Search results for: ဒလ - Myanmar Builders Guide

ယခု ၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းအတွက် ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်း မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)မှ သိရသည်။

ပုသိမ်တံတားအမှတ်(၂) တည်ဆောက်ရေး စီမံကိန်းတွင် ပါဝင်သော မြေယာများအတွက် မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေ ရာချထားခြင်းနှင့် ပြန်လည်ထူ ထောင်ခြင်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်နေပြီး ရသင့်၊ရထိုက်သူများကို လျော်ကြေးအ မြန်ဆုံးပေးအပ်ရန် ဆောင်ရွက် နကြောင်း


 



 



 

နှစ်ပေါင်း ၁၆၀ ကျော်ရှိပြီဖြစ်သည့် ဒလသင်္ဘောကျင်းအဆင့်မြှင့်တင်ရာတွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ထည့်သွင်းသွားမည်

 


 


 


 


<<<UNICODE>>>

 

ပုသိမ်တံတားအမှတ်(၂) တည်ဆောက်ရေး စီမံကိန်းတွင် ပါဝင်သော မြေယာများအတွက် မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေ ရာချထားခြင်းနှင့် ပြန်လည်ထူ ထောင်ခြင်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်နေပြီး ရသင့်၊ရထိုက်သူများကို လျော်ကြေးအ မြန်ဆုံးပေးအပ်ရန် ဆောင်ရွက် နေကြောင်း

ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူး ဦးရာဇာအေးက နိုဝင်ဘာ ၄ ရက်က ပုသိမ် မြို့ ကမ်းနားလမ်းရှိ တံတားအထူး အဖွဲ့ ၁၆ ရုံး အစည်းအဝေးခန်း မတွင် ပြောကြားခဲ့သည်။

 

ပုသိမ်တံတားစီမံကိန်းမှာ၂၀၁၈ နိုဝင်ဘာကစတင်ခဲ့ပြီး တံတားတည်ဆောက်ရန် လိုအပ်သော မြေအကျယ်အဝန်းကို လမ်းအလယ်မှနေ၍ တစ်ဖက်လျှင် ပေ၄၀ စီသတ်မှတ်ထားသည်။

ယင်းစီမံကိန်းဧရိယာအတွင်းပုသိမ်မြို့တစ်ဖက်ကမ်း အမှတ်(၉)ရပ်ကွက်၊ စိန်ကုန်းရပ်မှ လူနေအိမ်နှင့် အဆောက်အအုံ ၄၉ လုံး ပါဝင်နေကြောင်း အဆိုပါ တံတားဦးစီးဌာန မှတ်တမ်းအရ သိရသည်။

 

ထိုစီမံကိန်းဧရိယာအတွင်း ပါ ဝင်သည့် လူနေအိမ်နှင့်အဆောက် အအုံ ပြောင်းရွှေ့ဖျက်သိမ်းစရိတ် ကျပ် ၂,၅၈၈ သိန်းကျော်ကို ၂၀၁၈ဒီဇင်ဘာက ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်ဖြင့် တံတားဦးစီးဌာန က နစ်နာသူများထံ ပေးလျော်ခဲ့ ကြောင်း မှတ်တမ်းများအရ သိရသည်။

သို့သော် ပါဝင်သည့် မြေယာများအတွက် တစ်နှစ်ခန့်ကြာမြင့်သည့်တိုင် လျော်ကြေးနစ်နာ ကြေးများ မရရှိသဖြင့် ဒေသခံ အချို့၏ ဝေဖန်မှုများ ရှိခဲ့သည်။

 

အငြိမ်းစားယူမည့် ဝန်ထမ်းများအတွက် တစ်နှစ်လျှင် အိမ်ရာလိုအပ်ချက် ၁၃၀၀၀ ယူနစ်ကျော် ဆောက်လုပ်ပေးရမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး လွှတ်တော်၌ဖြေကြား

 

