုတာက အဓိက ေတာ့ ကရင္ျပည္နယ္ရဲ႕ ၿငိမ္းခ်မ္းေရး ျပယုဂ္တစ္ခုပဲ။ ၿငိမ္းခ်မ္းေရးရလာတာ နဲ႔အမွ် ႏိုင္ငံေတာ္အပါအဝင္အဖြဲ႕ အစည္း ေတြ အကုန္လုံးက တက္ညီလက္ညီနဲ႔ လုပ္တဲ့အခါက်ေတာ့ ကရင္ျပည္နယ္ရဲ႕ စီးပြားေရးကေတာ္ေတာ္ေလး ဖြံ႕ၿဖိဳးလာ ပါတယ္။ ေနာက္တစ္ခုက ခရီးသြားေတြ မ်ားလာတယ္။လည္ စရာေတြက တစ္ေနရာ တည္းမဟုတ္ဘဲ ခံစားမႈမတူတာေတြ အမ်ားႀကီးလည္း ႀကဳံရပါတယ္။ သဘာဝ ပတ္ဝန္းက်င္ကိုအဓိကထားၿပီး ဒါကိုလုပ္တာပါ"ဟု ဦးဗညားေဇာ္က ေျပာသည္။

 

ျမန္မာ-ကိုရီးယား စီးပြားေရးပူးေပါင္းမႈ စက္မႈဇုန္စီမံကိန္းႏွစ္ခု လက္ရွိတြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္ေနျပီျဖစ္

 

လက္ရွိ စီမံကိန္းအတြက္ မရွိမျဖစ္ အေရးပါေသာ လုပ္ငန္းသုံး Working Cable တပ္ဆင္ျခင္းလုပ္ငန္း ေအာင္ ျမင္စြာၿပီးေျမာက္ခဲ့ၿပီျဖစ္ေၾကာင္း သိရ သည္။

 

စီမံကိန္းၿပီးစီးပါက ယခင္က ႏွစ္နာရီခန္႔တက္ေရာက္ရသည့္အစား

၅၁ ေယာက္စီးေကဘယ္လ္ကားျဖင့္ ေလး မိနစ္ခန္႔စီးနင္း႐ုံျဖင့္ ဇြဲကပင္ဆံေတာ္ရွင္ ေစတီေတာ္သို႔ တက္ေရာက္ဖူးေျမာ္ႏိုင္မည္ျဖစ္သည္။

 

ေကဘယ္လ္ကားစီးနင္းခအေနျဖင့္ တစ္ဦးလွ်င္ အတက္ က်ပ္ ၅.ဝ၀ဝ ႏွင့္ အဆင္း ၅,ဝ၀ဝ သတ္မွတ္ထားၿပီး ေလ့လာေရးလာေရာက္မည့္ ေက်ာင္းသား မ်ားအတြက္ အထူးေလွ်ာ့ေဈး ႏႈန္းမ်ား ေပးမည္ျဖစ္ေၾကာင္း သိရ သည္။

 

ေကဘယ္လ္ကားေမာင္းႏွင္ရန္ ဘားအံ ဓာတ္အားခြဲစက္႐ုံမွ လွ်ပ္စစ္မီးရယူထားၿပီး Energy Save ျဖစ္ေစရန္ ၁ မီဂၢါဝပ္ မီးစက္တစ္လုံး၊ ၁၃၀ ကီလိုဝပ္ မီးစက္တစ္လုံးႏွင့္ မေတာ္တဆ လွ်ပ္စစ္မီးျပတ္ ေတာက္ပါက ေကဘယ္လ္ကားအတြင္း တပ္ဆင္ထားသည့္ ဘက္ထရီႏွင့္ ဆက္လက္ေမာင္းႏွင္မည္ျဖစ္သည္။

 

အဆိုပါစီမံကိန္းသည္ ျမန္မာႏိုင္ငံ သားတစ္ဦးတည္းပိုင္ စီမံကိန္းျဖစ္ၿပီး ေဒၚလာ ၁၂ ဒသမ ၅ သန္းရင္းႏွီးျမႇဳပ္ႏွံ ထားေၾကာင္း သိရသည္။

 

 

<<<UNICODE>>>


ဆွစ်ဇာလန်နည်းပညာဖြင့် တည် ဆောက်နေသည့် ဇွဲကပင်တောင် ကေဘယ်လ်ကားစီမံကိန်းမှာ ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး ၂၀၂၀ ပြည့် နှစ် မေလ၌ စတင်ပြေးဆွဲနိုင်ရန်မျှော် မှန်း ထားကြောင်း အဆိုပါ စီမံကိန်းကို တာဝန်ယူလုပ်ကိုင်နေသည့် Zwekapin Land & Cable Car Development Co.,Ltd ၏ CEO ဦးဗညားဇော်က နိုဝင်ဘာ ၇ ရက်တွင် ပြောသည်။

