ကာတာမှာ မတ်စ် မတပ်လျှင် ထောင်ဒဏ် ၃ နှစ်

ကာတာမှာ မတ်စ် မတပ်လျှင် ထောင်ဒဏ် ၃ နှစ်

ပင်လယ်ကွေ့နိုင်ငံ ဖြစ်သော ကာတာနိုင်ငံ ၌ လူပေါင်း ၃၀,၀၀၀ ကျော် အတည်ပြုလူနာ ဖြစ်လာခဲ့ပြီးသည့်နောက်တွင်

ကမ္ဘာပေါ်တွင် မတ်စ် မဝတ်ဆင်ခြင်းအတွက် အပြင်းထန်ဆုံး ပြစ်ဒဏ်များကို ပြဌာန်းလိုက်သည်။

ကိုဗစ် ကူးစက်မှု ကာကွယ်တားဆီးရေးအတွက် ပြဌာန်းထားသည်များကို မလိုက်နာပါက အမေရိကန်ဒေါ်လာ ၅၅၀၀၀ ဒဏ်ငွေချမှတ်လျက် ရှိသည်။

ထို့ပြင် ကာတာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှုန်း အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်ကို ရင်ဆိုင်နေရသောကြောင့် အများပြည်သူ မတ်စ်ဝတ်ဆင်ရန် ပျက်ကွက်ခြင်းကြောင့် ထောင်ဒဏ်သုံးနှစ်အထိချမှတ်နိုင်သည့် ပြင်းထန်သောပြစ်ဒဏ်ချမှတ်မှုကို ကာတာအစိုးရက တနင်္ဂနွေနေ့ (မေလ ၁၇ ) တွင် စတင်ခဲ့သည်။

လူပေါင်း ၃၀,၀၀၀ ကျော်သည် Covid-19 လူနာ ဖြစ်နေသည်မှာ အလွန်သေးငယ်သောပင်လယ်ကွေ့နိုင်ငံဖြစ်သော ကာတာနိုင်ငံတွင် ရှိနေသည့် လူဦးရေ ၂.၇၅ သန်း၏ ၁.၁% ဖြစ်နေပြီး ယခုအချိန်အထိ ကိုဗစ်လူနာ ၁၅ ယောက်သေဆုံးခဲ့ပြီးပြီ ဖြစ်သည်။

ကာတာ၏ စည်းမျဉ်းသစ်ကို ချိုးဖောက်သူများသည် ထောင်ဒဏ်သုံးနှစ်အထိနှင့်ဒဏ်ငွေဒေါ်လာ ၅၅၀၀၀ အထိ ပြစ်ဒဏ်ကျခံရလိမ့်မည် ဖြစ်သည်။

ကားထဲတွင် ယာဉ်မောင်းတစ် ဦး တည်းသာ ပါလျှင် မတ်စ် မတပ်ဘဲ နေခွင့် ပေးထားသော်လည်း တစ်ယောက်ထက် ပိုပါနေလျှင် မတ်စ်ကို မဖြစ်မနေ ဝတ်ဆင်ထားရမည် ဖြစ်သည်။ လိုအပ်သလို စစ်ဆေးရန် စစ်ဆေးရေးဂိတ်များ ထားရှိပြီး စီမံချက်ကို အကောင်အထည်ဖော်နေသည်။
ကာတာအာဏာပိုင်များက မွတ်စ်လင်မ် အစားရှောင်ခြင်းဥပုသ်လတွင် ဝတ်ပြုရန် လူသူစုရုံးမှုများသည် ကူးစက်မှုကို တိုးပွားစေနိုင်သည်ဟု သတိပေးထားသည်။

