ဆူရ်ဘုန်လေဆိပ် တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီး

ဆူရ်ဘုန်လေဆိပ် တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီး

မြန်မာနိုင်ငံ၏တောင်တန်းဒေသဖြစ်ပြီး သွားလာရခက်ခဲသော ချင်းပြည် နယ် ဖလမ်းမြို့အနီး တည်ဆောက်လျက်ရှိသော

ဆူရ်ဘုန်လေဆိပ် တည်ဆောက်ရေးလုပ်ငန်းများမှာ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ် ကြောင်း လေဆိပ်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်လျက်
ရှိသော လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းဇော်ထံမှ သိရသည်။
"အဓိက လေယာဉ်ပြေးလမ်းနဲ့လေယာဉ်ရပ်နားရာနေရာလုပ်တာကတော့အကုန်လုံးရာနှုန်းပြည့်ပြီးသွားပါပြီ။ လေဆိပ်အဆောက်အအုံကလည်းရာနှုန်းပြည့်ပြီးသွားပါပြီ။ ကျန်တာက ဆက်စပ်လုပ်ငန်းတွေဖြစ်တဲ့ ရေမြောင်းတို့၊ ဘာတို့ပဲနည်းနည်းကျန်တယ်။ ဆက်သွယ်ရေးပိုင်းဆိုင်ရာက ရှေ့တစ်ပတ်ဆိုပြီးပါမယ် " ဟု ၎င်း မှ ပြောသည်။
ဆူရ်ဘုန်လေဆိပ်တည်ဆောက်ရန်အတွက် မြေပြင်ကွင်းဆင်းလေ့လာတိုင်းတာခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းများကို ၂၀၁၅-၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ပြီး နှစ်အလိုက်ဘတ်ဂျက်ငွေရရှိမှုအပေါ်မူတည်၍ တည်ဆောက်ရေးလုပ်ငန်းများဆက်လက်လုပ်‌ဆောင်ခဲ့သည်။
လေဆိပ်တည်ဆောက်ရေးလုပ်ငန်းများကို မူလက ၂၀၂၁ ခုနှစ်တွင်အပြီးတည်ဆောက်ရန်လျာထားခဲ့သော်လည်း သတ်မှတ်ကာလထက်စော၍ လုပ်ငန်းများပြီးစီးမှုကြောင့် ၂၀၂၀ ပြည့်နှစ်ဇူလိုင်လအတွင်း လုပ်ငန်းများအပြီးသတ်မည်ဟုခန့်မှန်းထားကြောင်း ၊ ယခုအခါတည်ဆောက်ရေးလုပ်ငန်းများ ၉၇ ရာခိုင်နှုန်းခန့်ပြီးစီနေပြီဖြစ်ကြောင်းသိရသည်။
ခရီးသည် ၇၀ ကျော် လိုက်ပါစီးနင်းနိုင်သော ATR-72 လေယာဉ်များအတက်အဆင်းပြုလုပ်နိုင်ရန်ရည်ရွယ်တည်ဆောက်လျက်ရှိသောဆူရ်ဘုန် လေဆိပ်မှာ လေယာဉ်ပြေးလမ်းအရှည်အလျားပေ ၆၀၀၀ ၊ အနံ ပေ ၁၀၀ ရှိပြီး Steel Structure များဖြင့် တည်ဆောက်ထားသော တစ်ထပ်ခွဲလေဆိပ်အ‌ဆောက်အအုံမှာ ခရီးသည် ၂၅၀ ခန့်ကိုဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကာ လေဆိပ်အဆောက်အအုံကို ဒေသရာသီဥတုနှင့်ကိုက်ညီ၍ သာမာန်လေဆိပ်များနှင့်မတူသောအခုံးပုံသဏ္ဌာန်ဒီဇိုင်းထည့်သွင်းတည် ဆောက်ထားကြောင်း သိရသည်။
#Transcom

 