‘‘ဘာလို့ မြေယာလျော်ကြေး ပေးဖို့ ကြန့်ကြာနေရတာလဲဆိုရင် မြေယာ လုပ်ထုံးလုပ်နည်းအရ ကျွန်တော်တို့က စိစစ်တယ်၊ မြေ ယာဈေးနှုန်းတွေ ရေးဆွဲရပါ တယ်။ ဒီလိုရေးဆွဲထားတာကို လည်း ပြည်ထောင်စုအဆင့်အ ထိ တင်ပြရတာတွေ ရှိပါတယ်။ တစ်နည်းပြောရရင် လုပ်ထုံးလုပ် နည်းတွေအတိုင်း ဆောင်ရွက်နေ ရတာမို့ ကြန့်ကြာနေရတာ ဖြစ်ပါ တယ်’’ဟု ဦးရာဇာအေးက ပြော သည်။ ထို့အပြင် မြေယာလျော် ကြေးပေးရန် တံတားဦးစီးဌာန တွင် လုံလောက်သော ရန်ပုံငွေ အသင့်ရှိပြီးဖြစ်သည်ဟု ၎င်းကဆို သည်။

 

မြေတန်ဖိုးသတ်မှတ်နှုန်း ကို ပြည်ထောင်စုအစိုးရက ခွင့် ပြုပါက အထောက်အထားဖြင့် တင်ပြလာသူများအား ပေးအပ် ရန် စီစဉ်ထားကြောင်း ဦးရာဇာ အေးက ပြောသည်။ သို့သော် မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်း ပွားမှုများရှိပါက တရားရုံး အဆုံးအဖြတ်ဖြင့် ရသင့်သူ အားပေးအပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

 

‘‘တံတားတည်ဆောက်ရေး နဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ပြောစရာမရှိပါဘူး။ ဒေသဖွံ့ဖြိုး မှာမို့ ကျွန်တော်တို့က ဝမ်းသာတာ ပါ။ သို့လော သို့လော ကျွန်တော် တို့ဖြစ်နေတာ မရှိပါဘူး။ ဒါပေမဲ့ လျော်ကြေးနဲ့ပတ်သက်ပြီး ကျွန် တော်တို့ နစ်နာနေတာတွေ အ များကြီးပါ။ ကျွန်တော်တို့ နေခဲ့ တာနှစ်ပေါင်းကြာပါပြီ။ လျော် တဲ့အချိန်ကျရင်တော့ ပွင့်လင်း မြင်သာဖြစ်အောင်တော့ လုပ်ပေး ပါ’’ဟု စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် ဒေသခံ ကိုအောင် မြတ်သူက ပြောသည်။

 

ချဉ်းကပ်လမ်းအပါအဝင် ကျပ် ၂၁၁ သန်း ကုန် ကျမည်ဟု ခန့်မှန်းထားသော ပုသိမ်တံတားအမှတ်(၂) ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် တွင် အပြီးတည်ဆောက်ရန် စီစဉ် ထားကြောင်း သိရသည်။

 

Source: 7 Day news

Myanmar Builders Guide

နှစ်ပေါင်း ၁၆၀ ကျော်ရှိပြီဖြစ်သည့် ဒလသင်္ဘောကျင်းအဆင့်မြှင့်တင်ရာတွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ထည့်သွင်း သွားမည်ဖြစ်ကြောင်း ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်း အင်ဂျင်နီယာမှူးကြီး ဦးအက်စ်ကေမြတ် သူက ပြောသည်။


 

သိရသည်။

 



 


 

သန်လျင်အမှတ် ၃ တံတားနှင့် ရန်ကုန် - ဒလ မြစ်ကူးတံတား ရေလမ်းကြောင်းသတိပေးချက်များ ထုတ်ပြန်နိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကော်မတီဖွဲ့စည်းဆောင်ရွက်မည်

 

 


 

 


 


 


 

တရုတ်အစိုးရနှင့် သဘောတူညီပါက မူဆယ်နယ်စပ်စီးပွားရေးဇုန် အကောင်အထည်ဖော်မည်

 

 


 


 


 


 

၂၀၂၂ ခုနှစ်တွင် အာဆီယံနှင့် အိန္ဒိယအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ဘီလျံ ၂၀၀ အထိ တိုးမြှင့် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

 


 


 


 


 



 


 


 


 


 

 

 

Source-Daily Eleven 

 


 

