တရုတ်နိုင်ငံရှိ Qingdao Jiaodong အပြည်ပြည်ဆိုင်ရာလေဆိပ်သစ် ဆောက်လုပ်ခြင်း ပြီးစီး

တရုတ်နိုင်ငံရှိ Qingdao Jiaodong အပြည်ပြည်ဆိုင်ရာလေဆိပ်သစ် ဆောက်လုပ်ခြင်း ပြီးစီး

တရုတ်ပြည်ရဲ့ Qingdao ရှိ Qingdao Jiaodong အပြည်ပြည်ဆိုင်ရာလေဆိပ် သစ်ဆောက်လုပ်ခြင်းက နောက်ဆုံးတော့ ပြီးစီးခဲ့ပါပြီ။

 

Qingdaoမြို့ရဲ့ မြို့လယ်ခေါင်အချက်အချာနေရာကနေ ၃၉ ကီလိုမီတာအကွာမှာ ရှိပြီး အရင် အပြည်ပြည်ဆိုင်ရာလေဆိပ် Qingdao Liuting International Airportကို အစားထိုးထည်ထောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ၎င်းဟာ အရင်က တရုတ်နိုင်ငံမှာ ၁၇ ခုမြောက် အလုပ်အများဆုံး လေဆိပ်ဖြစ်ခဲ့ပြီး လက်ရှိ Shandong ပြည်နယ်ရှိ အဓိကလေဆိပ်နှင့်အတူ ၂၀၁၆ခုနှစ်မှာ ခရီးသည် သန်း၂၀ကျော်ကို ၀န်ဆောင်မှုပေးခဲ့ပါတယ်။

 

အမေရိကန်ဒေါ်လာ ၅.၈ ဘီလျံတန် လေဆိပ်က ၃၀.၆၆ Square km အကျယ်အဝန်းရှိပြီး လန်ဒန်ရှိ ဟီသရိုးလေဆိပ်(Heathrow Airport)ထက် နှစ်ဆရှိပါတယ်။ ၎င်းကမြို့တော်ရဲ့ ပထမဦးဆုံး 4F-class လေဆိပ်ဖြစ်လာပါလိမ့်မယ်။

 

၎င်းလေဆိပ်က A380s နှင့် Boeing 787s အပါအ၀င် ကမ္ဘာ့အကြီးဆုံး စီးပွားဖြစ်လေယာဉ်တွေကို နေရာချနိုင်မှာ ဖြစ်ပြီး အရှေ့မြောက်အာရှမှာ သယ်ယူပို့ဆောင်ရေးအတွက် အချက်အချာလေဆိပ်ဖြစ်လာမှာ ဖြစ်ပါတယ်။

 

Qingdao Jiaodong အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ စွမ်းဆောင်နိုင်ရည်

 

လေဆိပ်သစ်က ၎င်းပြည်နယ်ရဲ့ လေကြောင်းခရီးသွားလာရေးကို သိသိသာသာ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ လေဆိပ်ရဲ့ ပြေးလမ်းနှစ်ခုက ၂၀၂၅ ခုနှစ်မှာ ခရီးသည် ၃၅ သန်း၊ ကုန်တင်တန်ချိန် ၅၀၀,၀၀၀ နှင့်လေယာဉ် ၃၀၀၀၀၀ နီးပါးကို ပျံသန်းပြေးဆွဲနိုင်မှာ ဖြစ်ပါတယ်။

 

ဒုတိယအဆင့်အနေနဲ့ ခရီးသည် သန်း၆၀ အပြင် ကုန်တင်တန်ချိန် ၁သန်းနှင့် နှစ်စဉ် ၄၅၂၀၀၀ လေယာဉ်ဆင်းသက်ခြင်း၊လေယာဉ်ထွက်ခြင်းများအတွက် တိုးမြှင့်ဖို့အတွက် နောက်ထပ်ပြေးလမ်းနှစ်ခုကို ထပ်မံထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

 

Qongdao Jiaodongကို ရေမြှုပ်လေဆိပ် “sponge airport”လို့ အမည်ပေးထားပါတယ်။ လေဆိပ်က မိုးရေကိုစုပ်ယူနိုင်ပြီး ၎င်းရေကိုသိုလှောင်ရန်အတွက် ဒီဇိုင်းပြုလုပ်ထားပြီး လိုအပ်ပါက ပြန်အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

 

မြန်နှုန်းမြင့် ရထားလမ်းနှင့် မြေအောက်ရထားလမ်းတွက Qingdaoက လေဆိပ်သစ်နဲ့ ဆက်သွယ်ထားမှာဖြစ်ပြီး တာဝန်ရှိသူတွေက မြို့လယ်ခေါင်မှ လေဆိပ်သစ်နေရာကို သွားပါက စုစုပေါင်းကြာချိန် တစ်နာရီခန့်ကြာမယ်လို့ ခန့်မှန်းထားကြပါတယ်။

 

Source:ConstructionReviewOnline

 

Read 412 times
Rate this item
(0 votes)
Tagged under