ပုသိမ်တံတားအမှတ် ၂ တည်ဆောက်ရေး (၈၅)ရာခိုင်နှုန်းပြီးစီး

ပုသိမ်တံတား အမှတ်(၂) ပန္နက်တော်တင် တွင်းတော်ဝန်း ရတနာပိုင်တိုင် စိုက်ထူခြင်း မင်္ဂလာအခမ်းအနား အား (၂၇-၁၀-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်စဉ်။ ပုသိမ်တံတား အမှတ်(၂) ပန္နက်တော်တင် တွင်းတော်ဝန်း ရတနာပိုင်တိုင် စိုက်ထူခြင်း မင်္ဂလာအခမ်းအနား အား (၂၇-၁၀-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်စဉ်။

ပုသိမ်မြို့အချက်အချာကျတဲ့နေရာကနေ ငဝန်မြစ်ကိုဖြတ်ပြီး ပုသိမ်တံတားအမှတ် ၂ ကိုတည်ဆောက်လျက်ရှိပြီး

အခု (၈၅)ရာခိုင်နှုန်းပြီးစီးပြီလို့သိရပါတယ်။

၂၀၁၈-၁၉ခုနှစ် ဘတ်ဂျက်တွင် စတင်တည်ဆောက်ခဲ့သော ပုသိမ်တံတား အမှတ်(၂) စီမံကိန်း၏ ပုသိမ်တံတားအမှတ်(၂)သည် ငဝန်မြစ်ကို ဖြတ်ကျော် ကာ ပုသိမ်မြို့တွင်းနှင့် ငဝန်မြစ်အနောက်ဖက်ကမ်း စိန်ကုန်းလူနေရပ်ကွက်များကို တိုက်ရိုက် ဆက်သွယ် တည်ဆောက်ထားပြီး စုစုပေါင်းတံတားအရှည်ပေ ၂၃၈၀ ၊ ယာဉ်သွားလမ်းကျယ် (၂၈)ပေ၊ လူသွားလမ်းတစ်ဖက်လျှင် (၅)ပေစီပါရှိပြီး ရေလမ်းကင်းလွတ်အကျယ် (၄၁၆)ပေနှင့် အမြင့်ပေ (၆၀) ရှိ၍ သံမဏိသံပေါင်ခုံးတံတား အမျိုးအစား ဖြစ်ကြောင်း သိရသည်။

ZAWGYI

 

 



Read 576 times Last modified on Sunday, 17 May 2020 16:43
Rate this item
(0 votes)