မြန်မာ လျှပ်စစ်ဓာတ်အားစနစ်တိုးတက်စေရန် ဘတ် ၁.၄၅ ဘီလီယံချေးငွေ ထိုင်းအစိုးရ အတည်ပြု

မြန်မာ လျှပ်စစ်ဓာတ်အားစနစ်တိုးတက်စေရန် ဘတ် ၁.၄၅ ဘီလီယံချေးငွေ ထိုင်းအစိုးရ အတည်ပြု

မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အားစနစ်တိုးတက်စေရန်အတွက်ဘတ် ၁.၄၅ ဘီလီယံတန်ဖိုးရှိချေးငွေကို ထိုင်းအစိုးရကအတည်ပြုပေးခဲ့သည်ဟု

တာဝန်ရှိသူတစ်ဦးက ပြောသည်။

အစိုးရ၏ လက်ထောက်ပြောခွင့်ရအမျိုးသမီး Rachada Dhnadirek က အဆိုပါချေးငွေသည် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကို မြှင့်တင်ရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ( Neighbouring Countries Economic Development Cooperation Agency -NCEDC) သည်မြန်မာနိုင်ငံသို့ ချေးငွေများကို စီစဉ်ခြင်းနှင့် တိုးချဲ့ခြင်းအတွက် တာ၀န်ယူ ဆောင်ရွက်ပေးလိမ့်မည်ဟု Ms Rachada မှ ပြောကြားခဲ့သည်။ အဆိုပါချေးငွေသည် ရန်ကုန်ရှိလျှပ်စစ်ဓာတ်အားခွဲရုံများနှင့် ဓာတ်အားဖြန့်ဖြူးရေးစနစ်များတည်ဆောက်ခြင်းနှင့် တိုးတက်ခြင်းကို ရည်ရွယ်သည်။

ဘတ် ၁.၄၅ ဘီလီယံအနက် ၇၂၉.၁၂ သန်းသည် ၂၀၂၁-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း နှစ်စဉ်ဘတ်ဂျက်များမှ ရရှိမည်ဖြစ်ပြီး ကျန်တစ်ဝက်ကို ပြည်တွင်းဘဏ္ဍာရေးအဖွဲ့အစည်းများမှ ချေးငွေ ရယူသွားမည်ဖြစ်ရာ
ငါးနှစ်သက်တမ်း ချေးငွေ ရယူမည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။ ပြည်တွင်းချေးငွေများကို လေလံစနစ်ဖြင့် ရယူမည်ဖြစ်ပြီး အကောင်းဆုံးကမ်းလှမ်းမှုများကို ပေးအပ်နိုင်သည့်အဖွဲ့အစည်းများထံမှ ရယူမည်ဟု ၎င်းက ပြောသည်။

နှစ် ၃၀ စာချုပ်ဖြင့် ချေးငွေကို တစ်နှစ်လျှင် ၁.၅% အတိုးနှုန်းပေးရမည်ဖြစ်ပြီး စစချင်း တစ်ဆယ်နှစ်ကို ဆိုင်းငံ့ကာလ သတ်မှတ်ပေးမည်။

ချေးငွေသဘောတူညီချက်၏ စည်းကမ်းချက်များအရ လျှပ်စစ်ဓာတ်အားပေးရန် စီမံကိန်းများမှာ အသုံးပြုမည့် ကုန်ပစ္စည်းနှင့် ၀ န်ဆောင်မှုများ၏ ၅၀% သည် ထိုင်းနိုင်ငံမှဖြစ်ရမည်။ ထိုင်းဆောက်လုပ်ရေးကန်ထရိုက်တာများနှင့် အတိုင်ပင်ခံအင်ဂျင်နီယာများကို မြန်မာနိုင်ငံမှ ခေါ်ယူသုံးစွဲရန်လိုအပ်ပြီး ချေးငွေသဘောတူညီချက် စည်းမျဉ်းစည်းကမ်းများကို ထိုင်းနိုင်ငံမှ ထုတ်ပြန်ရမည်ဟု Ms Rachada ကပြောကြားသည်။

"မြန်မာနိုင်ငံကို ဘဏ္ဍာရေးအကူအညီတွေ ပေးအပ်တာဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးခိုင်မာအောင်လုပ်တဲ့ မဟာဗျူဟာနဲ့ ကိုက်ညီပါတယ်" ဟု သူကပြောသည်။ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက ကုန်ပစ္စည်းထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုများ ကို အထောက်အကူပြုနိုင်ပြီး ထိုင်းနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိလာလိမ့်မည်ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ချေးငွေစည်းမျဉ်းများကြောင့် စာချုပ်၏တန်ဖိုး၏ ၅၀% ထက်မနည်းသော ထိုင်းကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများရယူရန်လိုအပ်သည့်အတွက် ဤအချက်သည် မြန်မာနိုင်ငံသို့ထိုင်းရင်းနှီးမြှုပ်နှံသူများ လာရောက်လုပ်ကိုင်အောင် ပိုမိုဆွဲဆောင်နိုင်လိမ့်မည်ဟု Ms Rachada မှပြောကြားခဲ့သည်။

စင်ကာပူနှင့် တရုတ်ပြီးလျှင် ထိုင်းသည် မြန်မာနိုင်ငံတွင် တတိယအကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်သည်ဟု သူကဆိုသည်။

Source:bangkokpost.com

Read 602 times Last modified on Monday, 27 July 2020 13:02
Rate this item
(0 votes)