ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဂျပန်နိုင်ငံအစိုးရနှင့် G to G ညှိနှိုင်းဆောင်ရွက်လျက်ရှိ

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဂျပန်နိုင်ငံအစိုးရနှင့် G to G ညှိနှိုင်းဆောင်ရွက်လျက်ရှိ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍

အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသည် စတုတ္ထ (၁) နှစ်တာကာလ အတွင်း သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ စီမံကိန်းများကို နှစ်ရှည် အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်း၊ အမျိုးသားထောက်ပံ့ ပို့ဆောင်ရေး ပင်မစီမံကိန်းများ နှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိသည်တို့ကို ရှင်းလင်းပြောကြားသည်။

မြန်မာ့မီးရထား
====
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့် မြှင့်တင်မှုကို ဂျပန်နိုင်ငံ၏ ODA ချေးငွေ၊ နိုင်ငံတော်ဘဏ္ဍာငွေတို့ဖြင့် ၂၀၁၇ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော်လျက်ရှိပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးရန် လျာထားဆောင် ရွက်လျက်ရှိသည်။
ရန်ကုန်မြို့ပတ်ရထားလမ်း၌ အတွင်းလမ်း၊ အပြင်လမ်း အပါအဝင် ဒွေးလမ်းအတွက် စုစုပေါင်းသံလမ်းမိုင် ၅၉ မိုင်ရှိပြီး (၉)ချောင်းဆက် သံလမ်း ခင်းခြင်း၊ လမ်းခင်းကျောက်ဖြည့် တင်းခြင်း၊ တံတားတည်ဆောက်ခြင်းများ အနေဖြင့် (၅၁)မိုင်ခွဲ ပြီးစီးပြီဖြစ်သည်။
ရထားလမ်းပေါ်၌ ကျူးကျော်များမရှိအောင် ကာကွယ်ရန် မြို့ပတ်ဧရိယာ အုတ်တံတိုင်း ၄၂ မိုင် ခန့်နှင့် ခြံစည်းရိုးကာရံမှု ၈ မိုင်ခန့်ကို ယခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည်။
ရန်ကုန် - မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ၏ ODA ချေးငွေ ဖြင့် အဆင့်(၂)ဆင့်ခွဲကာ ၂၀၁၇ ခုနှစ်မှ စတင် အကောင်အထည်ဖော်လျက်ရှိပြီး ပထမအဆင့် ရန်ကုန်နှင့် တောင်ငူအကြား ၁၆၆ မိုင် ဒွေးလမ်းကို အဆင့်မြှင့်တင်နေသည်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်ကစပြီး ဖြစ်နိုင်ခြေလေ့လာခြင်း၊ အသေးစိတ် ဒီဇိုင်းရေးဆွဲခြင်း၊ စီမံကိန်း ကြီးကြပ်မှုအကြံပေးအဖွဲ့ကို တင်ဒါခေါ်ယူငှားရမ်းခြင်း၊ စာချုပ်ချုပ်ဆို ခြင်း၊ ကုန်ကျစရိတ် ဈေးနှုန်းများကို ညှိနှိုင်းစစ်ဆေးခြင်းစသည်တို့ကို ဆက်တိုက်လုပ် ဆောင်ခဲ့ရာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှစပြီး ဆောင်ရွက်ခဲ့၍ အပိုင်း(၁)တစ်ခု လုံးတွင် လေးထောင့်ပြွန်ပေါက် တံတားပေါင်း ၂၀၂ စင်း ပြင်ဆင်ရမည်ဖြစ်ပြီး တံတားကြီး ၃၅ စင်း တည်ဆောက်ရမည် ဖြစ်သည်။
အဆင့်(၂)ဖြစ်သည့် တောင်ငူ - မန္တလေးအပိုင်းကို တစ်ပြိုင်နက်တည်း ဆောင်ရွက် လျက်ရှိရာ အသေးစိတ်ဒီဇိုင်းနှင့် ကုန်ကျစရိတ် တွက်ချက်မှုပြီးစီးနေပြီဖြစ်၍ တင်ဒါခေါ်ယူမှု လုပ်ငန်းဆောင်ရွက်နေပြီး အဆိုပါ စီမံကိန်းတစ်ခုလုံးသည် ၂၀၂၃ ခုနှစ်တွင် ပြီးစီး အောင် ဆောင်ရွက် နေသည်။
မန္တလေး - မြစ်ကြီးနား လမ်းပိုင်းအဆင့်မြှင့်တင်ရာ၌ နမ့်ခမ်း - ဘုံချောင်းနှင့် မော်ဟန် - ကာဒူ လမ်းပိုင်းနေရာများသည် ခက်ခဲကြမ်းတမ်းသောလမ်းပိုင်းဖြစ်၍ ၎င်းအခက်အခဲများ ပြေပျောက်အောင် ကိုရီးယားအင်ဂျင်နီယာအဖွဲ့နှင့် ဖြစ်နိုင်စွမ်းကို နှစ်ကြိမ်ဆန်းစစ်ခဲ့ရာ ဥမင် တစ်ခု၊ တံတားကြီး တစ်စင်းနှင့် ဘူတာအသစ် နှစ်ခု တည်ဆောက်ရန် လျာထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဂျိုးထောင်မှ မဲဇာအထိ ၂၄ မိုင်၊ မော်ဟန် - ကာဒူ အထိ (၁၀မိုင်)နှင့် စုစုပေါင်း ၃၄ မိုင်ကို ကိုရီးယားသမ္မတနိုင်ငံ၏ ချေးငွေအမေရိကန်ဒေါ်လာ ၁၂၅ သန်းဖြင့် တည်ဆောက်ရန် လွှတ်တော်၏ ခွင့်ပြုချက်ရရှိပြီး ကိုရီးယားနိုင်ငံ EXIM Bank နှင့် ချေးငွေစာချုပ်ချုပ်ဆိုရန် ဆောင်ရွက်နေသည်။
အလားတူ ရန်ကုန် - ပြည်လမ်းပိုင်းကို ADB ၏ ချေးငွေနှင့် အဆင့်မြှင့်တင်နိုင်ရေး အတွက် စီမံကိန်းဖြစ်မြောက်နိုင်မှု လေ့လာခြင်းနှင့် ချေးငွေညှိနှိုင်းမှုများ ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ ပဲခူး - မော်လမြိုင်လမ်းပိုင်းကို ကိုးချောင်းဆက်သံ လမ်းဂဟေဆက်ခြင်းနှင့် ကျောက် ဖြည့်ပက်ကင်ရိုက်ခြင်း တို့ကို ပဲခူးမှ သထုံအထိ ဆောင်ရွက်ပြီးဖြစ်၍ သထုံ - မော်လမြိုင် လမ်း ပိုင်းကို ယခုနှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်သည်။

