ရန်ကုန်ရေဖြန့်ဖြူးရေး အဆင့်မြှင့်တင်ရန် အေဒီဘီက ချေးငွေ ဒေါ်လာသန်း ၁၈၀ ပေးအပ်

ရန်ကုန်ရေဖြန့်ဖြူးရေး အဆင့်မြှင့်တင်ရန် အေဒီဘီက ချေးငွေ ဒေါ်လာသန်း ၁၈၀ ပေးအပ်

မြန်မာနိုင်ငံ၏အကြီးဆုံးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့သို့ တနေ့လျှင် ရေလီတာ ၈၁၈ သန်း ပို့ဆောင်မည့် ၃၄ ကီလိုမီတာရှိ

ရေပေးပို့စနစ်တည်ဆောက်ရန် ချေးငွေဒေါ်လာသန်း ၁၈၀ ကို အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)က အတည်ပြုလိုက်သည်။

“ရန်ကုန်မြို့တော်မှာ ရေအလုံးအရင်း ဖြန့်ဖြူးဖို့နဲ့ ရေဖူလုံမှု မြင့်တက်လာစေရေးတို့နဲ့ ဆက်စပ်နေတဲ့ ရေဆိုင်ရာ အခြေခံအဆောက်အအုံ လိုအပ်ချက်တွေကို ရန်ကုန်မြို့တော်ရေဖူလုံရေးစီမံကိန်းက ဖြေရှင်းပေးမှာပါ“ ဟု အေဒီဘီ၏ မြို့ပြဖွံ့ဖြိုးရေးအကြီးတန်းကျွမ်းကျင်သူ Alan Baird ကပြောသည်။ “အဲဒါက တိုင်းပြည်ရဲ့ အဓိကစီးပွားရေးအချက်အချာနေရာရဲ့ ခံနိုင်ရည်ရှိမှု မြင့်တက်လာစေဖို့ ကူညီပေးလိမ့်မှာဖြစ်သလို အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးပါလိမ့်မယ်။ စိတ်ချရတဲ့ ပိုက်ကလာတဲ့ရေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ မိလ္လာနဲ့ တကိုယ်ရေသန့်ရှင်းမှုတွေ ပါဝင်လာပါလိမ့်မယ်။ ဒါတွေက ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်နိုင်တင်း)ပြန့်ပွားမှုကို ထိန်းချုပ်ရာမှာ အရေးပါပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ပြည်တွင်းအသားတင်ထုတ်လုပ်မှု၏ ၂၃ ရာခိုင်နှုန်းမှာ ရန်ကုန်မှဖြစ်သည်။ ရန်ကုန်တွင် နေထိုင်သူ ၅ ဒသမ ၂ သန်းရာ တိုင်းပြည်လူဦးရေ၏ ၁၀ ရာခိုင်နှုန်းဖြစ်သည်။ ၂၀၁၄ မှ ၂၀၁၉ ခုနှစ်အတွင်း မြို့တော်၏ လူဦးရေတိုးနှုန်းမှာ တနှစ်လျှင် ၂ ဒသမ ၂ ရာခိုင်နှုန်းရှိသော်လည်း အိမ်ထောင်စုများ၏ ထက်ဝက်အောက်သာ ပိုက်လိုင်းရေကို ရရှိကြသည်။ ၎င်းတို့အတွက်မှာလည်း ရေပေးဝေသည့် ဝန်ဆောင်မှုက ပြတ်တောင်းပြတ်တောင်းဖြစ်ကာ ရေအရည်အသွေးလည်း မတူညီပေ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အေဒီဘီ၏ပံ့ပိုးမှုဖြင့် ထိုကိစ္စရပ်အားဖြေရှင်းရန် ဆောင်ရွက်နေသည်။

အစိုးရအနေဖြင့် ငမိုးရိပ်ရေလှောင်ကန်တွင် ရေယူအဆောက်အဦ၊ အောက်ဘက် မီတာ ၉၀၀ တွင် ရေတင်စက်ရုံ၊ ရေလှောင်ကန်နှင့် ညောင်နှစ်ပင် ရေသန့်စင်စက်ရုံတို့အား ဆက်သွယ်ထားသည့် အချင်း ၂ ဒသမ ၄ မီတာရှိ သီးခြားပိုက်လိုင်းကဲ့သို့ အခြေခံအဆောက်အအုံသစ်များ တည်ဆောက်ရန် အေဒီဘီ၏ ပံ့ပိုးမှုက အထောက်အကူပြုလိမ့်မည်ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ရေပေးဝေမှုစနစ်အား ခံနိုင်ရည်ရှိစေရေးအတွက် ပိုမိုအားဖြည့်ဆောင်ရွက်နေမှုနှင့် ဝန်ဆောင်မှုပေးသည့်နယ်မြေ ချဲ့ထွင်ရန် စီမံကိန်းက ပံ့ပိုးပေးလိမ့်မည်ဖြစ်သည်။

ထို့ပြင် စီမံကိန်းက ကော်မတီ၏ ဝန်ဆောင်မှု လည်ပတ်စီမံခန့်ခွဲမှုတွင် ပိုမိုခိုင်မာ အားကောင်းလာစေလိမ့်မည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုအပေါ် ပိုမိုတုန့်ပြန်မှုရှိလာစေမည်ဖြစ်သည်။ ၎င်းသည် ကိုယ်ပိုင်ဘဏ္ဏာရေးဆိုင်ရာစွမ်းရည်ကို မြှင့်တင်ရန်နှင့် တိုးမြင့်လာသည့် ရေ၀န်ဆောင်မှု လိုအပ်ချက်များကို ဖြည့်ဆည်းရန် လမ်းပြမြေပုံတစ်ခုရေးဆွဲအတွက် ကော်မတီအားကူညီလိမ့်မည်ဖြစ်သည်။

အေဒီဘီသည် အာရှနှင့် ပစိတ်ဖိတ်ဒေသအတွင်း ဖြစ်ထွန်းစည်ပင်၍ အားလုံးပါဝင်အကျိုးခံစားခွင့်ရှိကာ စိန်ခေါ်မှုများအားလည်း ခံနိုင်ရည်စွမ်းရှိသကဲ့သို့ ရေရှည်ဖြစ်တည်တိုးတက်မှုများ ပေါ်ပေါက်လာစေရန် ကတိပြု ကြိုးပမ်းလျက်ရှိကာ ယင်း၏မူလကြိုးပမ်းအားထုတ်ချက်များဖြစ်သော ဆင်းရဲမွဲတေမှု အမြစ်ပြတ် ပပျောက်ရေးကိုလည်း ဆက်လက်ဦးတည် ဆောင်ရွက်လျက်ရှိပါသည်။ အေဒီဘီကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၆၈ ဦးရှိကာ ၄၉ ဦးမှာ ဒေသတွင်းမှဖြစ်ကြပါသည်။

Source: ADB

Aung Win

Read 366 times
Rate this item
(0 votes)