အာရှအတွက် မြန်ဆန်သက်သာသော ဂျပန်တံတားဆောက်နည်းများ

အာရှအတွက်  မြန်ဆန်သက်သာသော ဂျပန်တံတားဆောက်နည်းများ

Kochi Marutaka တခြားလုပ်ငန်းတွေ အင်တင်တင်ဖြစ်မယ့် အလုပ်မျိုးကို

တာဝန်ယူတယ်။ ဥပမာ အာရှမှ တောင် ကျောက်နံရံတစ်လျှောက် တံတားထိုးပေးရမယ့် အလုပ် ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ ကိုချီမြို့မှာ အခြေစိုက်ထားတဲ့ အင်ဂျင်နီယာ ကုမ္ပဏီ Kochi Marutaka မှာ အများနဲ့မတူ တစ်မူထူးခြားတဲ့ နည်းလမ်းတစ်ခုကို သုံးစွဲတယ်။ ရက်မတွေကို လေထဲမှာ ထုတ်ထားပြီး ငြမ်းစင်ပေးဖို့ မလိုဘူး။ ဒီတော့ သမားရိုးကျနည်းလမ်းတွေနဲ့ ယှဉ်လိုက်ရင် ကုန်ကျစရိတ် ၃၀ ရာခိုင်နှုန်း သက်သာတယ်။

Kochi Marutaka ရဲ့ အဦးဆုံး ပင်လယ်ရပ်ခြားအလုပ်က ပါကစ္စတန်နိုင်ငံမှာ ၂ နှစ် စီမံကိန်းတစ်ခု ဖြစ်ပြီး
N-70 အမျိုးသား အဝေးပြေးလမ်းမကြီးရဲ့ အလျား ၃၈၀ မီတာ ရှိတဲ့ ကျဉ်းမြောင်းတဲ့ နေရာကို ချဲ့ထွင်ပေးရတာ ဖြစ်ပါတယ်။ အဲဒီ အဝေးပြေးလမ်းမကြီးက အရှေ့ အနောက် သွေးကြောမကြီး ဖြစ်ပြီး ကျောက်မီးသွေးနဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ သယ်ယူပို့ဆောင်နေတဲ့ အဝေးပြေးလမ်းမကြီး ဖြစ်ပါတယ်။ အဲဒီ အဝေးပြေးလမ်းမကြီးကို ဂျပန်အစိုးရက ကြီးကြပ်ပေးပြီး အဆင့်မြှင့်တင်ပါတယ်။ ပါကစ္စတန်ကို ဂျပန်က ပေးတဲ့ ပင်လယ်ရပ်ခြား ဖွံဖြိုးရေး အကူအညီရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။

ခက်ခက်ခဲခဲ ရှိတဲ့မြေအနေအထား နေရာမျိုးတွေမှာ တံတားတွေ ဆောက်တဲ့အခါ လုပ်လေ့လုပ်ထရှိတာက ငြမ်းကို ဤအရင်ဆုံး တပ်ဆင်တာ ဖြစ်ပါတယ်။ အောက်ခြေကတော့ ထောက်တိုင်တွေ ထောင်တယ်။ ပြီးရင် အပေါ်ထိပ်မှာ ရက်မတွေ ပြေးတယ်။
အခုဆောက်လုပ်ပေးရမယ့် တံတားက အမြင့်ပေ ၁ ၅၀၀ မီတာရှိတဲ့ တောင်နံရံတစ်ကြောမှာ ဖြစ်ပါတယ်။ သာမန်ဆောက်လုပ်ရေး နည်းလမ်းတွေကို သုံးစွဲရင် ထောက်တိုင်တွေ ထူပေးရမည့် အပိုအလုပ်တွေ လိုအပ် မယ်။ ပြီးရင် ငြင်းဆင်ပေးရမယ့် အလုပ်တွေ ရှိဦးမယ်။ ဒီတော့ ကုန်ကျစရိတ်တွေ ကြီးမားပါလိမ့်မယ်။ Kochi Marutaka က သမားရိုးကျ နည်းလမ်းတွေအစား SqC Pier နည်းလမ်းကို သုံးစွဲဖို့ ရွေးချယ်ခဲ့ပါတယ်။ အဲဒါက ကုမွပဏီပိုင် နည်းလမ်း ဖြစ်ပါတယ်။
SqC နည်းမှာ စတီးရက်မတွေနဲ့ ပြုလုပ်ထားတဲ့ ၂၀ ကနေ ၃၀ မီတာရှိတဲ့ ဘလောက်တွေကို အသုံးပြုတယ်။ အဲဒါတွေကို တံတားရက်မများအဖြစ် သုံးစွဲပါတယ်။ ဘလောက်တွေကို အတူတကွ ချိတ်ဆက်ထားတယ်။ ပြီးတဲ့အခါမှာ ရက်မတွေကို လေထဲ ထုတ်ထားလိုက်တယ်။ ရက်မတွေမှာ ထောင်လိုက် အပေါက်တွေ ပါတယ်။ အပေါက်တွေထဲကို ၁၀ ကနေ ၃၀ မီတာရှိတဲ့ ပိုင်တွေ ဖြတ်သန်းပြီး ပိုင်တွေကို မြေမှာ ထိုးစိုက်ပြီး နေရာမရွေ့အောင် ချုပ်ထားလိုက်တယ်။ ဒီတော့ ငြမ်းဆင်နေဖို့ မလိုတော့ဘူး။ လုပ်သားတွေကလည်း ခနော်ခနဲ့ ငြမ်းတွေပေါ် အရဲစွန့်ပြီး လုပ်ကိုင်ရတာမျိုးတွေ ကင်းဝေးတယ်။
ဆောက်လုပ်ဖို့ ကြာတဲ့ကာလကိုလည်း ၃၀ ရာခိုင်နှုန်း တိုသွားစေတယ်။ ပါကစ္စတန်မှာ တံတားစီမံကိန်းကို ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီလမှာ ပြီးစီးခဲ့ပါတယ်။

