ဖြစ်မြောက်နိုင်ခြေ လေ့လာမှု ၏ Final Draft Report ရရှိပြီးသည့် မူဆယ် - မန္တလေး မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်း

ဖြစ်မြောက်နိုင်ခြေ လေ့လာမှု ၏ Final Draft Report ရရှိပြီးသည့် မူဆယ် - မန္တလေး မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်း

မူဆယ် - မန္တလေး မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းမှာ သက်ဆိုင်ရာ ပညာရှင်များ၏ ကွင်းဆင်း ဆောင်ရွက်မှုအပြင်

တတိယ အဖွဲ့(Third Party) တစ်ဖွဲ့၏ အဆိုပါ စီမံကိန်း အပေါ် လေ့လာ သုံးသပ်ချက်များ ရရှိရေးအတွက် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ ရထားလမ်း ဖောက်လုပ်ပြီးစီးပါက နှစ်နိုင်ငံ ပြည်သူများ သွားလာမှု အဆင်ပြေရေးအပြင် နယ်စပ်ကုန်သွယ်ရေး ကိုပါ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ထားရှိကြောင်း၊ သို့ရာတွင် နယ်စပ် ဖြတ်ကျော် ၊ နိုင်ငံ ဖြတ်ကျော် စီမံကိန်း ဖြစ်သည့်အတွက် ပို့/ ဆက် ဝန်ကြီးဌာနအနေဖြင့် အဘက်ဘက်က စဉ်းစား ချင့်ချိန်ကာ လုပ်သင့် မလုပ်သင့်သည်များအပေါ် ခွင့်ပြုချက်များ အဆင့်ဆင့် ရယူပြီးမှသာ အမှား အယွင်း မရှိစေရန်နှင့် မိမိတို့နိုင်ငံ ထိခိုက်နစ်နာမှု မရှိစေရန် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့် က အစိုးရ၏ လေးနှစ်ပြည့် ဆောင်ရွက်ချက် များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Ruli East Railway ဘူတာမှ တစ်ဆင့် မြန်မာနိုင်ငံ မူဆယ်မြို့အား ဖြတ်ကျော်၍ မန္တလေးသို့ ဆက်သွယ် ဖောက်လုပ်မည့် ၄၃၁ ကီလိုမီတာခန့် ရှည်လျားသော Standard Guage System ရထားလမ်း စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ဖြစ်မြောက် နိုင်ခြေ လေ့လာမှု(FS:_ Feasibility Study) ကိုတရုတ်နိုင်ငံဘက်က ကုန်ကျစရိတ်ဖြင့် ဆောင်ရွက် ပေးမည်ဟု ၂၀၁၇ မေလ တွင် လာရောက် ကမ်းလှမ်းမှုအပေါ် မြန်မာ့ မီးရထားနှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group Company Limited တို့အကြား ၂၀၁၈ အောက်တိုဘာ ၂၈ ရက်တွင် နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးခဲ့ပြီး ၂၀၁၈ ဒီဇင်ဘာ ၅ ရက်နေ့မှ စ၍ ဖြစ်မြောက် နိုင်ခြေ လေ့လာမှု လုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ဖြစ်မြောက်နိုင်ခြေ လေ့လာမှု ၏ Final Draft Report ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ အတွင်း တရုတ်နိုင်ငံ သမ္မတကြီးရှီကျင့်ဖိန်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရရှိပြီး ဖြစ်ကြောင်း သိရသည်။

(Xinhua)

 

ျဖစ္ေျမာက္ႏိုင္ေျခ ေလ့လာမႈ ၏ Final Draft Report ရရွိၿပီးသည့္ မူဆယ္ - မႏၲေလး မီးရထားလမ္း ေဖာက္လုပ္ေရး စီမံကိန္း

