LNG သင်္ဘောရောက်ရှိလာခြင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဆောင်ရွက်မှုအခြေအနေ

LNG သင်္ဘောရောက်ရှိလာခြင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဆောင်ရွက်မှုအခြေအနေ

ယခုနှစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများအနက် မကွေး ၆၆ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံ၊

ကျွန်းချောင်း ၂၀.၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနှင့် အလုံ ၁၅၁.၅၄ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံစီမံကိန်းများမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော် ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်ခဲ့ပြီး LNG to Power စီမံကိန်း များအနက် မကြာမီ ယခု LNG to Power သာကေတ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းမှလည်း လျှပ်စစ်ဓာတ်အားများ ထွက်ရှိတော့မည် ဖြစ်သည်။

LNG သိုလှောင်သင်္ဘောမှ LNG ကို အသုံးပြု၍ ဓာတ်အားထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စီမံကိန်းဖြစ်သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏မူဝါဒဖြစ်သော ပြည်သူ လူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် အဓိကအချက်များအနက် ကဏ္ဍတစ်ခု ဖြစ်သည့် လျှပ်စစ်မီးရရှိရေးကို ဒေသအသီးသီးသို့ ဖြန့်ကျက်ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော် အစိုးရအနေဖြင့်လည်း ယခုနှစ်တွင်လျှပ်စစ်ကဏ္ဍကို တိုးတက်အောင် ဆောင်ရွက်နိုင်ရန် အများဆုံး ပံ့ပိုးဆောင်ရွက်ပေးမှုနှင့်အတူ နှစ်စဉ်တိုးတက်သုံးစွဲနေသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ယခုနှစ် နွေရာသီတွင် တိုးတက်သုံးစွဲ လာသောဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် Liquefied Natural Gas to Power စီမံကိန်းများအပါအဝင် လျှပ်စစ်ဓာတ်အားစုစုပေါင်း ၁၁၆၆ မဂ္ဂါဝပ် ထုတ်ပေးနိုင်မည့် စီမံကိန်းသစ် ၇ ခုကို ရန်ကုန်တိုင်း ဒေသကြီး အလုံ၊ သန်လျင်၊ သာကေတတို့တွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊မကွေးနှင့် ကျွန်းချောင်းတို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွှေတောင်နှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ဒေသတို့တွင်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ စီမံကိန်း (၇) ခု အနက် မကွေး ၆၆ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံ၊ အလုံ ၁၅၁.၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနှင့် ကျွန်းချောင်း ၂၀.၅၄ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံတို့မှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ဓာတ်အားပေး စက်ရုံစီမံကိန်းများမှလည်း လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ LNG to Power စီမံကိန်းများ အတွက် LNG သယ်ဆောင်လာသော သင်္ဘောဆိုက်ကပ်မည့် ယာယီဆိပ်ခံ (Temporary Jetty) အဖြစ် အသုံးပြုမည့် Mobile Filling Platform (MFP) ကိုစင်္ကာပူနိုင်ငံတွင် တည်ဆောက်၍ ၂-၅-၂၀၂၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီးသီလဝါ LNG ဆိပ်ကမ်း၌ Covid-19 ကန့်သတ်မှုများအရ လိုက်နာဆောင်ရွက် ရသဖြင့် ၂-၆-၂၀၂၀ ရက်နေ့တွင် တပ်ဆင်ပြီးစီးခဲ့ပါသည်။ MFP တွင် ဆိုက်ကပ်မည့် LNG သိုလှောင်ရေးသင်္ဘော (MV-CNTIC VPOWER GLOBAL) သည် အလျား ၁၇၆.၈ မီတာ၊ ရေဆူး ၈ မီတာနှင့် စုစုပေါင်းတန်ချိန် ၃၆၀၀၀ ခန့်ရှိပြီးဓာတ်အား ၂၀၀ မဂ္ဂါဝပ်ကို ၁၄ ရက်ကြာ ဓာတ်အားထုတ်လုပ်နိုင်သော LNG ပမာဏကိုသိုလှောင်နိုင်ပြီး Small LNG Tanker များဖြင့် လိုအပ်သော LNG ကိုဖြည့်တင်းမည်ဖြစ်ပါသည်။
အဆိုပါသင်္ဘောသည် မလေးရှားနိုင်ငံမှ ၂၈-၄-၂၀၂၀ ရက်နေ့တွင် ထွက်ခွာခဲ့ပြီး ၆-၅-၂၀၂၀ ရက်နေ့တွင် ရန်ကုန်မြစ်ဝသို့ရောက်ရှိကာ ကျောက်ချရပ်နား၍ MFP လုပ်ငန်းများပြီးစီးသည့်နောက် ၆-၆-၂၀၂၀ ရက်နေ့တွင်ဆိုက်ကပ်နိုင် ခဲ့ပါသည်။
MFP တည်ဆောက်ခြင်းနှင့် LNG သိုလှောင်ရေးသင်္ဘောဆိုက်ကပ်နိုင်ရေးသည် မြန်မာ နိုင်ငံအတွက် ပထမဆုံးအတွေ့အကြုံဖြစ်သည့်အတွက် စီမံကိန်းဆောင်ရွက်နေသည့် ပြည်တွင်း/ ပြည်ပ ပညာရှင်များ၊ Consortium of CNTIC and Vpower ကုမ္ပဏီတို့နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတို့အကြား အသေးစိတ် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ရပါသည်။ Liquefied Natural Gas (LNG) ဖြင့် ပထမဆုံးအကြိမ် ဓာတ်အားထုတ်လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ မကြာမီကာလတွင် ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ် ပါသည်။

