လာအိုနိုင်ငံမှ တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေးစီမံကိန်းများ

လာအိုနိုင်ငံမှ တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေးစီမံကိန်းများ

တရုတ်နိုင်ငံသည် လာအိုနိုင်ငံတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူဖြစ်သည်။

  ဒေါ်လာဘီလီယံနှင့်ချီသော ပမာဏဖြင့် ရေအားလျှပ်စစ်၊ စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေးနှင့်ဆောက်လုပ်ရေးစသည့်ကဏ္ဍများတွင် ၎င်း၏ကြီးမားသော "ပိုးလမ်းမသစ်" မဟာဗျူဟာအတွက် အကောင်အထည်ဖော်လျက် ရှိသည်။ 

Belt and Road Initiative (BRI)အတွက် တရုတ်-လာအို ရထားလမ်းကို ၂၀၁၆ ခုနှစ်ဒီဇင်ဘာလတွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စီမံကိန်းပြီးမြောက်ရန် လျာထားသည်။ ယင်းစီမံကိန်းတွင် တရုတ်ကန်ထရိုက်တာ ခြောက်ဦး ပါဝင်သည်။ ၄၁၄ ကီလိုမီတာ ရှည်လျားသည့်ရထားလမ်းသည်တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသောလာအိုနိုင်ငံ မြောက်ပိုင်းမှ မြို့တော် ဗီယင်ကျန်းအထိ ဖြစ်သည်။

ထိုလမ်းကြောင်းသည် ထိုင်း၊ မလေးရှား၊ စင်ကာပူ တို့ထံ ချိတ်ဆက်မည်။ နောက်ဆုံးတွင် ယူနန်ပြည်နယ် ကူမင်းမှ စင်ကာပူသို့ ရောက်သွားမည်ဖြစ်သည်။

စီမံကိန်းသည် ပြီးစီးလု နီးပြီ ဖြစ်သော်လည်း ကိုဗစ်ကြောင့် လော့ဒေါင်းချထားသဖြင့်  အိမ်မှာ နေရကြသောကြောင့် နှောင့်နှေးခဲ့သည်။ 

နောက်ထပ် ထင်ရှားသည့် BRI စီမံကိန်းမှာ သတ္တမမြောက် အကြီးမားဆုံး ဆည် ဖြစ်သည့် Sanakham ဆည်ကို မဲခေါင်မြစ်ပေါ်တွင် တည်ဆောက်ခြင်း ဖြစ်သည်။ 

လောလောဆယ်တွင် လည်ပတ်နေသော Xayaburi ဆည်နှင့် Don Sahong  ဆည်များမှ ထုတ်လုပ်ပေးနေသည့် လျှပ်စစ်ဓာတ်အားတွင် Sanakham ဆည်က ၆၈၄ မီဂ္ဂါဝပ် ဖြည့်ထည့်ပေးမည်ဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် ပြီးစီးရန် လျာထားသည်။

Sanakham ဆည် စီမံကိန်းကို လာအိုအစိုးရက ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် Mekong River Commission (MRC) သို့ တင်ပြခဲ့သည်။

MRC  ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ၁၉၉၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် မဲခေါင်မြစ်ကို စီမံကြရန် ဖြစ်သည်။

ယခုအခါ  MRC   သည် တရုတ်နိုင်ငံမှ ရေးဆွဲသော Lacang Mekong Cooperation Framework ၏ လောင်းရိပ်အောက်သို့ ရောက်နေပြီ ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် MRC   ၏ မဲခေါင်မြစ်တွင် ရေအားလျှပ်စစ်ဆည်ကြီးများ တည်ဆောက်ခြင်းကို ၁၀ နှစ် ဆိုင်းငံ့ထားရန် တိုက်တွန်းချက်သည် စကားမပေါက်ချေ။

လာအိုသည် လျှပ်စစ်ဓာတ်အားကို အိမ်နီးနားချင်းနိုင်ငံများသို့ ပြည်ပပို့ကုန်အဖြစ် ပေးပို့ ရောင်းချရန်အတွက်  " အာရှတိုက်၏ ဘက်ထရီ "ဖြစ်ရေး ရည်မှန်းချက်ဖြင့် ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည် ဖော်လျက် ရှိသည်။ ထိုံအတွက် တရုတ်နိုင်ငံက အင်တိုက်အားတိုက် ကူညီပေးနေသည်။

လာအိုမှ ချေးငွေများနှင့် အကူအညီများ ရရှိခြင်းအတွက် သဘောတူထားသည့် အခြေခံအချက် သုံးချက် ရှိသည်။

တရုတ်အစိုးရ၏ ထိုင်ဝမ်နှင့် တိဘက် ကိစ္စရပ်များအပါအဝင်ဖြစ်သော မူဝါဒကို လာအိုက ထောက်ခံပေးရသည်။ 

လာအိုရှိ သဘာဝအရင်းအမြစ်များကို တရုတ်ကုမ္ပဏီများက အသုံးချပြီး စီးပွားရှာသည်ကို လုပ်ပိုင်ခွင့် ပေးရသည်။

လာအိုကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံသို့ ဆက်သွယ်ရေးလိုင်းများ ထူထောင်သည်ကို ခွင့်ပြုပေးရသည်။

straitstimes.com

 

Read 65 times
Rate this item
(0 votes)