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမစီမံကိန်း ပြီးမြောက်အောင် ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး ကမ္ဘောဒီးယား-လာအို-ဗီယက်နမ်နိုင်ငံများသို့ ဆက်လက်တိုးချဲ့ လုပ်ဆောင်မည်

 

ဖြစ်ကြောင်း သိရသည်။

 


၁၆ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးပွဲအပြီးတွင် အာဆီယံ က ထုတ်ပြန်သည့် ကြေညာချက်တွင် အိန္ဒိယအနေဖြင့် မြန်မာ၊ ထိုင်းနှင့် သုံးနိုင်ငံ ချိတ်ဆက်မည့်

 

အဝေးပြေးလမ်းမစီမံကိန်းကို ပြီးမြောက်အောင် လုပ်ဆောင်မည်ဖြစ်ပြီး ယင်းစီမံကိန်းကို ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်အထိ ဆက်လက် တိုးမြှင့်မည်ဟု ကြေညာချက်တွင် ပါရှိ

 

သည်။

 

နိုင်ငံအချင်းချင်း ချိတ်ဆက်မည့် အဝေးပြေးလမ်းမစီမံကိန်း၌ အသစ်တည်ဆောက်ရန်ရှိသည့် တံတားအကြီး သုံးခုနှင့် တံတားအသေး နှစ်ခုပါဝင်မည် ဖြစ်သည်။

 

ထို့ပြင် ပြန်လည်ပြုပြင်ထိန်းသိမ်းရေးအနေဖြင့် တံတားအကြီးစား လေးခု၊ တံတား အသေး ကိုးခုနှင့် ပြန်လည် တည်ဆောက်ရန် လိုအပ်သည့် တံတားအသေး ခြောက်ခု၊ ရေထွက်ပေါက်

 

၂၂၆ ခု၊ အဝေးပြေးလမ်းမတစ်လျှောက် ယဉ်ရပ်နားစခန်း အခု ၂၀ တို့ကိုလည်း တည်ဆောက်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ထို့ပြင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ချိတ်ဆက်မည့်

 

အဝေးပြေးလမ်းမစီမံကိန်းနှင့် ပတ်သက်၍ လုပ်ဆောင်ရန်လည်း ရှိနေသည်။

 

 

ဆက်လက်၍ အိန္ဒိယနိုင်ငံ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အကြားလုပ်ဆောင်မည့် အစီအစဉ်များအား အာဆီယံနိုင်ငံများနှင့် အတူ ပူးပေါင်းလုပ်ဆောင်နိုင်ရန် စောင့် မျှော်နေကြောင်း၊

 

အစွန်းရောက်အကြမ်းဖက် မှုများ၊ နိုင်ငံတကာရာဇဝတ်မှုများနှင့် Cyber မှုခင်းများ တိုက်ဖျက်နိုင်ရန်အတွက် အာဆီ ယံနှင့် အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုများ အား အာဆီယံ Cyber

 

လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု နည်းဗျူဟာမှတစ်ဆင့် အကောင်အထည်ဖော်ရန်၊ ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု၊ ချိတ်ဆက်ဆက်သွယ်မှု၊ ရေရှည်တည်တံ့ ခိုင်မြဲသော တိုးတက်ဖွံ့ဖြိုးရေး

 

နှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အင်ဒိုပိစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနှင့် ကြီးပွားချမ်းသာရေးတို့အတွက် အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ရန်၊

 

၂၀၂၂ ခုနှစ်တွင် အာဆီယံနှင့် အိန္ဒိယအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ဘီလျံ ၂၀၀ အထိ တိုုးမြှင့် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

 

ဒေသတွင်း ပြီးပြည့်စုံသော စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု RCEP ကို လက်ရှိ ရလဒ်အပေါ် ကြိုဆိုပြီး ၂၀၂၀ ပြည့်နှစ်တွင် စီးပွားရေးဆိုင်ရာ သဘောတူညီမှုများ ထွက်ပေါ်လာရန်၊

 

အာဆီယံ ချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာ ၂၀၂၅ အား ဆက်လက် အကောင်အထည်ဖော်ရန်၊ အာဆီယံနှင့် အိန္ဒိယအကြား ချိတ်ဆက်မှု ပူးပေါင်း ဆောင်ရွက်ရေးမြှင့်တင်သွား

