Coronavirus ပိတ်ဆို့မှုကြောင့် သည် Belt and Road ပထမ ၃ လ ပတ် ၏ စီမံကိန်းတန်ဖိုးကို ၆၄ ရာခိုင်နှုန်း လျော့ကျ

Coronavirus ပိတ်ဆို့မှုကြောင့်  သည် Belt and Road ပထမ ၃ လ ပတ် ၏ စီမံကိန်းတန်ဖိုးကို ၆၄ ရာခိုင်နှုန်း လျော့ကျ

တရုတ်နိုင်ငံ၏ရည်မှန်းချက်ကြီးသည့် Belt and Road Initiative သည်အာရှတစ်လွှားရှိနိုင်ငံများနှင့်

အာရှပြင်ပနိုင်ငံများကို အခြေခံအဆောက်အအုံစီမံကိန်းများ တသီတတန်းမှတစ်ဆင့် ချိတ်ဆက်သွယ်နိုင်ရန်ရည်ရွယ်ထားပြီး coronavirus  ကပ်ရောဂါကာလအတွင်း အကြီးအကျယ် ထိခိုက်ခဲ့သည်။

ခွဲခြမ်းစိတ်ဖြာဆန်းစစ်မှုကုမ္ပဏီ Refinitiv မှ ၁၆ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ပထမသုံးလပတ်တွင် ကြေငြာထားသော  စီမံကိန်းသစ်အရေအတွက်သည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းစာပါက  ၁၅.၆% ကျဆင်းသွားကြောင်း ဖော်ပြခဲ့သည်။ ထိုစီမံကိန်းများ၏ တန်ဖိုးသည် ၆၄.၄% ကျဆင်းခဲ့သည်။

ပထမသုံးလတွင် စီမံကိန်းအသစ် ၁၈၄ ခုအား ကြေညာခဲ့သည်။ ယခင်နှစ်တွင် ၂၁၈ ခု ရှိခဲ့သည်မှ လျော့ကျသွားခြင်း ဖြစ်သည်။ ထိုစာရင်းတွင်  BRI ကန်ထရိုက်နှင့် တရုတ်နိုင်ငံမှ တိုက်ရိုက်ပါဝင်သည့် အခြားစီမံကိန်းများ ၂ မျိုးစလုံးပါဝင်သည်။

စီမံကိန်းများ၏ တန်ဖိုးသည် အလားတူကာလအတွင်း ဒေါ်လာ ၃၈၆.၀၈ ဘီလီယံမှ ဒေါ်လာ ၁၃၇.၄၃ ဘီလီယံသို့ ကျဆင်းခဲ့သည်။

ထိုသို့ဖြစ်လင့်ကစား တရုတ်နှင့်ဆက်နွယ်နေသောစီမံကိန်းများ၏ စုစုပေါင်းတန်ဖိုးသည် ဒေါ်လာ ၄ ထရီလီယံကျော် သာလွန်ကြောင်း Refinitiv က ပြောကြားခဲ့သည်။

ထိုစုစုပေါင်း ပမာဏသည် ကြိုးပမ်းလုပ်ကိုင်မှု ၃၁၀၀ ကျော်တွင် ပြန့်နှံ့နေသည်။ Refinitiv ၏ ပြောကြားချက်အရ ဒေါ်လာ ၃.၃ ထရီလီယံတန် စီမံကိန်းများသည် ဒေါ်လာ ၅၉၀ ဘီလီယံခန့်ပြီးစီးခဲ့ပြီးဖြစ်သည်။ အမေရိကန်ဒေါ်လာ ၆၄.၃ ဘီလီယံတန်ဖိုးရှိ စီမံကိန်းများ ဆိုင်းငံ့ထားပြီးဒေါ်လာ ၁၄.၈ ဘီလီယံ နှောင့်နှေးခဲ့သည်။ ဒေါ်လာ ၁၂.၈ ဘီလီယံကို ဖျက်သိမ်းခဲ့သည်။

