Institution

Monday, 17 February 2020 13:24

ပဲခူးတိုင်းဒေသကြီးအတွင်း ငွေကျပ်ပေါင်း သိန်း ၇၈၀၀ ကျော် အကုန်ကျခံကာ သဘာဝဘေးဒဏ်ခံနိုင်ရန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့

ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးဒဏ်ခံနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်ခြင်း လုပ်ငန်းများကို ငွေကျပ်ပေါင်း သိန်း ၇၈၀၀ ကျော်ဖြင့် အကုန်ကျခံ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
Saturday, 15 February 2020 16:18

ရှမ်းပြည်နယ်တွင် ကျေးရွာဖွံဖြိုးရေးစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀၀ ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်

ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံဖြိုးရေးစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀၀ ကို ကျေးရွာ ၁၅ ရွာသို့ ရန်ပုံငွေကျပ် သိန်း ၁၀၀ စီ တာဝန်ရှိသူများက ကျေးရွာကော်မတီများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
Saturday, 15 February 2020 15:09

မကွေးတိုင်းဒေသကြီးတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ပြီးစီးပါက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပွင့်လန်းလာမည်

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ရေရှင်ကျေးရွာ၌ ၄၀၀ ဗို့ ဓာတ်အားလိုင်း ပေ ၁၃၀၀ သွယ်တန်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Friday, 14 February 2020 11:23

ဆောင်ရွက်ဆဲလုပ်ငန်းများမှ မတည်ငွေ တိုးမြှင့်ကာ လုပ်ငန်းသစ် ၁၂ ခုအား ခွင့်ပြု

ဆောင်ရွက်ဆဲလုပ်ငန်း (၁၉)ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အခြား ဝန်ဆောင်မှု ကဏ္ဍနှင့် ဟိုတယ်ကဏ္ဍတို့မှ လုပ်ငန်းသစ် (၁၂)ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့သည်။
Monday, 10 February 2020 10:13

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးလက်နေပြည်သူများ ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိရန် စီမံဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများအားလုံး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကုန်တွင် ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ရရှိအောင် ရည်မှန်းထားကြောင်းနှင့် ဖြစ်မြောက်အောင် စီမံဆောင်ရွက်လျှက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ခတ္ထိယ-တွံတေး 33/11 KV.(5) MVA ဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
Saturday, 08 February 2020 15:37

အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် သက်မွေးပညာလုပ်ငန်းဆိုင်ရာ ဂျပန်သင်တန်းကို နေပြည်တော်တွင် ဖွင့်လှစ်ရန်စီစဉ်နေ

Society of Economic Cooperation in Hokkaido(SEC) ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံမှ လူငယ်များကို အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် သက်မွေးပညာလုပ်ငန်းဆိုင်ရာ ဂျပန်သင်တန်းကို နေပြည်တော်တွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။
Friday, 07 February 2020 14:10

ဂါလန် ၂၄၀၀ ဆံ စင်မြင့်ရေစင်တည်ဆောက်မှု ပြီးစီးပါက အိမ်ခြေ ၃၀၀ ကျော် သောက်သုံးရေ ရရှိနိုင်မည်

မကွေးတိုင်းဒေသကြီးသည် အခြားတိုင်းဒေသများနှင့် ယှဉ်လျှင် မိုးရေချိန်နည်းပါးလွန်းသဖြင့် ရေလိုအပ်မှု မြင့်မားလျက်ရှိခြင်းကြောင့် ကျေးလက်ရွာများတွင် သောက်သုံးရေ ရရှိအောင် ဆောင်ရွက်လျက်ရှိသည်။
Thursday, 06 February 2020 10:16

ပုဂံရှေးဟောင်းစေတီများကို အိန္ဒိယနိုင်ငံကရူပီး ၄၅ ကုဋေ အကုန်ကျခံကာ ပြုပြင်ထိန်းသိမ်းသွားမည်

ပုဂံဒေသရှိ ရှေးဟောင်းစေတီ ၉၂ ဆူကို အိန္ဒိယနိုင်ငံက ရူပီး ၄၅ ကုဋေ အကုန်ကျခံကာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာမှ သိရသည်။
Wednesday, 05 February 2020 17:21

ဒလမြို့နယ်တွင် စက်မှုလက်မှု အထက်တန်းကျောင်းဆောက်လုပ်ရန် မြေနေရာများ စတင်ဆောင်ရွက်နေ

စက်မှုလက်မှုအထက်တန်းကျောင်းကို ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်အနီး သပြေကုန်းကျေးရွာ၊ ထန်းပင်လမ်းထောင့်ရှိ မြေဧက ၂၀ တွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Search Articles