 

ရန်နှင့် ၂၀၁၉ ခုနှစ်သည် အာဆီယံ-အိန္ဒိယ ခရီးသွားလာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှစ်အဖြစ်လုပ်ဆောင်မှု အောင်မြင်ပြီး ယင်း အောင်မြင်မှုအပေါ် ဆက်လက်တိုးမြှင့်သွား မည်

 

ဖြစ်ကြောင်းလည်း အာဆီယံ-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲ၏ အနှစ်ချုပ်ကြေညာ ချက်အရ သိရသည်။

 

 


အာဆီယံ-အိန္ဒိယထိပ်သီးဆွေးနွေးပွဲ ကို ၁၆ ကြိမ်မြောက်အဖြစ် ၃၅ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများတွင် ထည့်သွင်းကျင်းပခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာ

 

၃ ရက်တွင် ပြုလုပ်ခဲ့သော ယင်းဆွေးနွေးပွဲတွင် အာဆီယံ ခေါင်းဆောင်များနှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

 

 

ထို့ပြင် အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကာလအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်အချင်းချင်း သီးသန့် တွေ့ဆုံမှုတစ်ရပ်အဖြစ်

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံပွဲနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက

 

၎င်း၏ Twitter စာမျက်နှာတွင် မိုဒီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှုမှာ အလုပ်ဖြစ်သော တွေ့ဆုံမှုတစ်ခုဖြစ်ခဲ့ကြောင်း မှတ်ချက်ပြု ရေးသားထားခဲ့သည်။

 

သန်လျင်အမှတ် ၃ တံတားနှင့် ရန်ကုန် - ဒလ မြစ်ကူးတံတားတည်ဆောက်ရေး စီမံကိန်းများ၏ ရေကြောင်းဆိုင်ရာလုပ်ငန်းများ စတင်နေပြီဖြစ်သည့်အတွက် ရေလမ်းကြောင်း

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတား တည်ဆောက်သည့်နေရာသည် ရေကြောင်းသွားလာမှုများသော ရန်ကုန်မြစ်နှင့် လူစည်ကားသော ရန်ကုန်မြို့တွင်းသို့ ဆက်သွယ်ထားသည့်

ရန်ကုန်တိုင်းအစိုးရ ရောင်းချပေးမည့် မြေကွက်များ ကို ဝယ်လိုသဖြင့် ဖောင်ဝယ်သူ တစ်သောင်းကျော်ရှိပြီး အမှန်တ ကယ်တင်ပြသူသည် အောက် တိုဘာ ၂၉ ရက်အထိ နှစ်ထောင်

သယ်ယူပို့ဆောင်ရေးဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ရထားနှင့် ကား ပေါင်းစပ်ပြေးဆွဲသည့်စနစ်အား သမိုင်းဘူတာကို အဆင့်မြှင့်တင်ကာ ရထားနှင့် ကား ပေါင်းစပ်ပြေးဆွဲသည့်စနစ်အား စတင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးဌာနများနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များမှ၂၀၁၈-၁၉ဘဏ္ဏာရေးနှစ်အတွင်းအမည်မည်းစာရင်း( Black List )အဖြစ်သတ်မှတ်ခြင်းခံရသောတည်ဆောက်ရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့်ကုမ္ပဏီ၄၀ကျော်ကိုအစိုးရအဖွဲ့

 

ကကြေညာလိုက်သည်။

ရန်ကုန်ဘက်ခြမ်း ဘုန်းကြီးလမ်းပေါ်ရှိ ဒလတံတားတည်ဆောက်ရေး လုပ်ငန်းခွင်ဧရိယာနှင့် မလွတ်ကင်းသည့် စံပြရုပ်ရှင်ရုံ ၏ပေါ်တီကို (ဆင်ဝင်) အား နောက်သို့ ပြန်ဆုတ် တည်ဆောက်သည့်လုပ်ငန်းစဉ် (အောက်တိုဘာ ၂၅ ရက်) ကစတင်နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။

Page 1 of 14

Search Articles