Refinitiv သည်  စီမံကိန်းများအား လျာထားသည့် အချိန်ဇယားထက် နောက်ကျနေလျှင် နှောင့်နှေးသည်ဟုသတ်မှတ်ပြီး ယာယီရပ်ဆိုင်းထားသည်တို့ကို ဆိုင်းငံ့ထားသည်ဟု သတ်မှတ်သည်။ 

ပါကစ္စတန်၊ အရှေ့အလယ်ပိုင်းပြည်နယ်များနှင့် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် BRI ၏ အကြီးမားဆုံးပါဝင်သူအချို့မှာ ကူးစက်ရောဂါဖြစ်ပွားမှုမှ ရုန်းထွက်နေရပြီး ၎င်းတို့၏ စီးပွားရေးများ အားနည်းနေဆဲဖြစ်သောကြောင့် စီမံကိန်းများကို ဆက်လက်လုပ်ကိုင်ရန် စိတ်မပါကြသေးဟု Refinativ ကပြောကြားခဲ့သည်။

 ပင်လယ်၊ ရထားလမ်းနှင့် ကားလမ်းဆက်သွယ်မှု ကွန်ယက်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းမှုတွင် ပါဝင်နေသည့် စီးပွားရေးဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် တရုတ်နှင့် လက်မတွဲခင်ကတည်းက ကြွေးမြီနွံနစ်နေပြီး ကပ်ရောဂါက ပိုဆိုးသွားစေသည်။

ပါကစ္စတန်နိုင်ငံသည်  BRI စီမံကိန်း၏ တရုတ် - ပါကစ္စတန်စီးပွားရေးစင်္ကြံ အတွက်ချေးငွေအမေရိကန်ဒေါ်လာဘီလီယံ ၃၀ ကို တရုတ်နိုင်ငံသို့ ကြွေးမြီပြန်လည်ပေးဆပ်ရန်အတွက်  ရက်တိုးရဖို့ ကြိုးပမ်းခဲ့သည်။ ထိုပြန်ဆပ်ငွေသည် နှစ်စဉ် ဒေါ်လာသန်း ၅၀၀ ခန့် သက်သာစေမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဗိုင်းရပ်စ်ကြောင့်အာရှတစ်လွှား၌ ပိတ်ဆို့မှုများသည် ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်များကို နှောင့်နှေးစေပြီး စီမံကိန်းများ အရှိန်သတ်ခံရသည်။

ဟောင်ကောင်ရှိ  KPMG မှ Michael Camerlengoက Refinativ  ၏ အစီရင်ခံစာကို ကိုးကားပြောဆိုရာတွင်  COVID-19 သည် ဒေသတစ်လွှားရှိ ဆောက်လုပ်ရေးကန်ထရိုက်တာများအားပစ္စည်းများနှင့် အလုပ်သမားများ ရရှိသည်မှာ သေချာဖို့ အခက်အခဲများစွာ ကြုံတွေ့ရကြောင်းဖော်ပြခဲ့သည်။

 ပြီးစီးရမည့်အဆင့်များ မပြီးစီးနိုင်အောင် ဖြစ်ခဲ့ရသည်။ ငွေပေးချေမှုနှောင့်နှေးခြင်း၊ လုပ်ငန်းလည်ပတ်ရတ် ငွေလုံးငွေရင်း အခက်အခဲများနှင့် ကတိပျက်ကွက်ခြင်းဖြစ်နိုင်ချေရှိသောဖြစ်ရပ်များကို ဖြစ်ပေါ်စေခဲ့ရာ လက်ခွဲကန်ထရိုက်တာများ၏ ထောက်ပံ့ရေးကွင်းဆက်ကို ထိုးနှက်ခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးနှေးကွေးမှုသည် နောက်နှစ်နှစ်အတွင်း Belt and Road ကိုအဟန့်အတား ဖြစ်စေနိုင်သည့် အချက်တစ်ချက်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။  သို့သော် တရုတ်သည် နောက်လန်မကျ၊ ကမ္ဘာ့ကျန်းမာရေးအကျပ်အတည်းကြားတွင် တရုတ်သည် ဒေသတွင်းရှိကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြစ်သော ၎င်း၏ ကျန်းမာရေးပိုးလမ်းမကြီးအား ပြန်လည်စတင်လုပ်ကိုင်ခဲ့ကြောင်း Refinitiv ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ကြီးထွားလာသော ဆက်သွယ်မှုများသည် အကျိုးအမြတ်များ ရရှိခဲ့ပြီးဖြစ်သည်ဟု Refinitiv ကပြောကြားခဲ့သည်။ COVID-19 ပေါ် ဖုန်ထနေသည်တို့ အနည်ထိုင်သွားလျှင် 

