ကွန်မင်း-မန္တလေး ရထားလမ်းပိုင်းအတွက် အရေးပါတဲ့ နူကျန်းမြစ်တံတားခုံး

ကွန်မင်း-မန္တလေး ရထားလမ်းပိုင်းအတွက် အရေးပါတဲ့ နူကျန်းမြစ်တံတားခုံး

တရုတ်ပြည်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ နူကျန်းမြစ်ကို ဖြတ်၍ တည်ဆောက်ထားသေ မြစ်ကူးတံတားခုံးသည်

ကီလိုမီတာ ၂၂၀ ရှည်သည့် ဒလီ - ရူလီရထားလမ်း၏ အဓိကကျသောစီမံကိန်းဖြစ်သည်။ ၎င်းတံတားသည် တရုတ် - မြန်မာအပြည်ပြည်ဆိုင်ရာမီးရထားလမ်းစင်္ကြံ၏ ယူနန်ပြည်နယ်၏မြို့တော် ကွန်မင်း နှင့် မြန်မာပြည်အထက်ပိုင်းရှိ မန္တလေးမြို့ ဆက်သွယ်ပေးမည့် ရထားလမ်းအတွက် တည်ဆောက်ခြင်း ဖြစ်သည်။ တံတားခုံး၏ ထူးခြားချက်မှာ  တစ်ခုတည်းသော span ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ယင်း  span သည် မီတာ ၄၉၀ ရှိပြီး ကမ္ဘာ့ အရှည်လျားဆုံး span ဟု မှတ်တမ်းဝင်သည်။

တံတားသည် အရှည် ၁၀၂၄ မီတာ ရှိပြီး အကျယ် ၂၅ မီတာနီးပါး ရှိသည်။ ရထားလေးစီး တစ်ပြိုင်နက်တည်း တံတားကို အသုံးပြုနိုင်သည်ဟု China Railway Construction Corporation ၏ စီမံကိန်း မန်နေဂျာ  Yu Changbin က ပြောကြားကြောင်း တရုတ်နိုင်ငံမှ သတင်းဌာန Global Times တွင် ဖော်ပြထားသည်။

ရူလီမှ နယ်ခြားကို ဖြတ်ကျော်ပြီး မူဆယ်သို့ ရထားလမ်း ချိတ်ဆက်မည် ဖြစ်သည်။ မူဆယ်- မန္တလေး ရထားလမ်းပိုင်းသည် ၄၃၁ ကီလိုမီတာ ရှိမည်ဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံChina-Myanmar Economic Corridor (CMEC) ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ မူဆယ်-မန်း ရထားလမ်းကို မျဉ်းပြိုင်ပြုပြီး ကားလမ်း ဖောက်မည် ဖြစ်သည်။

 ZAWGYI

 

 

ကြန္မင္း-မန္း ရထားလမ္းပိုင္းအတြက္ အေရးပါတဲ့ ႏူက်န္းျမစ္တံတားခုံး


တ႐ုတ္ျပည္အေနာက္ေတာင္ပိုင္း ယူနန္ျပည္နယ္ရွိ ႏူက်န္းျမစ္ကို ျဖတ္၍ တည္ေဆာက္ထားေသ ျမစ္ကူးတံတားခုံးသည္ ကီလိုမီတာ ၂၂၀ ရွည္သည့္ ဒလီ - ႐ူလီရထားလမ္း၏ အဓိကက်ေသာစီမံကိန္းျဖစ္သည္။ ၎တံတားသည္ တ႐ုတ္ - ျမန္မာအျပည္ျပည္ဆိုင္ရာမီးရထားလမ္းစႀကႍ၏ ယူနန္ျပည္နယ္၏ၿမိဳ႕ေတာ္ ကြန္မင္း ႏွင့္ ျမန္မာျပည္အထက္ပိုင္းရွိ မႏၲေလးၿမိဳ႕ ဆက္သြယ္ေပးမည့္ ရထားလမ္းအတြက္ တည္ေဆာက္ျခင္း ျဖစ္သည္။ တံတားခုံး၏ ထူးျခားခ်က္မွာ တစ္ခုတည္းေသာ span ျဖင့္ တည္ေဆာက္ထားျခင္းျဖစ္ၿပီး ယင္း span သည္ မီတာ ၄၉၀ ရွိၿပီး ကမာၻ႔ အရွည္လ်ားဆုံး span ဟု မွတ္တမ္းဝင္သည္။

တံတားသည္ အရွည္ ၁၀၂၄ မီတာ ရွိၿပီး အက်ယ္ ၂၅ မီတာနီးပါး ရွိသည္။ ရထားေလးစီး တစ္ၿပိဳင္နက္တည္း တံတားကို အသုံးျပဳႏိုင္သည္ဟု China Railway Construction Corporation ၏ စီမံကိန္း မန္ေနဂ်ာ Yu Changbin က ေျပာၾကားေၾကာင္း တ႐ုတ္ႏိုင္ငံမွ သတင္းဌာန Global Times တြင္ ေဖာ္ျပထားသည္။

႐ူလီမွ နယ္ျခားကို ျဖတ္ေက်ာ္ၿပီး မူဆယ္သို႔ ရထားလမ္း ခ်ိတ္ဆက္မည္ ျဖစ္သည္။ မူဆယ္- မႏၲေလး ရထားလမ္းပိုင္းသည္ ၄၃၁ ကီလိုမီတာ ရွိမည္ျဖစ္ၿပီး တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍChina-Myanmar Economic Corridor (CMEC) ၏ အစိတ္အပိုင္း တစ္ခုျဖစ္သည္။ မူဆယ္-မန္း ရထားလမ္းကို မ်ဥ္းၿပိဳင္ျပဳၿပီး ကားလမ္း ေဖာက္မည္ ျဖစ္သည္။

 

Read 7716 times Last modified on Friday, 12 June 2020 08:38
Rate this item
(0 votes)