အမေရိကန်ဒေါ်လာ သန်း၃၀၀ကျော် အကုန်အကျခံတည်ဆောက်မည့်လေးလမ်းသွား သန်လျင်တံတားသစ်

အမေရိကန်ဒေါ်လာ သန်း၃၀၀ကျော် အကုန်အကျခံတည်ဆောက်မည့်လေးလမ်းသွား သန်လျင်တံတားသစ် GOOGLE

သာကေတနှင့်သန်လျင်မြို့နယ်ကိုဆက်သွယ်မည့်သန်လျင်တံတားအမှတ်(၃)ကိုဂျပန်တည်ဆောက်ရေးကုမ္ပဏီများက လေးလမ်းသွားတံတားအဖြစ်အဆင့်၃ဆင့်ခွဲ၍တစ်ပြိုင်တည်းတည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးMr.Ichiro Maruyama ကပြောကြားခဲ့သည်။

 

“တံတားစီမံကိန်းကို Package 1,2, 3 ဆိုပြီးအဆင့်လိုက်တစ်ပြိုင်တည်း တည်ဆောက်ပေးမှာဖြစ်တယ်။သီလဝါအထူးစီးပွားရေးဇုန်ကနေကုန်ပစ္စည်းတွေအကန့်အသတ်ရှိနေတာကြောင့် လိုအပ်နေတဲ့ ခေတ်မီ တံတားတစ်စင်းကို တည်ဆောက်ပေးရတာဖြစ်တယ်။လမ်းပိုင်းတွေကောင်းမွန်ဖို့ကတ္တရာလမ်းသစ်ခင်းတဲ့လုပ်ငန်းလုပ်ဆောင်နေတာနိုဝင်ဘာလအတွင်းပြီးနိုင်အောင်လုပ်ခဲ့ပေမယ့်လုပ်ငန်းစဉ်တွေကျန်နေသေးတာကြောင့် နှစ်ကုန်ပိုင်းမှပဲပြီးစီးမှာဖြစ်တယ်”ဟု၎င်းကဆိုသည်။

 

ထိုသန်လျင်တံတားအမှတ်၃တည်ဆောက်ရာတွင် တံတားအရှည် ၁၉၂၈မီတာရှိမည်ဖြစ်ပြီးပင်မတံတားအရှည်၁၂၂၄မီတာရှည်လျားမည်ဖြစ်ကြောင်းချဉ်းကပ်တံတားအနေဖြင့်သန်လျင်ဘက်ခြမ်းတွင်ချဉ်းကပ်တံတားအရှည်၄၀၄မီတာရှိမည်ဖြစ်ပြီးသာကေတဘက်ခြမ်းတွင်မီတာ၃၀၀ရှိမည်ဖြစ်ကြောင်းသိရသည်။

 

 

ထိုတံတားကိုအမေရိကန်ဒေါ်လာသန်း၃၀၀ကျော်အကုန်အကျခံတည်ဆောက်မည်ဖြစ်ပြီးတံတားခံနိုင်ဝန်အားသည်ယာဉ်တစ်စီးလျှင်၇၅တန်သတ်မှတ်ထားကြောင်းသိရှိရသည်။

 

 

အဆိုပါတံတားသစ်သည်ပဲခူးမြစ်ကိုဖြတ်သန်း၍သာကေတနှင့်သန်လျင်မြို့နယ်တို့ကိုဆက်သွယ်မည်ဖြစ်ပြီးတံတားအမှတ်၁ ၏အောက်ဘက်၁၂၅မီတာအကွာတွင်တည်ဆောက်သွားမည်ဟု သတင်းရရှိခဲ့သည်။

 

 

Source:Myawadi Journal

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

အေမရိကန္ေဒၚလာ သန္း၃၀၀ေက်ာ္ အကုန္အက်ခံတည္ေဆာက္မည့္ေလးလမ္းသြား သန္လ်င္တံတားသစ္

 

 

သာေကတႏွင့္သန္လ်င္ၿမိဳ႕နယ္ကိုဆက္သြယ္မည့္သန္လ်င္တံတားအမွတ္(၃)ကိုဂ်ပန္တည္ေဆာက္ေရးကုမၸဏီမ်ားက ေလးလမ္းသြားတံတားအျဖစ္အဆင့္၃ဆင့္ခြဲ၍တစ္ၿပိဳင္တည္းတည္ေဆာက္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာသံအမတ္ႀကီးMr.Ichiro Maruyama ကေျပာၾကားခဲ့သည္။

 

 

“တံတားစီမံကိန္းကို Package 1,2, 3 ဆိုၿပီးအဆင့္လိုက္တစ္ၿပိဳင္တည္း တည္ေဆာက္ေပးမွာျဖစ္တယ္။သီလဝါအထူးစီးပြားေရးဇုန္ကေနကုန္ပစၥည္းေတြအကန႔္အသတ္ရွိေနတာေၾကာင့္ လိုအပ္ေနတဲ့ ေခတ္မီ တံတားတစ္စင္းကို တည္ေဆာက္ေပးရတာျဖစ္တယ္။လမ္းပိုင္းေတြေကာင္းမြန္ဖို႔ကတၱရာလမ္းသစ္ခင္းတဲ့လုပ္ငန္းလုပ္ေဆာင္ေနတာႏိုဝင္ဘာလအတြင္းၿပီးႏိုင္ေအာင္လုပ္ခဲ့ေပမယ့္လုပ္ငန္းစဥ္ေတြက်န္ေနေသးတာေၾကာင့္ ႏွစ္ကုန္ပိုင္းမွပဲၿပီးစီးမွာျဖစ္တယ္”ဟု၎ကဆိုသည္။

 

ထိုသန္လ်င္တံတားအမွတ္၃တည္ေဆာက္ရာတြင္ တံတားအရွည္ ၁၉၂၈မီတာရွိမည္ျဖစ္ၿပီးပင္မတံတားအရွည္၁၂၂၄မီတာရွည္လ်ားမည္ျဖစ္ေၾကာင္းခ်ဥ္းကပ္တံတားအေနျဖင့္သန္လ်င္ဘက္ျခမ္းတြင္ခ်ဥ္းကပ္တံတားအရွည္၄၀၄မီတာရွိမည္ျဖစ္ၿပီးသာေကတဘက္ျခမ္းတြင္မီတာ၃၀၀ရွိမည္ျဖစ္ေၾကာင္းသိရသည္။

 

 

ထိုတံတားကိုအေမရိကန္ေဒၚလာသန္း၃၀၀ေက်ာ္အကုန္အက်ခံတည္ေဆာက္မည္ျဖစ္ၿပီးတံတားခံႏိုင္ဝန္အားသည္ယာဥ္တစ္စီးလွ်င္၇၅တန္သတ္မွတ္ထားေၾကာင္းသိရွိရသည္။

 

 

အဆိုပါတံတားသစ္သည္ပဲခူးျမစ္ကိုျဖတ္သန္း၍သာေကတႏွင့္သန္လ်င္ၿမိဳ႕နယ္တို႔ကိုဆက္သြယ္မည္ျဖစ္ၿပီးတံတားအမွတ္၁ ၏ေအာက္ဘက္၁၂၅မီတာအကြာတြင္တည္ေဆာက္သြားမည္ဟု သတင္းရရွိခဲ့သည္။

 

 

Source:Myawadi Journal

Read 26758 times Last modified on Wednesday, 19 February 2020 17:25
Rate this item
(1 Vote)