မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ရာလ်လောင်-ကမ်းပါးနီလမ်း ဖောက်လုပ်

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ရာလ်လောင်-ကမ်းပါးနီလမ်း ဖောက်လုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ချင်းပြည်နယ်၊

ဖလမ်းခရိုင်အတွင်း ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပြီးစီးမှုကို ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ဖလမ်း)မှ ဒုတိယညွှန်ကြားရေးမှူး ဦးထက်လဝင်းနှင့် တာဝန်ရှိသူများက ယနေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ခွင့်ပြုရန်ပုံငွေဖြင့် ချင်းပြည်နယ်၊ ဖလမ်းခရိုင် အတွင်း ရန်ပုံငွေကျပ် (၇၇ ဒသမ ၄၀၀) သန်းဖြင့် ရွှေဟားခါးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ရာလ်လောင်-ကမ်းပါးနီလမ်း (၅၃/၄) မိုင်အနက် မြေသားလမ်းသစ် (၂/၀)မိုင်အား လမ်းမျက်နှာပြင်အကျယ် (၂၆)ပေ၊ လမ်းဘေး ရေနုတ်မြောင်း (၃)ပေ အပါအဝင် စုစုပေါင်း (၂၉) ပေအကျယ် ဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးမှုနှင့် ယင်းလမ်းပေါ်တွင် ရန်ပုံငွေကျပ် (၄၇ ဒသမ ၇၄ ) သန်းဖြင့် လမ်းအရှည် (၂/၀) မိုင် လမ်းမျက်နှာပြင်အကျယ် (၂၆) ပေ လမ်းဘေးရေနုတ်မြောင်း (၃) ပေ အပါအဝင် စုစုပေါင်း (၂၉) ပေ အကျယ်လမ်းတာချဲ့ ဖောက်လုပ်ခြင်း လုပ်ငန်းများပြီးစီမှုနှင့် စံချိန်၊ စံညွှန်းပြည့်မီမှု ရှိ၊ မရှိ တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ယခုဖောက်လုပ်နေသော ရာလ်လောင်-ကမ်းပါးနီလမ်း (၅၃/၄)မိုင်အား ဘဏ္ဍာနှစ်အလိုက် ဖောက်လုပ်လျက်ရှိရာ သတ်မှတ်မိုင်အလိုက် ဖောက်လုပ်ပြီးစီးပါက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ကုန်စည်စီးဆင်းမှုကို ပိုမိုလျှင်မြန်စွာ ဆောင်ရွက်ပေးနိုင်မည့်အပြင် ပတ်ဝန်းကျင်ရှိ ကျေးရွာ (၁၈)ရွာ၊ အိမ်ခြေ (၈၆၄)အိမ်၊ လူဦးရေ (၂၅၉၉) ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုစီးပွားဘဝတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုနိုင် မည်ဖြစ်ကြောင်း ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

သတင်းစဉ်

india_road_2.PNG

Read 466 times
Rate this item
(0 votes)