အိမ်နီးချင်းဆော်ဒီအာရေဗျသည် coronavirus ကို တိုက်ဖျက်ရန် ယခုလနှောင်းပိုင်းတွင် ကျရောက်မည့် အစ်နေ့တစ်ဝိုက်တွင် ၅ ရက်ကြာ ၂၄ နာရီပတ်လည် ကာဖျူး ထုတ်ပြန်မည်ဖြစ်ကောင်း အသိပေးကြေညာထားသည်။
ကာတာနိုင်ငံတွင် အာဏာပိုင်တို့က လူချင်း ခပ်ခွာခွာနေသော စည်းမျဉ်းများကို ပြဌာန်းထားပြီး မလိုက်နာသူများကို အရေးယူနေသော်လည်း ၂၀၂၂ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်ပြင်ဆင်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခွင့် ပေးထားရသည်။

မတ်လလယ်တွင် ဆောက်လုပ်ရေးလုပ်သားများအကြား ကူးစက်မှုများစွာရှိကြောင်း အတည်ပြုပြီးနောက် သောင်းနှင့်ချီသော ရွှေ့ပြောင်းအလုပ်သမားများကို ဒိုဟာမြို့၏စက်မှုဇုန်ဧရိယာ၌ သီးသန့်ထားရှိပြီး ကွာရင်တိုင်း ထားခဲ့သည်။ သို့သော် ၂၀၂၂ ကမ္ဘာ့ဖလားပွဲအတွက် ပြင်ဆင်မှုများ အချိန်မီ ပြီးစီးဖို့ လိုအပ်သဖြင့် အာဏာပိုင်များသည် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။ ကိုဗစ်လူနာသစ်အများစုမှာ ရွှေ့ပြောင်းလုပ်သားများ ဖြစ်နေသည်ကို တွေ့ရပြီး ကာတာ နိုင်ငံသား လူနာသစ်မှာ အနည်းအကျဉ်းသာ ရှိသည်။

နေထိုင်ရသည့်နေရာတွင် လူကျပ်ခြင်း၊ ချက်ပြုတ်စားသောက်သည့်နေရာတွင် လူစုမိခြင်း၊ အိမ်သာ ရေချိုးခန်းတို့ကို လူအများ အတူမျှ သုံစွဲရခြင်းတို့သည် ကိုဗစ်ကူးစက်မှုကို ဖြစ်ပွားစေသည်ဟု သုံးသပ်ကြသည်။

တာဝန်ရှိသူများက ဆောက်လုပ်ဆဲ အားကစားကွင်း ၃ ခုမှ ဆောက်လုပ်ရေးလုပ်သားများးသည် အလွန်ကူးစက်မြန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးကူးစက်မှု အတည်ပြုလူနာ ဖြစ်နေကြောင်း တွေ့ရပြီးချိန်တွင် ဧပြီလ ၂၆ ရက်မှစ၍ ဆောက်လုပ်ရေးလုပ်သားများ မတ်စ် မတပ်မနေရ ပြဌာန်းခဲ့သည်။

လက်ရှိတွင် နိုင်ငံပေါင်း ၅၀ ခန့်တွင် မတ်စ် တပ်ဆင်ခြင်းသည် မဖြစ်မနေလိုအပ်သည်။

ချဒ်နိုင်ငံရှိအာဏာပိုင်များသည် လူကြားထဲ သွားလာစဉ် မတ်စ် မတပ်ဆင်က ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ပေးသည်။
မော်ရိုကိုနိုင်ငံ တွင် အလားတူစည်းမျဉ်းများကို ချိုးဖောက်သူများကို သုံးလထောင်ချသည့် အပြင် ဒဏ်ငွေ ဒရစ်ဟမ် ၁၃၀၀ (ဒေါ်လာ ၁၃၀) အထိ ချမှတ်နိုင်သည်။

 

ကာတာမွာ မတ္စ္ မတပ္လွ်င္ ေထာင္ဒဏ္ ၃ ႏွစ္

ပင္လယ္ေကြ႕ႏိုင္ငံ ျဖစ္ေသာ ကာတာႏိုင္ငံ ၌ လူေပါင္း ၃၀,၀၀၀ ေက်ာ္ အတည္ျပဳလူနာ ျဖစ္လာခဲ့ၿပီးသည့္ေနာက္တြင္ ကမာၻေပၚတြင္ မတ္စ္ မဝတ္ဆင္ျခင္းအတြက္ အျပင္းထန္ဆုံး ျပစ္ဒဏ္မ်ားကို ျပဌာန္းလိုက္သည္။
ကိုဗစ္ ကူးစက္မႈ ကာကြယ္တားဆီးေရးအတြက္ ျပဌာန္းထားသည္မ်ားကို မလိုက္နာပါက
အေမရိကန္ေဒၚလာ ၅၅၀၀၀ ဒဏ္ေငြခ်မွတ္လ်က္ ရွိသည္။