တရုတ်အစိုးရသည် စီးပွားရေးလုပ်ငန်းသစ်များဖန်တီးရန်အတွက် ၎င်း၏ လက်တွဲဖော်များနှင့်စီးပွားရေးဆက်ဆံမှုများကို ပြန်လည်ထူထောင်ရန် ထက်ထက်သန်သန် လုပ်ကိုင် လိမ့်မည်ဖြစ်သည်။

ZAWGYI

တ႐ုတ္ႏိုင္ငံ၏ရည္မွန္းခ်က္ႀကီးသည့္ Belt and Road Initiative သည္အာရွတစ္လႊားရွိႏိုင္ငံမ်ားႏွင့္ အာရွျပင္ပႏိုင္ငံမ်ားကို အေျခခံအေဆာက္အအုံစီမံကိန္းမ်ား တသီတတန္းမွတစ္ဆင့္ ခ်ိတ္ဆက္သြယ္ႏိုင္ရန္ရည္႐ြယ္ထားၿပီး coronavirus ကပ္ေရာဂါကာလအတြင္း အႀကီးအက်ယ္ ထိခိုက္ခဲ့သည္။

ခြဲျခမ္းစိတ္ျဖာဆန္းစစ္မႈကုမၸဏီ Refinitiv မွ ၁၆ ရက္ေန႔က ထုတ္ျပန္ေသာ အစီရင္ခံစာတြင္ ပထမသုံးလပတ္တြင္ ေၾကျငာထားေသာ စီမံကိန္းသစ္အေရအတြက္သည္ ၂၀၁၉ ခုႏွစ္ႏွင့္ ႏႈိင္းစာပါက ၁၅.၆% က်ဆင္းသြားေၾကာင္း ေဖာ္ျပခဲ့သည္။ ထိုစီမံကိန္းမ်ား၏ တန္ဖိုးသည္ ၆၄.၄% က်ဆင္းခဲ့သည္။
ပထမသုံးလတြင္ စီမံကိန္းအသစ္ ၁၈၄ ခုအား ေၾကညာခဲ့သည္။ ယခင္ႏွစ္တြင္ ၂၁၈ ခု ရွိခဲ့သည္မွ ေလ်ာ့က်သြားျခင္း ျဖစ္သည္။ ထိုစာရင္းတြင္ BRI ကန္ထ႐ိုက္ႏွင့္ တ႐ုတ္ႏိုင္ငံမွ တိုက္႐ိုက္ပါဝင္သည့္ အျခားစီမံကိန္းမ်ား ၂ မ်ိဳးစလုံးပါဝင္သည္။
စီမံကိန္းမ်ား၏ တန္ဖိုးသည္ အလားတူကာလအတြင္း ေဒၚလာ ၃၈၆.၀၈ ဘီလီယံမွ ေဒၚလာ ၁၃၇.၄၃ ဘီလီယံသို႔ က်ဆင္းခဲ့သည္။
ထိုသို႔ျဖစ္လင့္ကစား တ႐ုတ္ႏွင့္ဆက္ႏြယ္ေနေသာစီမံကိန္းမ်ား၏ စုစုေပါင္းတန္ဖိုးသည္ ေဒၚလာ ၄ ထရီလီယံေက်ာ္ သာလြန္ေၾကာင္း Refinitiv က ေျပာၾကားခဲ့သည္။