ရေကြောင်းပို့ဆောင်ရေး
===
မန္တလေး၊ မုံရွာ၊ ပခုက္ကူနှင့် ဗန်းမော်မြို့များတွင် ဆိပ်ကမ်းများ တည်ဆောက်ရန်ရှိပြီး ယခုနှစ်ထဲတွင် မန္တလေး ဆိပ်ကမ်းကို ကွန်တိန်နာတင်ပို့နိုင်သော ပြည်တွင်းရေကြောင်းဆိပ်ကမ်းအဖြစ် ဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် ရန်ကုန်ဆိပ်ကမ်းအဝင် ရေလမ်းကြောင်း ရေရှည်ကောင်းမွန်စေရေးအတွက် သောင်တူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ် မေလမှ စတင်ဆောင်ရွက်ခဲ့ရာ ရေလမ်း ကြောင်း တည်ငြိမ်မှုကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင်ပြီး Vessel Traffic Navigation Aid in Yangon River ကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဆက်လက်ဆောင် ရွက်ရန် ညှိနှိုင်းလျက်ရှိသည်။
USAID ဖြင့် ပူးပေါင်းကာ ဆိပ်ကမ်းအခြေခံအဆောက် အအုံဆိုင်ရာ ဖြစ်နိုင်ခြေလေ့လာမှုနှင့် Master Plan ရေးဆွဲခြင်းများကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ အထိ ဆောင်ရွက်လျက်ရှိသည်။

လေကြောင်းပို့ဆောင်ရေးကဏ္ဍ
=============
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဂျပန်နိုင်ငံအစိုးရနှင့် G to G ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
ခရီးသွားလာမှုများသည့် ပြည်တွင်းလေဆိပ်များ ဖြစ်သော ဟဲဟိုး၊ မော်လမြိုင်နှင့် ကော့သောင်း လေဆိပ်တို့ကို PPP စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ရန် တင်ဒါခေါ်ယူခဲ့သည်။
မော်လမြိုင်လေဆိပ်သည် စီးပွားရေး ကော်မတီက ခွင့်ပြုပြီးဖြစ်၍ စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်နေပြီး သံတွဲလေဆိပ်ကို ယခုနှစ်နှင့် လာမည့်နှစ်များတွင် စင်လုံးငှားလေယာဉ်များ ဆင်းသက်နိုင်သော လေဆိပ်အဖြစ် အပြည်ပြည်ဆိုင်ရာ လေကြောင်းအဖွဲ့ချုပ်၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် လေယာဉ် ပြေးလမ်းတိုးချဲ့ ခြင်း၊ လေယာဉ်ပြေးလမ်း ထပ်ပိုးလွှာတင်ခြင်း၊ လေဆိပ်အဆောက်အအုံ (Terminal) ကို ခရီးသည်များဝင်ထွက်၍ ကောင်းမွန်စေရန် ပြုပြင်မွမ်းမံခြင်းများကို နှစ်နှစ်အ တွင်း အပြီးဆောင်ရွက်သွားမည်။

