မန္တလေးကျုံးရေသွင်းမြောင်းကို ၆ ပေ precast channel ဖြင့်အဆင့်မြှင့် တည်ဆောက်

မန္တလေးကျုံးရေသွင်းမြောင်းကို ၆ ပေ precast channel ဖြင့်အဆင့်မြှင့် တည်ဆောက်

မန္တလေးကျုံးရေသွင်းမြောင်းကို ၆ ပေ precast channel ဖြင့်အဆင့်မြှင့် တည်ဆောက်နေကြောင်

း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ရေသွင်းမြောင်း တစ်လျှောက်စည်းကမ်းမဲ့ရေချိုး အဝတ်လျှော်တာတွေ၊ အမှိုက်ပစ်တာတွေကို ကာကွယ်ရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ သစ်ရွက်ခြောက်နဲ့ အမှိုက်များ မကျစေရေးအတွက် ၁၉ လမ်းထိပ်မှ ကျုံးထဲအဝင်အထိကို အဖုံးပါတဲ့ precast မြောင်းတွေနဲ့ အဆင့်မြှင့်တင်နေခြင်း ဖြစ်ကြောင်း သိရသည်။
"အမှိုက်တွေမဝင်အောင် ၁၉ လမ်းထိပ်မှာ ဇကာတပ်ပါမယ်။အခုဆိုရင် ၆၅ လမ်းအထိ ရောက်နေပြီမို့ ဒီလအတွင်းမှာပြီးပါမယ်" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။ လက်ရှိမှာတော့ မြောင်းထဲတွင် ပါလာသည့် အမှိုက်တွေကို ကျုံးအဝင်နားမှာ သံဆန်ခါတပ်ပြီး နေ့တိုင်း ဆယ်ယူနေကြောင်း သိရသည်။
ကျုံးရေပေးရေး မြောင်းအရှည်မှာ ၇၆၆၂ ပေရှိပြီး အကျယ်မှာ ၆ ပေ အရွယ်အစား precast မြောင်းဖြစ်လို့ ရေစီးအား ကောင်စမွန်ကြောင်း သိရသည်။
နှစ်စဉ်ပေါ်လာမယ့် နုန်းအနယ်တွေ ရှင်းလင်းရေးအတွက်ပါ ကြိုတင် စီစဉ်ထားခြင်း၊ ပိုလာတဲ့မြေနေရာမှာ စိန်းလမ်းစိုပြေရေးအတွက် အရိပ်ရအပင်နဲ့ အလှပင်တွေ စိုက်သွားနိုင်ကြောင်း သိရသည်။
မန္တလေးမြို့တော်ဝန်က အဆိုပါကျုံးရေသွင်းမြောင်းနှင့် စပ်လျဉ်း၍ ယခုလို ရေးသားဖော်ပြထားပါသည်။

စည်ပင်တိုးတက်ပြောင်းလဲမှုတွေထဲက တစ်ခုပါ။
ကျုံးရေသွင်းမြောင်းကို ၆ပေ precast channel ဖြင့်အဆင့်မြှင့် တည်ဆောက်။
••••••••••••••••••••••••••••••••••••••••••••••••
ရေအရင်းအမြစ်အနေနဲ့ ကျုံးရေက ဧရာဝတီမြစ်ရေထက် အရည်အသွေး အဆပေါင်းများစွာသာလွန်ပါတယ်။
ရေသွင်းမြောင်း တစ်လျှောက်စည်းကမ်းမဲ့ရေချိုး အဝတ်လျှော်တာတွေ၊ အမှိုက်ပစ်တာတွေကို ကာကွယ်ရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ သစ်ရွက်ခြောက်နဲ့ အမှိုက်များ မကျရေးကို ရည်ရွယ်ပြီး ၁၉လမ်းထိပ်ကနေ ကျုံးထဲအဝင်အထိကို အဖုံးပါတဲ့ precast မြောင်းတွေနဲ့ အဆင့်မြှင့်တင်နေတာပါ။
အမှိုက်တွေမဝင်အောင် ၁၉လမ်းထိပ်မှာ ဇကာတပ်ပါမယ်။
အခုဆိုရင် ၆၅လမ်းအထိရောက်နေပြီမို့ ဒီလအတွင်းမှာပြီးပါမယ်။
၆x၆ ပေအရွယ်အစား precast မြောင်းဖြစ်လို့ စီးဆင်းနိုင်အား - 30 cusec ( 30 cubic feet per second) ရှိပါတယ်။
စုစုပေါင်း မြောင်းအရှည် ၇၆၆၂ ပေပါ။
နှစ်စဥ်ပေါ်လာမယ့် နုံးအနယ်တွေရှင်းလင်းရေးအတွက်ပါကြိုတင် စီစဥ်ထားပါတယ်။
Precast မြောင်းအနေနဲ့ ၆ ပေပဲကျယ်တော့မှာမို့ ပိုလာတဲ့မြေနေရာမှာ စိန်းလမ်းစိုပြေရေးအတွက် အရိပ်ရအပင်နဲ့ အလှပင်တွေစိုက်သွားနိုင်သလို လမ်းလည်းချဲ့နိုင်မှာပါ။
နောင်အနာဂတ်မှာ မြို့ရေပေးရေးအတွက် ကျုံးရေကို စနစ်တကျသန့်စင်ပြီး ဖြန့်ဖြူးနိုင်ရင် မြို့တော်အတွက် အများကြီး အကျိုးရှိလာပါမယ်။
လက်ရှိမှာတော့ မြောင်းထဲပါလာတဲ့ အမှိုက်တွေကို ကျုံးအဝင်နားမှာ သံဇကာတပ်ပြီး နေ့တိုင်းဆယ်ယူနေရတာပါ။
Precast မြောင်းလုပ်ငန်းပြီးသွားရင် ကျုံးရေပိုသန့်စင်လာမှာပါ။
အရပ်သားအစိုးရလက်ထက် မြို့တော်ရဲ့ တိုးတက်ပြောင်းလဲလာမှုတွေ အများကြီးထဲက တစ်ခုပါ။

Read 686 times
Rate this item
(1 Vote)