 

အဆိုပါစီမံကိန်းကို ဆွစ်ဇာလန် နိုင်ငံတွင် ၁၈၉၂ ခုနှစ်က စတင်တည် ထောင်ခဲ့သော ကမ္ဘာ့ပထမဆုံးနှင့် ကမ္ဘာ့အကြီးဆုံးကေဘယ်လ်ကား ကုမ္ပဏီမှ ထုတ်လုပ်သည့် ကေဘယ်လ်ကား တပ်ဆင် ရေးပစ္စည်းများကို ဝယ်ယူကာ ဆွစ်ဇာလန်၊ ဂျာမနီ၊ အီတလီနိုင်ငံတို့မှ ကျွမ်းကျင် အင်ဂျင်နီယာများ၊ မြန်မာအင်ဂျင်နီယာများ၊ မြန်မာလုပ်သားများဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မေလ၌ စတင်လုပ်ဆောင်နေခြင်း ဖြစ်သည်။

 

"ဇွဲကပင်ဆိုတာ ကရင်ပြည်နယ်ရဲ့ အထိမ်းအမှတ်နေရာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တယ်ဆိုတာက အဓိက တော့ ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး ပြယုဂ်တစ်ခုပဲ။ ငြိမ်းချမ်းရေးရလာတာ နဲ့အမျှ နိုင်ငံတော်အပါအဝင်အဖွဲ့ အစည်း တွေ အကုန်လုံးက တက်ညီလက်ညီနဲ့ လုပ်တဲ့အခါကျတော့ ကရင်ပြည်နယ်ရဲ့ စီးပွားရေးကတော်တော်လေး ဖွံ့ဖြိုးလာ ပါတယ်။ နောက်တစ်ခုက ခရီးသွားတွေ များလာတယ်။လည် စရာတွေက တစ်နေရာ တည်းမဟုတ်ဘဲ ခံစားမှုမတူတာတွေ အများကြီးလည်း ကြုံရပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကိုအဓိကထားပြီး ဒါကိုလုပ်တာပါ"ဟု ဦးဗညားဇော်က ပြောသည်။

 

လက်ရှိ စီမံကိန်းအတွက် မရှိမဖြစ် အရေးပါသော လုပ်ငန်းသုံး Working Cable တပ်ဆင်ခြင်းလုပ်ငန်း အောင် မြင်စွာပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း သိရ သည်။

 

ရန္ကုန္တိုင္းေဒသႀကီးမွ ပိတ္သိမ္းသြားေသာ စက္႐ုံမ်ား ပဲခူးစက္မႈဇုန္တြင္ ျပန္လည္လုပ္ကိုင္ရန္ လာေရာက္ကမ္းလွမ္း

 

စီမံကိန်းပြီးစီးပါက ယခင်က နှစ်နာရီခန့်တက်ရောက်ရသည့်အစား

၅၁ ယောက်စီးကေဘယ်လ်ကားဖြင့် လေး မိနစ်ခန့်စီးနင်းရုံဖြင့် ဇွဲကပင်ဆံတော်ရှင် စေတီတော်သို့ တက်ရောက်ဖူးမြော်နိုင်မည်ဖြစ်သည်။

 

ကေဘယ်လ်ကားစီးနင်းခအနေဖြင့် တစ်ဦးလျှင် အတက် ကျပ် ၅.ဝဝဝ နှင့် အဆင်း ၅,ဝဝဝ သတ်မှတ်ထားပြီး လေ့လာရေးလာရောက်မည့် ကျောင်းသား များအတွက် အထူးလျှော့ဈေး နှုန်းများ ပေးမည်ဖြစ်ကြောင်း သိရ သည်။

 


ကေဘယ်လ်ကားမောင်းနှင်ရန် ဘားအံ ဓာတ်အားခွဲစက်ရုံမှ လျှပ်စစ်မီးရယူထားပြီး Energy Save ဖြစ်စေရန် ၁ မီဂ္ဂါဝပ် မီးစက်တစ်လုံး၊ ၁၃၀ ကီလိုဝပ် မီးစက်တစ်လုံးနှင့် မတော်တဆ လျှပ်စစ်မီးပြတ် တောက်ပါက ကေဘယ်လ်ကားအတွင်း တပ်ဆင်ထားသည့် ဘက်ထရီနှင့် ဆက်လက်မောင်းနှင်မည်ဖြစ်သည်။

 

အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံ သားတစ်ဦးတည်းပိုင် စီမံကိန်းဖြစ်ပြီး ဒေါ်လာ ၁၂ ဒသမ ၅ သန်းရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

 

Source: Myanmar Times 

Myanmar Builders Guide

Read 142 times
Rate this item
(0 votes)