အင်ဒိုနီးရှားနိုင်ငံရှိ ဂျာကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်း ဥမင်၏ ပထမအဆင့် တစ်ကီလိုမီတာ ဆောက်လုပ် ပြီးစီးထား

အင်ဒိုနီးရှားနိုင်ငံရှိ ဂျာကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်း ဥမင်၏ ပထမအဆင့် တစ်ကီလိုမီတာ ဆောက်လုပ် ပြီးစီးထား

အင်ဒိုနီးရှားနိုင်ငံရှိ ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း (HSR) တွင် ဖောက်လုပ်လျက်ရှိသည့် ဥမင် အမှတ် ၇ ၏ ပထမအဆင့် တစ်ကီလိုမီတာသည် နိုဝင်ဘာ ၁၅ ရက်က ဖောက်လုပ်မှုလုပ်ငန်းများ ပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရသည်။

 

၎င်းဥမင် အမှတ် ၇ သည် အရှည် ၁.၂၈၅ ကီလိုမီတာရှိပြီး ရထားလမ်းကြောင်းတစ်လျှောက် တတိယမြောက်ဖောက်လုပ်သည့် ဥမင်တစ်ခုလည်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ ၏ ဂျာကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်း ကို ၂၀၁၆ ခုနှစ်က စတင်ဖောက်လုပ်ခဲ့သည်။

 

ရထားလမ်းတစ်ခုလုံး၏ အရှည်သည် ၁၄၂.၃ ကီလိုမီတာရှိမည်ဖြစ်ပြီး ယင်းမှာ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဂျာဗားပြည်နယ်ရှိ မြို့တော် ဂျာကာတာနှင့် ဘန်ဒေါင်းမြို့တို့ကို ချိတ်ဆက်ပေးမည့် ရထားလမ်းကြီးဖြစ်သည်။ မြန်နှုန်းမြင့်ရထားလမ်းတစ်ခုလုံးကို တရုတ်နိုင်ငံမှ နည်းပညာများကို အသုံးပြုသွားမည်ဖြစ်ပြီး တရုတ်ကုမ္ပဏီများက ရထားလမ်းဖောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ပေးနေခြင်းဖြစ်သည်။

 

အမြန်ရထားလမ်းပြီးစီးပါက တစ်နာရီလျှင် ၃၅၀ ကီလိုမီတာဖြင့် အမြန်ဆုံးပြေးဆွဲနိုင်မည်ဖြစ်ရာ ယခင်က အချိန် ၃ နာရီခန့် သွားလာရသည့်ခရီးကို မိနစ် ၄၀ အတွင်းရောက်ရှိနိုင်တော့မည် ဖြစ်သည်။ အမြန်ရထားလမ်းတစ်လျှောက်ဒေသများ၏ စီးပွားရေးမှာလည်း ပိုမို ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်းသိရသည်။

 

(Xinhua)

 

Myanmar Builder Guide 

Read 245 times Last modified on Thursday, 19 November 2020 10:11
Rate this item
(0 votes)
Tagged under