 

ဟံသာဝတီအျပည္ျပည္ဆိုင္ရာေလဆိပ္ကို ဂ်ပန္ႏိုင္ငံအစိုးရႏွင့္ G to G ညႇိႏႈိင္းေဆာင္႐ြက္လ်က္ရွိ

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၏ ျပည္သူ႔အတြက္ စတုတၳ (၁) ႏွစ္တာကာလအတြင္း ေဆာင္႐ြက္ခ်က္မ်ား ႏွင့္စပ္လ်ဥ္း၍ အၿမဲတမ္းအတြင္းဝန္ ဦးဝင္းခန႔္က ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနသည္ စတုတၳ (၁) ႏွစ္တာကာလ အတြင္း သယ္ယူပို႔ေဆာင္ေရး အေျခခံအေဆာက္အအုံ စီမံကိန္းမ်ားကို ႏွစ္ရွည္ အမ်ိဳးသားပို႔ေဆာင္ေရး ပင္မစီမံကိန္း၊ အမ်ိဳးသားေထာက္ပံ့ ပို႔ေဆာင္ေရး ပင္မစီမံကိန္းမ်ား ႏွင့္အညီ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္လ်က္ ရွိသည္တို႔ကို ရွင္းလင္းေျပာၾကားသည္။

ျမန္မာ့မီးရထား
====
ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အဆင့္ ျမႇင့္တင္မႈကို ဂ်ပန္ႏိုင္ငံ၏ ODA ေခ်းေငြ၊ ႏိုင္ငံေတာ္ဘ႑ာေငြတို႔ျဖင့္ ၂၀၁၇ ခုႏွစ္မွ စတင္၍ အေကာင္အထည္ေဖာ္လ်က္ရွိၿပီး ၂၀၂၁ ခုႏွစ္တြင္ ၿပီးစီးရန္ လ်ာထားေဆာင္ ႐ြက္လ်က္ရွိသည္။
ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း၌ အတြင္းလမ္း၊ အျပင္လမ္း အပါအဝင္ ေဒြးလမ္းအတြက္ စုစုေပါင္းသံလမ္းမိုင္ ၅၉ မိုင္ရွိၿပီး (၉)ေခ်ာင္းဆက္ သံလမ္း ခင္းျခင္း၊ လမ္းခင္းေက်ာက္ျဖည့္ တင္းျခင္း၊ တံတားတည္ေဆာက္ျခင္းမ်ား အေနျဖင့္ (၅၁)မိုင္ခြဲ ၿပီးစီးၿပီျဖစ္သည္။
ရထားလမ္းေပၚ၌ က်ဴးေက်ာ္မ်ားမရွိေအာင္ ကာကြယ္ရန္ ၿမိဳ႕ပတ္ဧရိယာ အုတ္တံတိုင္း ၄၂ မိုင္ ခန႔္ႏွင့္ ၿခံစည္း႐ိုးကာရံမႈ ၈ မိုင္ခန႔္ကို ယခုႏွစ္အတြင္း ေဆာင္႐ြက္ခဲ့သည္။
ရန္ကုန္ - မႏၲေလးလမ္းပိုင္း အဆင့္ျမႇင့္တင္ေရးစီမံကိန္းကို ဂ်ပန္ႏိုင္ငံ၏ ODA ေခ်းေငြ ျဖင့္ အဆင့္(၂)ဆင့္ခြဲကာ ၂၀၁၇ ခုႏွစ္မွ စတင္ အေကာင္အထည္ေဖာ္လ်က္ရွိၿပီး ပထမအဆင့္ ရန္ကုန္ႏွင့္ ေတာင္ငူအၾကား ၁၆၆ မိုင္ ေဒြးလမ္းကို အဆင့္ျမႇင့္တင္ေနသည္။
၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္ကစၿပီး ျဖစ္ႏိုင္ေျခေလ့လာျခင္း၊ အေသးစိတ္ ဒီဇိုင္းေရးဆြဲျခင္း၊ စီမံကိန္း ႀကီးၾကပ္မႈအႀကံေပးအဖြဲ႕ကို တင္ဒါေခၚယူငွားရမ္းျခင္း၊ စာခ်ဳပ္ခ်ဳပ္ဆို ျခင္း၊ ကုန္က်စရိတ္ ေဈးႏႈန္းမ်ားကို ညႇိႏႈိင္းစစ္ေဆးျခင္းစသည္တို႔ကို ဆက္တိုက္လုပ္ ေဆာင္ခဲ့ရာ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ ၁ ရက္မွစၿပီး ေဆာင္႐ြက္ခဲ့၍ အပိုင္း(၁)တစ္ခု လုံးတြင္ ေလးေထာင့္ႁပြန္ေပါက္ တံတားေပါင္း ၂၀၂ စင္း ျပင္ဆင္ရမည္ျဖစ္ၿပီး တံတားႀကီး ၃၅ စင္း တည္ေဆာက္ရမည္ ျဖစ္သည္။
အဆင့္(၂)ျဖစ္သည့္ ေတာင္ငူ - မႏၲေလးအပိုင္းကို တစ္ၿပိဳင္နက္တည္း ေဆာင္႐ြက္ လ်က္ရွိရာ အေသးစိတ္ဒီဇိုင္းႏွင့္ ကုန္က်စရိတ္ တြက္ခ်က္မႈၿပီးစီးေနၿပီျဖစ္၍ တင္ဒါေခၚယူမႈ လုပ္ငန္းေဆာင္႐ြက္ေနၿပီး အဆိုပါ စီမံကိန္းတစ္ခုလုံးသည္ ၂၀၂၃ ခုႏွစ္တြင္ ၿပီးစီး ေအာင္ ေဆာင္႐ြက္ ေနသည္။
မႏၲေလး - ျမစ္ႀကီးနား လမ္းပိုင္းအဆင့္ျမႇင့္တင္ရာ၌ နမ့္ခမ္း - ဘုံေခ်ာင္းႏွင့္ ေမာ္ဟန္ - ကာဒူ လမ္းပိုင္းေနရာမ်ားသည္ ခက္ခဲၾကမ္းတမ္းေသာလမ္းပိုင္းျဖစ္၍ ၎အခက္အခဲမ်ား ေျပေပ်ာက္ေအာင္ ကိုရီးယားအင္ဂ်င္နီယာအဖြဲ႕ႏွင့္ ျဖစ္ႏိုင္စြမ္းကို ႏွစ္ႀကိမ္ဆန္းစစ္ခဲ့ရာ ဥမင္ တစ္ခု၊ တံတားႀကီး တစ္စင္းႏွင့္ ဘူတာအသစ္ ႏွစ္ခု တည္ေဆာက္ရန္ လ်ာထားေဆာင္႐ြက္ လ်က္ရွိပါေၾကာင္း၊ ထိုသို႔ ေဆာင္႐ြက္ရာတြင္ ဂ်ိဳးေထာင္မွ မဲဇာအထိ ၂၄ မိုင္၊ ေမာ္ဟန္ - ကာဒူ အထိ (၁၀မိုင္)ႏွင့္ စုစုေပါင္း ၃၄ မိုင္ကို ကိုရီးယားသမၼတႏိုင္ငံ၏ ေခ်းေငြအေမရိကန္ေဒၚလာ ၁၂၅ သန္းျဖင့္ တည္ေဆာက္ရန္ လႊတ္ေတာ္၏ ခြင့္ျပဳခ်က္ရရွိၿပီး ကိုရီးယားႏိုင္ငံ EXIM Bank ႏွင့္ ေခ်းေငြစာခ်ဳပ္ခ်ဳပ္ဆိုရန္ ေဆာင္႐ြက္ေနသည္။
အလားတူ ရန္ကုန္ - ျပည္လမ္းပိုင္းကို ADB ၏ ေခ်းေငြႏွင့္ အဆင့္ျမႇင့္တင္ႏိုင္ေရး အတြက္ စီမံကိန္းျဖစ္ေျမာက္ႏိုင္မႈ ေလ့လာျခင္းႏွင့္ ေခ်းေငြညႇိႏႈိင္းမႈမ်ား ေဆာင္႐ြက္လ်က္ ရွိပါ ေၾကာင္း၊ ပဲခူး - ေမာ္လၿမိဳင္လမ္းပိုင္းကို ကိုးေခ်ာင္းဆက္သံ လမ္းဂေဟဆက္ျခင္းႏွင့္ ေက်ာက္ ျဖည့္ပက္ကင္႐ိုက္ျခင္း တို႔ကို ပဲခူးမွ သထုံအထိ ေဆာင္႐ြက္ၿပီးျဖစ္၍ သထုံ - ေမာ္လၿမိဳင္ လမ္း ပိုင္းကို ယခုႏွစ္အတြင္း အၿပီးေဆာင္႐ြက္သြားမည္ျဖစ္သည္။