ထိုစုစုေပါင္း ပမာဏသည္ ႀကိဳးပမ္းလုပ္ကိုင္မႈ ၃၁၀၀ ေက်ာ္တြင္ ျပန႔္ႏွံ႔ေနသည္။ Refinitiv ၏ ေျပာၾကားခ်က္အရ ေဒၚလာ ၃.၃ ထရီလီယံတန္ စီမံကိန္းမ်ားသည္ ေဒၚလာ ၅၉၀ ဘီလီယံခန႔္ၿပီးစီးခဲ့ၿပီးျဖစ္သည္။ အေမရိကန္ေဒၚလာ ၆၄.၃ ဘီလီယံတန္ဖိုးရွိ စီမံကိန္းမ်ား ဆိုင္းငံ့ထားၿပီးေဒၚလာ ၁၄.၈ ဘီလီယံ ေႏွာင့္ေႏွးခဲ့သည္။ ေဒၚလာ ၁၂.၈ ဘီလီယံကို ဖ်က္သိမ္းခဲ့သည္။

Refinitiv သည္ စီမံကိန္းမ်ားအား လ်ာထားသည့္ အခ်ိန္ဇယားထက္ ေနာက္က်ေနလွ်င္ ေႏွာင့္ေႏွးသည္ဟုသတ္မွတ္ၿပီး ယာယီရပ္ဆိုင္းထားသည္တို႔ကို ဆိုင္းငံ့ထားသည္ဟု သတ္မွတ္သည္။ 
ပါကစၥတန္၊ အေရွ႕အလယ္ပိုင္းျပည္နယ္မ်ားႏွင့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားျဖစ္သည့္ BRI ၏ အႀကီးမားဆုံးပါဝင္သူအခ်ိဳ႕မွာ ကူးစက္ေရာဂါျဖစ္ပြားမႈမွ ႐ုန္းထြက္ေနရၿပီး ၎တို႔၏ စီးပြားေရးမ်ား အားနည္းေနဆဲျဖစ္ေသာေၾကာင့္ စီမံကိန္းမ်ားကို ဆက္လက္လုပ္ကိုင္ရန္ စိတ္မပါၾကေသးဟု Refinativ ကေျပာၾကားခဲ့သည္။

ပင္လယ္၊ ရထားလမ္းႏွင့္ ကားလမ္းဆက္သြယ္မႈ ကြန္ယက္တစ္ခု တည္ေဆာက္ရန္ ႀကိဳးပမ္းမႈတြင္ ပါဝင္ေနသည့္ စီးပြားေရးဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားအေနျဖင့္ တ႐ုတ္ႏွင့္ လက္မတြဲခင္ကတည္းက ေႂကြးၿမီႏြံနစ္ေနၿပီး ကပ္ေရာဂါက ပိုဆိုးသြားေစသည္။

ပါကစၥတန္ႏိုင္ငံသည္ BRI စီမံကိန္း၏ တ႐ုတ္ - ပါကစၥတန္စီးပြားေရးစႀကႍ အတြက္ေခ်းေငြအေမရိကန္ေဒၚလာဘီလီယံ ၃၀ ကို တ႐ုတ္ႏိုင္ငံသို႔ ေႂကြးၿမီျပန္လည္ေပးဆပ္ရန္အတြက္ ရက္တိုးရဖို႔ ႀကိဳးပမ္းခဲ့သည္။ ထိုျပန္ဆပ္ေငြသည္ ႏွစ္စဥ္ ေဒၚလာသန္း ၅၀၀ ခန႔္ သက္သာေစမည္ ျဖစ္သည္။