 

LNG သေဘၤာေရာက္ရွိလာမႈအေျခအေနႏွင့္ အဆိုပါစီမံကိန္းမ်ားမွ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ရန္ ေဆာင္႐ြက္မႈအေျခအေန

ယခုႏွစ္လိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေသာ စီမံကိန္းမ်ားအနက္ မေကြး ၆၆ မဂၢါဝပ္ ဓာတ္အားေပး စက္႐ုံ၊ ကြၽန္းေခ်ာင္း ၂၀.၅၄ မဂၢါဝပ္ ဓာတ္အားေပးစက္႐ုံႏွင့္ အလုံ ၁၅၁.၅၄ မဂၢါဝပ္ ဓာတ္အားေပး စက္႐ုံစီမံကိန္းမ်ားမွ ထြက္ရွိလာေသာ လွ်ပ္စစ္ဓာတ္အားမ်ားကို ႏိုင္ငံေတာ္ ဓာတ္အားစနစ္သို႔ ပို႔လႊတ္ႏိုင္ခဲ့ၿပီး LNG to Power စီမံကိန္း မ်ားအနက္ မၾကာမီ ယခု LNG to Power သာေကတ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရး စီမံကိန္းမွလည္း လွ်ပ္စစ္ဓာတ္အားမ်ား ထြက္ရွိေတာ့မည္ ျဖစ္သည္။

LNG သိုေလွာင္သေဘၤာမွ LNG ကို အသုံးျပဳ၍ ဓာတ္အားထုတ္လုပ္ျခင္းသည္ ျမန္မာႏိုင္ငံတြင္ ပထမဦးဆုံး စီမံကိန္းျဖစ္သည္။

လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံေတာ္အစိုးရ၏မူဝါဒျဖစ္ေသာ ျပည္သူ လူထု၏ လူေနမႈအဆင့္အတန္း ျမင့္မားေစေရးအတြက္ အဓိကအခ်က္မ်ားအနက္ က႑တစ္ခု ျဖစ္သည့္ လွ်ပ္စစ္မီးရရွိေရးကို ေဒသအသီးသီးသို႔ ျဖန႔္က်က္ေဆာင္႐ြက္ေပးလ်က္ရွိၿပီး ႏိုင္ငံေတာ္ အစိုးရအေနျဖင့္လည္း ယခုႏွစ္တြင္လွ်ပ္စစ္က႑ကို တိုးတက္ေအာင္ ေဆာင္႐ြက္ႏိုင္ရန္ အမ်ားဆုံး ပံ့ပိုးေဆာင္႐ြက္ေပးမႈႏွင့္အတူ ႏွစ္စဥ္တိုးတက္သုံးစြဲေနေသာ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ရန္ႏွင့္ ယခုႏွစ္ ေႏြရာသီတြင္ တိုးတက္သုံးစြဲ လာေသာဓာတ္အားလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ Liquefied Natural Gas to Power စီမံကိန္းမ်ားအပါအဝင္ လွ်ပ္စစ္ဓာတ္အားစုစုေပါင္း ၁၁၆၆ မဂၢါဝပ္ ထုတ္ေပးႏိုင္မည့္ စီမံကိန္းသစ္ ၇ ခုကို ရန္ကုန္တိုင္း ေဒသႀကီး အလုံ၊ သန္လ်င္၊ သာေကတတို႔တြင္လည္းေကာင္း၊ မေကြးတိုင္းေဒသႀကီး၊မေကြးႏွင့္ ကြၽန္းေခ်ာင္းတို႔တြင္လည္းေကာင္း၊ ပဲခူးတိုင္းေဒသႀကီး ေ႐ႊေတာင္ႏွင့္ ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴ ေဒသတို႔တြင္လည္းေကာင္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိရာ အဆိုပါ စီမံကိန္း (၇) ခု အနက္ မေကြး ၆၆ မဂၢါဝပ္ဓာတ္အားေပးစက္႐ုံ၊ အလုံ ၁၅၁.၅၄ မဂၢါဝပ္ ဓာတ္အားေပးစက္႐ုံႏွင့္ ကြၽန္းေခ်ာင္း ၂၀.၅၄ မဂၢါဝပ္ ဓာတ္အားေပး စက္႐ုံတို႔မွ လွ်ပ္စစ္ဓာတ္အားမ်ား ထုတ္လုပ္ျဖန္႔ျဖဴး ေပးႏိုင္ခဲ့ၿပီး က်န္ရွိသည့္ ဓာတ္အားေပး စက္႐ုံစီမံကိန္းမ်ားမွလည္း လွ်ပ္စစ္ဓာတ္အားမ်ား ထုတ္လုပ္ျဖန္႔ျဖဴးေပးႏိုင္ေရး ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိရာ LNG to Power စီမံကိန္းမ်ား အတြက္ LNG သယ္ေဆာင္လာေသာ သေဘၤာဆိုက္ကပ္မည့္ ယာယီဆိပ္ခံ (Temporary Jetty) အျဖစ္ အသုံးျပဳမည့္ Mobile Filling Platform (MFP) ကိုစကၤာပူႏိုင္ငံတြင္ တည္ေဆာက္၍ ၂-၅-၂၀၂၀ ရက္ေန႔တြင္ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိခဲ့ၿပီးသီလဝါ LNG ဆိပ္ကမ္း၌ Covid-19 ကန႔္သတ္မႈမ်ားအရ လိုက္နာေဆာင္႐ြက္ ရသျဖင့္ ၂-၆-၂၀၂၀ ရက္ေန႔တြင္ တပ္ဆင္ၿပီးစီးခဲ့ပါသည္။ MFP တြင္ ဆိုက္ကပ္မည့္ LNG သိုေလွာင္ေရးသေဘၤာ (MV-CNTIC VPOWER GLOBAL) သည္ အလ်ား ၁၇၆.၈ မီတာ၊ ေရဆူး ၈ မီတာႏွင့္ စုစုေပါင္းတန္ခ်ိန္ ၃၆၀၀၀ ခန႔္ရွိၿပီးဓာတ္အား ၂၀၀ မဂၢါဝပ္ကို ၁၄ ရက္ၾကာ ဓာတ္အားထုတ္လုပ္ႏိုင္ေသာ LNG ပမာဏကိုသိုေလွာင္ႏိုင္ၿပီး Small LNG Tanker မ်ားျဖင့္ လိုအပ္ေသာ LNG ကိုျဖည့္တင္းမည္ျဖစ္ပါသည္။
အဆိုပါသေဘၤာသည္ မေလးရွားႏိုင္ငံမွ ၂၈-၄-၂၀၂၀ ရက္ေန႔တြင္ ထြက္ခြာခဲ့ၿပီး ၆-၅-၂၀၂၀ ရက္ေန႔တြင္ ရန္ကုန္ျမစ္ဝသို႔ေရာက္ရွိကာ ေက်ာက္ခ်ရပ္နား၍ MFP လုပ္ငန္းမ်ားၿပီးစီးသည့္ေနာက္ ၆-၆-၂၀၂၀ ရက္ေန႔တြင္ဆိုက္ကပ္ႏိုင္ ခဲ့ပါသည္။
MFP တည္ေဆာက္ျခင္းႏွင့္ LNG သိုေလွာင္ေရးသေဘၤာဆိုက္ကပ္ႏိုင္ေရးသည္ ျမန္မာ ႏိုင္ငံအတြက္ ပထမဆုံးအေတြ႕အႀကဳံျဖစ္သည့္အတြက္ စီမံကိန္းေဆာင္႐ြက္ေနသည့္ ျပည္တြင္း/ ျပည္ပ ပညာရွင္မ်ား၊ Consortium of CNTIC and Vpower ကုမၸဏီတို႔ႏွင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရးလုပ္ငန္းတို႔အၾကား အေသးစိတ္ ညႇိႏႈိင္းေဆြးေႏြးေဆာင္႐ြက္ခဲ့ရပါသည္။ Liquefied Natural Gas (LNG) ျဖင့္ ပထမဆုံးအႀကိမ္ ဓာတ္အားထုတ္လုပ္မည့္ သာေကတ ၄၀၀ မဂၢါဝပ္ႏွင့္ သန္လ်င္ ၃၅၀ မဂၢါဝပ္ ဓာတ္အားေပးစက္႐ုံစီမံကိန္းမ်ားမွ လွ်ပ္စစ္ဓာတ္အားမ်ား ထုတ္လုပ္ၿပီး ႏိုင္ငံေတာ္ဓာတ္အားစနစ္သို႔ မၾကာမီကာလတြင္ ခ်ိတ္ဆက္ပို႔လႊတ္ျဖန႔္ျဖဴးေပးႏိုင္ေတာ့မည္ျဖစ္ ပါသည္။

Read 1005 times
Rate this item
(0 votes)