မြစ်ကြီးနား-ကန်ပိုက်တီ-တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသော လမ်းမကြီးအား COVID-19 အလွန်၌ ပြုပြင်ပေးမည်

မြစ်ကြီးနား-ကန်ပိုက်တီ-တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသော လမ်းမကြီးအား COVID-19 အလွန်၌ ပြုပြင်ပေးမည်

ကချင်ပြည်နယ် မြစ်ကြီးနား-ဝိုင်းမော်-ဆဒုံး-ကန်ပိုင်တီမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ဆက်သွယ်ထားသော ၁၁၄ ဒသမ ၂၆ ကီလိုမီတာ ရှည်လျားသည့် လမ်းပိုင်းအား COVID -19 အလွန်ကာလတွင် ပြန်လည် ပြင်ဆင်ပေးသွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာကျော်လင်းက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့ သည်။

“ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထိန်းသိမ်းထားတဲ့ လမ်းအရှည် ၁၉ ကီလိုမီတာအတွင်း ၁ ဒသမ ၆ ကီလိုမီတာကို အကျယ် ၅၀ ပေ လမ်းချဲ့ခြင်းတို့ ဆောင်ရွက်ထားပြီးပါပြီ ၊ နောင်လာမယ့် နှစ်များမှာ ရန်ပုံငွေ တင်ပြ တောင်းခံ၍ ရန်ပုံငွေ ရရှိမှုပေါ် မူတည်ပြီး လမ်းချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထိန်ပင် ကုမ္ပဏီက ဆောင်ရွက် သော လမ်းပိုင်း (၉၅ ကီလိုမီတာအတွင်း) ပျက်စီးမှုများကို ပြုပြင် ဆောင်ရွက်နိုင်ရန်အတွက် ထိန်ပင်ကုမ္ပဏီနှင့် ညှိနှိုင်း လျက် ရှိပြီး COVID-19 အလွန်ကာလများမှာ ပြန်လည်ပြင်ဆင် ပေးသွားပါမယ်” ဟု ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

ဝိုင်းမော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး၏ မေးခွန်းအပေါ် ဒုတိယ ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လမ်းနှင့် ပတ်သက်၍ တရုတ် - မြန်မာ နယ်နိမိတ် တောင်ဘက် မိုင်တိုင်(၄)မှ မြန်မာ နိုင်ငံ ဝါရှောင်အထိ ကားလမ်း ဖောက်လုပ်ရေး သဘောတူ စာချုပ်အား ၂၀၀၃ ခုနှစ်တွင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ တိန်ချုန်းခရိုင် အစိုးရ အဖွဲ့နှင့် မြစ်ကြီးနား ခရိုင် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီတို့ နှစ်နိုင်ငံ ချစ်ကြည်ရေး စာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ ၂၀၀၅ ခုနှစ်တွင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ထိန်ပင် ကုမ္ပဏီနှင့် ဆောက်လုပ် ရေး ဝန်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းတို့ စာချုပ်ပြင်ဆင် ချုပ်ဆိုပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး အကူအညီ အနေဖြင့် ထိန်ပင် ကုမ္ပဏီက ကတ္တရာ ကွန်ကရစ်လမ်းကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် အပြီး ဖောက်လုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထိန်ပင် ကုမ္ပဏီက နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးတက်ရန် အဆိုပါ လမ်းအား နှစ် ၂၀ ကြာ ပြုပြင် ထိန်းသိမ်း ပေးမည်ဟု စာချုပ်တွင် ပါရှိကြောင်း၊ ယခု လမ်း၏ သက်တမ်း ၁၄ နှစ် ရှိပြီးဖြစ်သောကြောင့် လမ်းသား ပေါက်ပြဲခြင်း၊ နိမ့်ကျွံ ပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါ လမ်းပိုင်းကိုအပိုင်း နှစ်ပိုင်းခွဲ၍ မြစ်ကြီးနားမှ ဝါရှောင် အထိ ၁၉ ဒသမ ၀၆ ကီလိုမီတာကို ဆောက်လုပ်ရေး ဝန်ကြီးဌာန မြစ်ကြီးနားခရိုင် လမ်းဦးစီးဌာနက စီမံ ခန့်ခွဲ ပြုပြင်လျက် ရှိပြီး ဝါရှောင်မှ ကန်ပိုက်တီး အထိ ၉၅ ကီလိုမီတာကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ထိန်ပင်ကုမ္ပဏီက ပြုပြင် ထိန်းသိမ်းလျက် ရှိကြောင်းနှင့် ၎င်းလမ်းပေါ်၌ လမ်း အသုံးပြုခ ငွေကြေး ကောက်ခံခြင်းများ မရှိကြောင်းလည်း ဒုတိယ ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

 

ျမစ္ႀကီးနား-ကန္ပိုက္တီ-တ႐ုတ္ႏိုင္ငံသို႔ ဆက္သြယ္ထားေသာ လမ္းမႀကီးအား COVID-19 အလြန္၌ ျပဳျပင္ေပးမည္

ကခ်င္ျပည္နယ္ ျမစ္ႀကီးနား-ဝိုင္းေမာ္-ဆဒုံး-ကန္ပိုင္တီမွ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံသို႔ ဆက္သြယ္ထားေသာ ၁၁၄ ဒသမ ၂၆ ကီလိုမီတာ ရွည္လ်ားသည့္ လမ္းပိုင္းအား COVID -19 အလြန္ကာလတြင္ ျပန္လည္ ျပင္ဆင္ေပးသြားမည္ဟု ေဆာက္လုပ္ေရး ဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး ေဒါက္တာေက်ာ္လင္းက ယေန႔ ျပည္သူ႔ လႊတ္ေတာ္ အစည္းအေဝးတြင္ ေျဖၾကားခဲ့ သည္။

“ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက ထိန္းသိမ္းထားတဲ့ လမ္းအရွည္ ၁၉ ကီလိုမီတာအတြင္း ၁ ဒသမ ၆ ကီလိုမီတာကို အက်ယ္ ၅၀ ေပ လမ္းခ်ဲ႕ျခင္းတို႔ ေဆာင္႐ြက္ထားၿပီးပါၿပီ ၊ ေနာင္လာမယ့္ ႏွစ္မ်ားမွာ ရန္ပုံေငြ တင္ျပ ေတာင္းခံ၍ ရန္ပုံေငြ ရရွိမႈေပၚ မူတည္ၿပီး လမ္းခ်ဲ႕ျခင္း လုပ္ငန္းမ်ား ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္၊ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ ထိန္ပင္ ကုမၸဏီက ေဆာင္႐ြက္ ေသာ လမ္းပိုင္း (၉၅ ကီလိုမီတာအတြင္း) ပ်က္စီးမႈမ်ားကို ျပဳျပင္ ေဆာင္႐ြက္ႏိုင္ရန္အတြက္ ထိန္ပင္ကုမၸဏီႏွင့္ ညႇိႏႈိင္း လ်က္ ရွိၿပီး COVID-19 အလြန္ကာလမ်ားမွာ ျပန္လည္ျပင္ဆင္ ေပးသြားပါမယ္” ဟု ဒုတိယ ဝန္ႀကီးက ေျပာခဲ့သည္။

ဝိုင္းေမာ္ မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလဂန္ဇယ္ဂ်ဳံး၏ ေမးခြန္းအေပၚ ဒုတိယ ဝန္ႀကီးက ေျပာၾကားခဲ့ျခင္း ျဖစ္ၿပီး အဆိုပါ လမ္းႏွင့္ ပတ္သက္၍ တ႐ုတ္ - ျမန္မာ နယ္နိမိတ္ ေတာင္ဘက္ မိုင္တိုင္(၄)မွ ျမန္မာ ႏိုင္ငံ ဝါေရွာင္အထိ ကားလမ္း ေဖာက္လုပ္ေရး သေဘာတူ စာခ်ဳပ္အား ၂၀၀၃ ခုႏွစ္တြင္ တ႐ုတ္ ျပည္သူ႔ သမၼတႏိုင္ငံ တိန္ခ်ဳန္းခ႐ိုင္ အစိုးရ အဖြဲ႕ႏွင့္ ျမစ္ႀကီးနား ခ႐ိုင္ ေအးခ်မ္း သာယာေရး ႏွင့္ ဖြံ႕ၿဖိဳးေရး ေကာင္စီတို႔ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရး စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ေၾကာင္း၊ ၂၀၀၅ ခုႏွစ္တြင္ တ႐ုတ္ ျပည္သူ႔ သမၼတႏိုင္ငံ ထိန္ပင္ ကုမၸဏီႏွင့္ ေဆာက္လုပ္ ေရး ဝန္ႀကီးဌာန ျပည္သူ႔ ေဆာက္လုပ္ေရး လုပ္ငန္းတို႔ စာခ်ဳပ္ျပင္ဆင္ ခ်ဳပ္ဆိုၿပီး ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရး အကူအညီ အေနျဖင့္ ထိန္ပင္ ကုမၸဏီက ကတၱရာ ကြန္ကရစ္လမ္းကို ၂၀၀၆ ခုႏွစ္ ဒီဇင္ဘာလတြင္ အၿပီး ေဖာက္လုပ္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း၊ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ ထိန္ပင္ ကုမၸဏီက ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရး တိုးတက္ရန္ အဆိုပါ လမ္းအား ႏွစ္ ၂၀ ၾကာ ျပဳျပင္ ထိန္းသိမ္း ေပးမည္ဟု စာခ်ဳပ္တြင္ ပါရွိေၾကာင္း၊ ယခု လမ္း၏ သက္တမ္း ၁၄ ႏွစ္ ရွိၿပီးျဖစ္ေသာေၾကာင့္ လမ္းသား ေပါက္ၿပဲျခင္း၊ နိမ့္ကြၽံ ပ်က္စီးျခင္းမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း၊ အဆိုပါ လမ္းပိုင္းကိုအပိုင္း ႏွစ္ပိုင္းခြဲ၍ ျမစ္ႀကီးနားမွ ဝါေရွာင္ အထိ ၁၉ ဒသမ ၀၆ ကီလိုမီတာကို ေဆာက္လုပ္ေရး ဝန္ႀကီးဌာန ျမစ္ႀကီးနားခ႐ိုင္ လမ္းဦးစီးဌာနက စီမံ ခန္႔ခြဲ ျပဳျပင္လ်က္ ရွိၿပီး ဝါေရွာင္မွ ကန္ပိုက္တီး အထိ ၉၅ ကီလိုမီတာကို တ႐ုတ္ျပည္သူ႔ သမၼတ ႏိုင္ငံ ထိန္ပင္ကုမၸဏီက ျပဳျပင္ ထိန္းသိမ္းလ်က္ ရွိေၾကာင္းႏွင့္ ၎လမ္းေပၚ၌ လမ္း အသုံးျပဳခ ေငြေၾကး ေကာက္ခံျခင္းမ်ား မရွိေၾကာင္းလည္း ဒုတိယ ဝန္ႀကီးက ျဖည့္စြက္ေျပာၾကားခဲ့သည္။ (Xinhua)

Read 176 times Last modified on Friday, 22 May 2020 10:08
Rate this item
(0 votes)