မြန်မာကို ဖြတ်သန်းပြီး တရုတ်-ဘင်္ဂလားဒေ့ရှ် ကားလမ်း ရထားလမ်း ဖောက်ရန် မျှော်မှန်းကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

မြန်မာကို ဖြတ်သန်းပြီး တရုတ်-ဘင်္ဂလားဒေ့ရှ် ကားလမ်း ရထားလမ်း ဖောက်ရန် မျှော်မှန်းကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Shahriar Alam က သူသည် မြန်မာနိုင်ငံကို ဖြတ်သန်းပြီး

တရုတ်နိုင်ငံနှင့် တိုက်ရိုက်ဆက်သွယ်မည့် ကားလမ်းနှင့်ရထားလမ်းများ ဖောက်လုပ်ရန် မျှော်မှန်းကြောင်းပြောကြားခဲ့သည်ဟု တရုတ်အစိုးရပိုင် Xinhua သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ပေါ်လစီ ဆွေးနွေးမှုစင်တာ (Centre for Policy Dialogue -PD) က စီစဉ်သော“ ဘင်္ဂလားဒေ့ရှ် - တရုတ် ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်မှု - အတွေ့အကြုံအလားအလာ” webinar ဆွေးနွေးပွဲတွင် ဧည့်သည်အနေဖြင့် ပြောကြားခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံအကြား မြန်မာကို ဖြတ်သန်းပြီး ရထားလမ်းနှင့်ကား လမ်းကြောင်းများအတွက် ဒါကာရှိ တရုတ်သံရုံးက ကျွန်တော်တို့ကို တရားဝင်ဆက်သွယ်ခဲ့ပါတယ်" ဟု သူက ပြောသည်။
"အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) နိုင်ငံများနှင့်လည်း ကျွန်တော်တို့ အချိတ်အဆက်မိနေဖို့ကိုလည်း အထောက်အကူ ဖြစ်စေပါတယ်" ဟု သူက Belt and Road Initiative (BRI) ကို ရည်ညွှန်း ပြောဆိုသည်။
၂၀၁၃ တွင် အဆိုပြုထားသည့် ပိုးလမ်း စီးပွားရေးခါးပတ်နှင့် ၂၁ ရာစု ရေကြောင်းပိုးလမ်းတို့ ပါဝင်သော BRI သည် အာရှကို ဥရောပနှင့်အာဖရိကတို့နှင့် ဆက်သွယ်သည့် ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အအုံကွန်ရက်များ တည်ဆောက်ရန်ရည်ရွယ်သည်။
သူက ဘင်္ဂလားဒေ့ရှ်သည် တရုတ်၏“ ကြွေးမြီထောင်ချောက်” သို့ကျရောက်နေပြီဟူသော ပြောဆိုချက်ကို ပယ်ချခဲ့သည်။ တရုတ်၏ချေးငွေသည် ဘင်္ဂလားဒေ့ရှ် တင်ရှိနေသည့် ကမ္ဘာ့ကြွေးမြီစုစုပေါင်း၏ အစိတ်အပိုင်းငယ်မျှသာပါဝင်သည်ဟု ထောက်ပြသည်။တရုတ်၏ ထောက်ကူမှုသည် ဘင်္ဂလားဒေ့ရှ်အတွက် ကောင်းချီးတစ်ခုဖြစ်ပြီး အနာဂတ်ကာလတွင် တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမည်ဟု မျှော်လင့်ကြောင်း သူက ပြောကြားခဲ့သည်။
၀ဘ်ဘင်နာဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော တရုတ်နှင့်ဘင်္ဂလားဒေ့ရှ်တို့မှ အထင်ကရပုဂ္ဂိုလ်များက နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ပြုလုပ်ရန် လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Li Jiming က 5G ဆက်သွယ်ရေး၊ မြန်နှုန်းမြင့်ရထားလမ်း၊ လေကြောင်းနှင့်ပင်လယ်ပြာစီးပွားရေး (စီးပွားရေး တိုးတက်အောင် ပြုရာ၌ ပင်လယ်သမုဒ္ဒရာ အရင်းအမြစ်များကို ရေရှည်သုံးစွဲနိုင်အောင် စီမံလုပ်ကိုင်သော စီးပွားရေး) စသော အဆင့်မြင့်နည်းပညာနယ်ပယ်များတွင် ဘင်္ဂလားဒေ့ရ်ှနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်မှုအပေါ် အကောင်းမြင်ကြောင်း ပြောကြားခဲ့သည်။

thedailystar.net

Read 501 times
Rate this item
(0 votes)