ထို႔ျပင္ ကာတာဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈႏႈန္း အျမင့္ဆုံးႏိုင္ငံတစ္ႏိုင္ငံအျဖစ္ကို ရင္ဆိုင္ေနရေသာေၾကာင့္ အမ်ားျပည္သူ မတ္စ္ဝတ္ဆင္ရန္ ပ်က္ကြက္ျခင္းေၾကာင့္ ေထာင္ဒဏ္သုံးႏွစ္အထိခ်မွတ္ႏိုင္သည့္ ျပင္းထန္ေသာျပစ္ဒဏ္ခ်မွတ္မႈကို ကာတာအစိုးရက တနဂၤေႏြေန႔ (ေမလ ၁၇ ) တြင္ စတင္ခဲ့သည္။

လူေပါင္း ၃၀,၀၀၀ ေက်ာ္သည္ Covid-19 လူနာ ျဖစ္ေနသည္မွာ အလြန္ေသးငယ္ေသာပင္လယ္ေကြ႕ႏိုင္ငံျဖစ္ေသာ ကာတာႏိုင္ငံတြင္ ရွိေနသည့္ လူဦးေရ ၂.၇၅ သန္း၏ ၁.၁% ျဖစ္ေနၿပီး ယခုအခ်ိန္အထိ ကိုဗစ္လူနာ ၁၅ ေယာက္ေသဆုံးခဲ့ၿပီးၿပီ ျဖစ္သည္။

ကာတာ၏ စည္းမ်ဥ္းသစ္ကို ခ်ိဳးေဖာက္သူမ်ားသည္ ေထာင္ဒဏ္သုံးႏွစ္အထိႏွင့္ဒဏ္ေငြေဒၚလာ ၅၅၀၀၀ အထိ ျပစ္ဒဏ္က်ခံရလိမ့္မည္ ျဖစ္သည္။

ကားထဲတြင္ ယာဥ္ေမာင္းတစ္ ဦး တည္းသာ ပါလွ်င္ မတ္စ္ မတပ္ဘဲ ေနခြင့္ ေပးထားေသာ္လည္း တစ္ေယာက္ထက္ ပိုပါေနလွ်င္ မတ္စ္ကို မျဖစ္မေန ဝတ္ဆင္ထားရမည္ ျဖစ္သည္။ လိုအပ္သလို စစ္ေဆးရန္ စစ္ေဆးေရးဂိတ္မ်ား ထားရွိၿပီး စီမံခ်က္ကို အေကာင္အထည္ေဖာ္ေနသည္။
ကာတာအာဏာပိုင္မ်ားက မြတ္စ္လင္မ္ အစားေရွာင္ျခင္းဥပုသ္လတြင္ ဝတ္ျပဳရန္ လူသူစု႐ုံးမႈမ်ားသည္ ကူးစက္မႈကို တိုးပြားေစႏိုင္သည္ဟု သတိေပးထားသည္။

အိမ္နီးခ်င္းေဆာ္ဒီအာေရဗ်သည္ coronavirus ကို တိုက္ဖ်က္ရန္ ယခုလေႏွာင္းပိုင္းတြင္ က်ေရာက္မည့္ အစ္ေန႔တစ္ဝိုက္တြင္ ၅ ရက္ၾကာ ၂၄ နာရီပတ္လည္ ကာဖ်ဴး ထုတ္ျပန္မည္ျဖစ္ေကာင္း အသိေပးေၾကညာထားသည္။
ကာတာႏိုင္ငံတြင္ အာဏာပိုင္တို႔က လူခ်င္း ခပ္ခြာခြာေနေသာ စည္းမ်ဥ္းမ်ားကို ျပဌာန္းထားၿပီး မလိုက္နာသူမ်ားကို အေရးယူေနေသာ္လည္း ၂၀၂၂ ကမာၻ႔ဖလားကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပရန္ျပင္ဆင္ေနသည့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ကိုင္ခြင့္ ေပးထားရသည္။