ဆူရ္ဘုန္ေလဆိပ္ တည္ေဆာက္ေရးလုပ္ငန္းမ်ား ရာႏႈန္းျပည့္နီးပါးၿပီးစီး
====
ျမန္မာႏိုင္ငံ၏ေတာင္တန္းေဒသျဖစ္ၿပီး သြားလာရခက္ခဲေသာ ခ်င္းျပည္ နယ္ ဖလမ္းၿမိဳ႕အနီး တည္ေဆာက္လ်က္ရွိေသာ ဆူရ္ဘုန္ေလဆိပ္ တည္ေဆာက္ေရးလုပ္ငန္းမ်ားမွာ ရာႏႈန္းျပည့္နီးပါးၿပီးစီးေနၿပီျဖစ္ ေၾကာင္း ေလဆိပ္တည္ေဆာက္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္လ်က္
ရွိေသာ ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးထြန္းေဇာ္ထံမွ သိရသည္။
"အဓိက ေလယာဥ္ေျပးလမ္းနဲ႔ေလယာဥ္ရပ္နားရာေနရာလုပ္တာကေတာ့အကုန္လုံးရာႏႈန္းျပည့္ၿပီးသြားပါၿပီ။ ေလဆိပ္အေဆာက္အအုံကလည္းရာႏႈန္းျပည့္ၿပီးသြားပါၿပီ။ က်န္တာက ဆက္စပ္လုပ္ငန္းေတြျဖစ္တဲ့ ေရေျမာင္းတို႔၊ ဘာတို႔ပဲနည္းနည္းက်န္တယ္။ ဆက္သြယ္ေရးပိုင္းဆိုင္ရာက ေရွ႕တစ္ပတ္ဆိုၿပီးပါမယ္ " ဟု ၎ မွ ေျပာသည္။
ဆူရ္ဘုန္ေလဆိပ္တည္ေဆာက္ရန္အတြက္ ေျမျပင္ကြင္းဆင္းေလ့လာတိုင္းတာျခင္း၊ ဒီဇိုင္းေရးဆြဲျခင္းလုပ္ငန္းမ်ားကို ၂၀၁၅-၂၀၁၆ ခုႏွစ္တြင္ စတင္ခဲ့ၿပီး ႏွစ္အလိုက္ဘတ္ဂ်က္ေငြရရွိမႈအေပၚမူတည္၍ တည္ေဆာက္ေရးလုပ္ငန္းမ်ားဆက္လက္လုပ္‌ေဆာင္ခဲ့သည္။
ေလဆိပ္တည္ေဆာက္ေရးလုပ္ငန္းမ်ားကို မူလက ၂၀၂၁ ခုႏွစ္တြင္အၿပီးတည္ေဆာက္ရန္လ်ာထားခဲ့ေသာ္လည္း သတ္မွတ္ကာလထက္ေစာ၍ လုပ္ငန္းမ်ားၿပီးစီးမႈေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္ဇူလိုင္လအတြင္း လုပ္ငန္းမ်ားအၿပီးသတ္မည္ဟုခန႔္မွန္းထားေၾကာင္း ၊ ယခုအခါတည္ေဆာက္ေရးလုပ္ငန္းမ်ား ၉၇ ရာခိုင္ႏႈန္းခန႔္ၿပီးစီေနၿပီျဖစ္ေၾကာင္းသိရသည္။
ခရီးသည္ ၇၀ ေက်ာ္ လိုက္ပါစီးနင္းႏိုင္ေသာ ATR-72 ေလယာဥ္မ်ားအတက္အဆင္းျပဳလုပ္ႏိုင္ရန္ရည္႐ြယ္တည္ေဆာက္လ်က္ရွိေသာဆူရ္ဘုန္ ေလဆိပ္မွာ ေလယာဥ္ေျပးလမ္းအရွည္အလ်ားေပ ၆၀၀၀ ၊ အနံ ေပ ၁၀၀ ရွိၿပီး Steel Structure မ်ားျဖင့္ တည္ေဆာက္ထားေသာ တစ္ထပ္ခြဲေလဆိပ္အ‌ေဆာက္အအုံမွာ ခရီးသည္ ၂၅၀ ခန႔္ကိုဝန္ေဆာင္မႈေပးႏိုင္မည္ျဖစ္ကာ ေလဆိပ္အေဆာက္အအုံကို ေဒသရာသီဥတုႏွင့္ကိုက္ညီ၍ သာမာန္ေလဆိပ္မ်ားႏွင့္မတူေသာအခုံးပုံသဏၭာန္ဒီဇိုင္းထည့္သြင္းတည္ ေဆာက္ထားေၾကာင္း သိရသည္။
#Transcom

Read 7987 times Last modified on Friday, 12 June 2020 08:40
Rate this item
(0 votes)