ေရေၾကာင္းပို႔ေဆာင္ေရး
===
မႏၲေလး၊ မုံ႐ြာ၊ ပခုကၠဴႏွင့္ ဗန္းေမာ္ၿမိဳ႕မ်ားတြင္ ဆိပ္ကမ္းမ်ား တည္ေဆာက္ရန္ရွိၿပီး ယခုႏွစ္ထဲတြင္ မႏၲေလး ဆိပ္ကမ္းကို ကြန္တိန္နာတင္ပို႔ႏိုင္ေသာ ျပည္တြင္းေရေၾကာင္းဆိပ္ကမ္းအျဖစ္ ေဆာင္႐ြက္ လ်က္ရွိသည္။
ထို႔ျပင္ ရန္ကုန္ဆိပ္ကမ္းအဝင္ ေရလမ္းေၾကာင္း ေရရွည္ေကာင္းမြန္ေစေရးအတြက္ ေသာင္တူးေဖာ္ျခင္းလုပ္ငန္းကို ၂၀၁၈ ခုႏွစ္ ေမလမွ စတင္ေဆာင္႐ြက္ခဲ့ရာ ေရလမ္း ေၾကာင္း တည္ၿငိမ္မႈကို အတိုင္းအတာတစ္ခုအထိ ထိန္းသိမ္းႏိုင္ၿပီး Vessel Traffic Navigation Aid in Yangon River ကို ဂ်ပန္ႏိုင္ငံ၏ အကူအညီျဖင့္ ဆက္လက္ေဆာင္ ႐ြက္ရန္ ညႇိႏႈိင္းလ်က္ရွိသည္။
USAID ျဖင့္ ပူးေပါင္းကာ ဆိပ္ကမ္းအေျခခံအေဆာက္ အအုံဆိုင္ရာ ျဖစ္ႏိုင္ေျခေလ့လာမႈႏွင့္ Master Plan ေရးဆြဲျခင္းမ်ားကို ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလမွ ၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ အထိ ေဆာင္႐ြက္လ်က္ရွိသည္။

ေလေၾကာင္းပို႔ေဆာင္ေရးက႑
=============
ဟံသာဝတီအျပည္ျပည္ဆိုင္ရာေလဆိပ္ကို ဂ်ပန္ႏိုင္ငံအစိုးရႏွင့္ G to G ညႇိႏႈိင္းေဆာင္႐ြက္လ်က္ရွိသည္။
ခရီးသြားလာမႈမ်ားသည့္ ျပည္တြင္းေလဆိပ္မ်ား ျဖစ္ေသာ ဟဲဟိုး၊ ေမာ္လၿမိဳင္ႏွင့္ ေကာ့ေသာင္း ေလဆိပ္တို႔ကို PPP စနစ္ျဖင့္ အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္ရန္ တင္ဒါေခၚယူခဲ့သည္။
ေမာ္လၿမိဳင္ေလဆိပ္သည္ စီးပြားေရး ေကာ္မတီက ခြင့္ျပဳၿပီးျဖစ္၍ စာခ်ဳပ္ခ်ဳပ္ဆိုရန္ ေဆာင္႐ြက္ေနၿပီး သံတြဲေလဆိပ္ကို ယခုႏွစ္ႏွင့္ လာမည့္ႏွစ္မ်ားတြင္ စင္လုံးငွားေလယာဥ္မ်ား ဆင္းသက္ႏိုင္ေသာ ေလဆိပ္အျဖစ္ အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းအဖြဲ႕ခ်ဳပ္၏ စံခ်ိန္စံၫႊန္းမ်ားႏွင့္ ကိုက္ညီေအာင္ ေလယာဥ္ ေျပးလမ္းတိုးခ်ဲ႕ ျခင္း၊ ေလယာဥ္ေျပးလမ္း ထပ္ပိုးလႊာတင္ျခင္း၊ ေလဆိပ္အေဆာက္အအုံ (Terminal) ကို ခရီးသည္မ်ားဝင္ထြက္၍ ေကာင္းမြန္ေစရန္ ျပဳျပင္မြမ္းမံျခင္းမ်ားကို ႏွစ္ႏွစ္အ တြင္း အၿပီးေဆာင္႐ြက္သြားမည္။

Read 30620 times
Rate this item
(2 votes)