တစ္ခ်ိန္တည္းမွာပင္ ဗိုင္းရပ္စ္ေၾကာင့္အာရွတစ္လႊား၌ ပိတ္ဆို႔မႈမ်ားသည္ ေထာက္ပံ့ပို႔ေဆာင္ေရးႏွင့္ ေထာက္ပံ့ေရးကြင္းဆက္မ်ားကို ေႏွာင့္ေႏွးေစၿပီး စီမံကိန္းမ်ား အရွိန္သတ္ခံရသည္။

ေဟာင္ေကာင္ရွိ KPMG မွ Michael Camerlengoက Refinativ ၏ အစီရင္ခံစာကို ကိုးကားေျပာဆိုရာတြင္ COVID-19 သည္ ေဒသတစ္လႊားရွိ ေဆာက္လုပ္ေရးကန္ထ႐ိုက္တာမ်ားအားပစၥည္းမ်ားႏွင့္ အလုပ္သမားမ်ား ရရွိသည္မွာ ေသခ်ာဖို႔ အခက္အခဲမ်ားစြာ ႀကဳံေတြ႕ရေၾကာင္းေဖာ္ျပခဲ့သည္။

ၿပီးစီးရမည့္အဆင့္မ်ား မၿပီးစီးႏိုင္ေအာင္ ျဖစ္ခဲ့ရသည္။ ေငြေပးေခ်မႈေႏွာင့္ေႏွးျခင္း၊ လုပ္ငန္းလည္ပတ္ရတ္ ေငြလုံးေငြရင္း အခက္အခဲမ်ားႏွင့္ ကတိပ်က္ကြက္ျခင္းျဖစ္ႏိုင္ေခ်ရွိေသာျဖစ္ရပ္မ်ားကို ျဖစ္ေပၚေစခဲ့ရာ လက္ခြဲကန္ထ႐ိုက္တာမ်ား၏ ေထာက္ပံ့ေရးကြင္းဆက္ကို ထိုးႏွက္ခဲ့သည္။

တ႐ုတ္ႏိုင္ငံ၏ စီးပြားေရးေႏွးေကြးမႈသည္ ေနာက္ႏွစ္ႏွစ္အတြင္း Belt and Road ကိုအဟန႔္အတား ျဖစ္ေစႏိုင္သည့္ အခ်က္တစ္ခ်က္ျဖစ္ေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။ သို႔ေသာ္ တ႐ုတ္သည္ ေနာက္လန္မက်၊ ကမာၻ႔က်န္းမာေရးအက်ပ္အတည္းၾကားတြင္ တ႐ုတ္သည္ ေဒသတြင္းရွိက်န္းမာေရးေစာင့္ေရွာက္မႈက႑၌ ပူးေပါင္းေဆာင္႐ြက္မႈအစီအစဥ္ျဖစ္ေသာ ၎၏ က်န္းမာေရးပိုးလမ္းမႀကီးအား ျပန္လည္စတင္လုပ္ကိုင္ခဲ့ေၾကာင္း Refinitiv ကေျပာၾကားခဲ့သည္။
တ႐ုတ္ႏိုင္ငံ၏ ႀကီးထြားလာေသာ ဆက္သြယ္မႈမ်ားသည္ အက်ိဳးအျမတ္မ်ား ရရွိခဲ့ၿပီးျဖစ္သည္ဟု Refinitiv ကေျပာၾကားခဲ့သည္။ COVID-19 ေပၚ ဖုန္ထေနသည္တို႔ အနည္ထိုင္သြားလွ်င္ 
တ႐ုတ္အစိုးရသည္ စီးပြားေရးလုပ္ငန္းသစ္မ်ားဖန္တီးရန္အတြက္ ၎၏ လက္တြဲေဖာ္မ်ားႏွင့္စီးပြားေရးဆက္ဆံမႈမ်ားကို ျပန္လည္ထူေထာင္ရန္ ထက္ထက္သန္သန္ လုပ္ကိုင္ လိမ့္မည္ျဖစ္သည္။

Read 2225 times
Rate this item
(0 votes)