မတ္လလယ္တြင္ ေဆာက္လုပ္ေရးလုပ္သားမ်ားအၾကား ကူးစက္မႈမ်ားစြာရွိေၾကာင္း အတည္ျပဳၿပီးေနာက္ ေသာင္းႏွင့္ခ်ီေသာ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို ဒိုဟာၿမိဳ႕၏စက္မႈဇုန္ဧရိယာ၌ သီးသန႔္ထားရွိၿပီး ကြာရင္တိုင္း ထားခဲ့သည္။ သို႔ေသာ္ ၂၀၂၂ ကမာၻ႔ဖလားပြဲအတြက္ ျပင္ဆင္မႈမ်ား အခ်ိန္မီ ၿပီးစီးဖို႔ လိုအပ္သျဖင့္ အာဏာပိုင္မ်ားသည္ ကန႔္သတ္ခ်က္မ်ားကို ေျဖေလွ်ာ့ေပးခဲ့သည္။ ကိုဗစ္လူနာသစ္အမ်ားစုမွာ ေ႐ႊ႕ေျပာင္းလုပ္သားမ်ား ျဖစ္ေနသည္ကို ေတြ႕ရၿပီး ကာတာ ႏိုင္ငံသား လူနာသစ္မွာ အနည္းအက်ဥ္းသာ ရွိသည္။

ေနထိုင္ရသည့္ေနရာတြင္ လူက်ပ္ျခင္း၊ ခ်က္ျပဳတ္စားေသာက္သည့္ေနရာတြင္ လူစုမိျခင္း၊ အိမ္သာ ေရခ်ိဳးခန္းတို႔ကို လူအမ်ား အတူမွ် သုံစြဲရျခင္းတို႔သည္ ကိုဗစ္ကူးစက္မႈကို ျဖစ္ပြားေစသည္ဟု သုံးသပ္ၾကသည္။

တာဝန္ရွိသူမ်ားက ေဆာက္လုပ္ဆဲ အားကစားကြင္း ၃ ခုမွ ေဆာက္လုပ္ေရးလုပ္သားမ်ားးသည္ အလြန္ကူးစက္ျမန္ေသာ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ဗိုင္းရပ္စ္ပိုးကူးစက္မႈ အတည္ျပဳလူနာ ျဖစ္ေနေၾကာင္း ေတြ႕ရၿပီးခ်ိန္တြင္ ဧၿပီလ ၂၆ ရက္မွစ၍ ေဆာက္လုပ္ေရးလုပ္သားမ်ား မတ္စ္ မတပ္မေနရ ျပဌာန္းခဲ့သည္။

လက္ရွိတြင္ ႏိုင္ငံေပါင္း ၅၀ ခန႔္တြင္ မတ္စ္ တပ္ဆင္ျခင္းသည္ မျဖစ္မေနလိုအပ္သည္။

ခ်ဒ္ႏိုင္ငံရွိအာဏာပိုင္မ်ားသည္ လူၾကားထဲ သြားလာစဥ္ မတ္စ္ မတပ္ဆင္က ေထာင္ဒဏ္ ၁၅ ရက္ ျပစ္ဒဏ္ေပးသည္။
ေမာ္႐ိုကိုႏိုင္ငံ တြင္ အလားတူစည္းမ်ဥ္းမ်ားကို ခ်ိဳးေဖာက္သူမ်ားကို သုံးလေထာင္ခ်သည့္ အျပင္ ဒဏ္ေငြ ဒရစ္ဟမ္ ၁၃၀၀ (ေဒၚလာ ၁၃၀) အထိ ခ်မွတ္ႏိုင္သည္။

Read 127 times Last modified on Wednesday, 20 May 2020 09:37
Rate this item
(0 votes)