မူဆယ္ - မႏၲေလး မီးရထားလမ္း ေဖာက္လုပ္ေရး စီမံကိန္းမွာ သက္ဆိုင္ရာ ပညာရွင္မ်ား၏ ကြင္းဆင္း ေဆာင္႐ြက္မႈအျပင္ တတိယ အဖြဲ႕(Third Party) တစ္ဖြဲ႕၏ အဆိုပါ စီမံကိန္း အေပၚ ေလ့လာ သုံးသပ္ခ်က္မ်ား ရရွိေရးအတြက္ စီစဥ္ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း၊ အဆိုပါ ရထားလမ္း ေဖာက္လုပ္ၿပီးစီးပါက ႏွစ္ႏိုင္ငံ ျပည္သူမ်ား သြားလာမႈ အဆင္ေျပေရးအျပင္ နယ္စပ္ကုန္သြယ္ေရး ကိုပါ အေထာက္အကူျပဳႏိုင္ရန္ ရည္႐ြယ္ထားရွိေၾကာင္း၊ သို႔ရာတြင္ နယ္စပ္ ျဖတ္ေက်ာ္ ၊ ႏိုင္ငံ ျဖတ္ေက်ာ္ စီမံကိန္း ျဖစ္သည့္အတြက္ ပို႔/ ဆက္ ဝန္ႀကီးဌာနအေနျဖင့္ အဘက္ဘက္က စဥ္းစား ခ်င့္ခ်ိန္ကာ လုပ္သင့္ မလုပ္သင့္သည္မ်ားအေပၚ ခြင့္ျပဳခ်က္မ်ား အဆင့္ဆင့္ ရယူၿပီးမွသာ အမွား အယြင္း မရွိေစရန္ႏွင့္ မိမိတို႔ႏိုင္ငံ ထိခိုက္နစ္နာမႈ မရွိေစရန္ စီစဥ္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန အၿမဲတမ္း အတြင္းဝန္ ဦးဝင္းခန္႔ က အစိုးရ၏ ေလးႏွစ္ျပည့္ ေဆာင္႐ြက္ခ်က္ မ်ားႏွင့္ ပတ္သက္သည့္ သတင္းစာ ရွင္းလင္းပြဲတြင္ေျပာၾကားခဲ့သည္။
တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ Ruli East Railway ဘူတာမွ တစ္ဆင့္ ျမန္မာႏိုင္ငံ မူဆယ္ၿမိဳ႕အား ျဖတ္ေက်ာ္၍ မႏၲေလးသို႔ ဆက္သြယ္ ေဖာက္လုပ္မည့္ ၄၃၁ ကီလိုမီတာခန႔္ ရွည္လ်ားေသာ Standard Guage System ရထားလမ္း စီမံကိန္း အေကာင္အထည္ေဖာ္ေရးအတြက္ ျဖစ္ေျမာက္ ႏိုင္ေျခ ေလ့လာမႈ(FS:_ Feasibility Study) ကိုတ႐ုတ္ႏိုင္ငံဘက္က ကုန္က်စရိတ္ျဖင့္ ေဆာင္႐ြက္ ေပးမည္ဟု ၂၀၁၇ ေမလ တြင္ လာေရာက္ ကမ္းလွမ္းမႈအေပၚ ျမန္မာ့ မီးရထားႏွင့္ တ႐ုတ္ႏိုင္ငံ China Railway Eryuan Engineering Group Company Limited တို႔အၾကား ၂၀၁၈ ေအာက္တိုဘာ ၂၈ ရက္တြင္ နားလည္မႈ စာခြၽန္လႊာ (MoU) ေရးထိုးခဲ့ၿပီး ၂၀၁၈ ဒီဇင္ဘာ ၅ ရက္ေန႔မွ စ၍ ျဖစ္ေျမာက္ ႏိုင္ေျခ ေလ့လာမႈ လုပ္ငန္းမ်ား စတင္ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ျဖစ္ေျမာက္ႏိုင္ေျခ ေလ့လာမႈ ၏ Final Draft Report ကို ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ အတြင္း တ႐ုတ္ႏိုင္ငံ သမၼတႀကီးရွီက်င့္ဖိန္၏ ျမန္မာႏိုင္ငံ ခရီးစဥ္အတြင္း ရရွိၿပီး ျဖစ္ေၾကာင္း သိရသည္။ (Xinhua)

Read 4627 times
Rate this item
(0 votes)