Tuesday, 25 February 2020 13:34

မြေနီကုန်းခုံးကျော်တံတားအောက်၌ အားကစားပြုလုပ်နိုင်ရန် ကြမ်းပြင်များပြုပြင်ခင်းကျင်းနေ

ရန်ကုန်မြို့ မြေနီကုန်းခုံးကျော်တံတားအောက်၌ လူငယ်များအားကစား ပြုလုပ်ရာတွင် အဆင်ပြေစေရန် မူလခင်းကျင်းထားသော ကြမ်းပြင်များအစား ချောမွေ့သည့် ကြမ်းပြင်များ ပြန်လည်ပြုပြင် ခင်းကျင်းနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

Saturday, 22 February 2020 14:04

ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်အတွင်းရှိ လမ်းသွယ် ၂၉ လမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆောက်ရွက်ရန် လျာထားလျက်ရှိ

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ လမ်းသွယ် ၂၉ လမ်းအား လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်းများ ခင်းပေးရန် လျာထားရေးဆွဲပြီးဖြစ်ကြောင်း လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

Saturday, 22 February 2020 10:49

မြန်မာပြည်တွင် အလှဆုံးတံတားဖြစ်လာမည့် သန်လျင်အမှတ် (၃) တံတား

ရန်ကုန်တိုင်းဒေသကြီး သာကေတနှင့် သန်လျင်မြို့သို့ ဆက်သွယ်ပေးမည့် ပဲခူးမြစ်ကူးတံတား သန်လျင်အမှတ် (၃) ချည်းကပ်လမ်းကို မေလ ၃ ရက်နေ့က စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း ဆောက်လုပ်ရေးဌာန၊တံတားဦးစီးဌာနမှ သတင်းရရှိသည်။

Saturday, 22 February 2020 09:33

သန်း၃ဝဝကျော်ဖြင့် ပေ ၂ဝဝဝကျော်ရှည်သည့် ဒဂုံမြို့သစ်တောင်ပိုင်းရှိ မောင်းမကန်လမ်းမှ ပုဂံလမ်းအထိ ကွန်ကရစ်ခင်းမည်

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ မောင်းမကန်လမ်းမှ ပုဂံလမ်းအထိ အရှည် ၂,၉၆၀ ပေရှိပြီး ခန့်မှန်းတွက်ချက်ထားသော ဘတ်ဂျက်မှာ စုစုပေါင်း ငွေကျပ် သန်း ၃၀၀ ကျော်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

Friday, 21 February 2020 13:03

သန်လျင်-သီလဝါ နိုင်ငံတကာအဆင့်မီ လေးလမ်းသွား တိုးချဲ့လမ်းမကြီးစတင်ဖွင့်လှစ်

ဂျပန်နိုင်ငံ JICA ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော အရှည် ၈ ဒသမ ၇ ကီလိုမီတာရှိ သန်လျင်-သီလဝါ နိုင်ငံတကာအဆင့်မီ လေးလမ်းသွားတိုးချဲ့လမ်းမကြီး ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

Friday, 21 February 2020 09:14

ခန့်မှန်းငွေ ၇ ဘီလီယံကျော်ဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်မည့် လမ်းသစ်တစ်ခု ၂ နှစ်အတွင်း ဖောက်လုပ်ရန် စီစဉ်နေ

အနောက်ဘက် မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ ချိတ်ဆက်မည့်လမ်းသစ်ဖောက်လုပ်နိုင်ရန် ခန့်မှန်းကုန်ကျစရိတ် ၇ ဘီလီယံကျော်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Wednesday, 19 February 2020 15:51

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရန်ပုံငွေ သန်း ၃၀ ကျော်ဖြင့် ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ ရေတံခွန်ကျေးရွာတွင် ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းအား ငွေကျပ် သန်း ၃၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Wednesday, 19 February 2020 15:23

ပုသိမ်-မုံရွာကားလမ်းပေါ်တွင် အန္တရာယ်ကွေ့များကို ပြုပြင်တိုးချဲ့မှုများ ဖေဖော်ဝါရီလအတွင်း အပြီးသတ်နိုင်ရန် ဆောင်ရွက်လျက်ရှိ

ပုသိမ်-မုံရွာ ကားလမ်းပေါ်တွင် အန္တရာယ်ရှိကွေ့များကို အကျယ် ၂၃ ပေ အထိ တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများ ဖေဖော်ဝါရီလအတွင်း အပြီးသတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Wednesday, 19 February 2020 11:34

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျပ်သိန်း ၃၀၀ အကုန်ကျခံကာ သေနတ်ပစ် လေ့ကျင့်ရေးကွင်း တည်ဆောက်လျက်ရှိနေ

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ခရိုင်အားကစားကွင်းကြီးတွင် သေနတ်ပစ်အားကစား လေ့ကျင့်ရေးကွင်း တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

Tuesday, 18 February 2020 10:07

သဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်အစားထိုးလဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် EDCF ထံမှ အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်း ချေးငွေရယူရေးကိစ္စ ဆွေးနွေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်အစားထိုးလဲလှယ်ခြင်း လုပ်ငန်းဆောက်ရွက်ခြင်းများ လုပ်ဆောင်ရန်အတွက် ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှှု ပူပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ (EDCF) ထံမှ အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်းချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

Page 1 of 11

Search Articles