"တည်ဆောက်ပြီးစီးသွားတဲ့အခါ တံတားပေါ်မှာ ကျွန်တော် လမ်းလျှောက်တယ်။ အာရှမှာ အခြေခံအဆောက် အအုံတွေ ပိုလုပ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်" လို့ Kochi Marutaka ရဲ့ အကြီးအကဲ အသက် ၈၃ နှစ်ရှိသူ
Hiroshige Takano က ပြောတယ်။
ကုမ္ပဏီရဲ့ ဆန်းသစ်တီထွင်မှုနဲ့အတူ ကုန်ကျစရိတ်အတွက် အကျိုးထိရောက်မှု ကောင်းတဲ့ တည်ဆောက်ရေး နည်းလမ်းတွေကို အခြေခံအဆောက် အအုံတွေ အရမ်းလိုအပ်နေတဲ့ အာရှမှာ မကြာခင်မှာပဲ လူသိသွားတယ်။ စက်တင်ဘာလမှာ Kochi Marutaka ရဲ့ ဒုတိယမြောက် ပင်လယ်ရပ်ခြား စီမံကိန်းကို ဗီယက်နမ်မှာ စတင်ခဲ့ပါတယ်။ ကုမ္ပဏီအနေဖြင့် မြန်မာနဲ့ ထိုင်း နိုင်ငံများမှာ စီမံကိန်းတွေ ဆွေးနွေးနေတာတွေ ရှိပါတယ်။ မတ်လကုန်မမှာ ကုမ္ပဏီရဲ့ ပင်လယ်ရပ်ခြားလုပ်ကိုင်မှုများမှ ဝင်ငွေ ယန်း သန်း ၆၀၀ ရှိခဲ့ပြီး ကုမ္ပဏီ ဝင်ငွေ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း ဝန်းကျင် ရှိပါတယ်။

တာကာနိုက ဘွဲ့ရပြီးပြီးချင်းမှာ ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။ နောက်တော့ ဆောက်လုပ်ရေးဖြင့် အသက်မွေးဖို့ လမ်းကြောင်းပြောင်းလဲခဲ့တယ်။
၁၉၆၇ ခုနှစ် သူ့အသက် ၃၀ မှာ Kochi Marutaka ကို ထူထောင်ခဲ့တယ်။ SqC Pier နည်းလမ်းကို ဂျပန် ဆောက်လုပ်ရေး အင်ဂျင်နီယာကဏ္ဍမှ ဂရုပြုခံရတာကြောင့် ၂၀၀၀ ပြည့်နှစ်မှာ ကုမ္ပဏီ အောင်မြင်မှုတွေ ရရှိခဲ့တယ်။ Hiroshima Airport Bridge ကို တည်ဆောက်ခွင့် ရရှိခဲ့တယ်။ အဲဒီနောက်ပိုင်း ဂျပန်နိုင်ငံတစ်လွှားမှာ အလုပ်တွေ လက်ခံရရှိခဲ့တယ်။
Kochi Marutaka ရဲ့ အာရှရည်မှန်းချက်မှာ အခက်အခဲဖြစ်နေတဲ့ စိန်ခေါ်မှုက ကျွမ်းကျင်လုပ်သား အလုံ အလောက် မရရှိတာ ဖြစ်ပါတယ်။
အဲဒီလိုအပ်ချက်ကို ဖြည့်တင်းပေးဖို့အတွက် မြန်မာနိုင်ငံမှာ ၂ နှစ်သင်တန်းကျောင်း ဖွင့်လှစ်ဖို့ အစီအစဉ် ရှိတယ်။ ဂျပန်ဘာသာစကားနဲ့ အင်ဂျင်နီယာပညာတို့ကို သင်ကြားပို့ချပေးမယ်။ သင်တန်းဆင်းတွေကို ကုမ္ပဏီမှာ အလုပ်ခန့်မယ်။
"ကျွန်တော်တို့ရဲ့ အစီအစဉ်က ၂၀၂၃ ခုနှစ် မတ်လကုန်မှာ ကျွန်တော်တို့ လုပ်ကိုင်နေတဲ့ ပင်လယ်ရပ်ခြား အလုပ်တွေရဲ့ ဝေစုက ကျွန်တော်တို့ရတဲ့ ဝင်ငွေစုစုပေါင်းရဲ့ ထက်ဝက်ဖြစ်လာအောင် လုပ်ဖို့ ဖြစ်ပါတယ်"
လို့ Takano က ပြောတယ်။

zawgyi

အာရွအတြက္ ျမန္ဆန္သက္သာေသာ ဂ်ပန္တံတားေဆာက္နည္းမ်ား

Kochi Marutaka တျခားလုပ္ငန္းေတြ အင္တင္တင္ျဖစ္မယ့္ အလုပ္မ်ိဳးကို တာဝန္ယူတယ္။ ဥပမာ အာရွမွ ေတာင္ ေက်ာက္နံရံတစ္ေလွ်ာက္ တံတားထိုးေပးရမယ့္ အလုပ္ ျဖစ္ပါတယ္။
ဂ်ပန္ႏိုင္ငံ အေနာက္ေတာင္ပိုင္းမွာ တည္ရွိတဲ့ ကိုခ်ီၿမိဳ႕မွာ အေျခစိုက္ထားတဲ့ အင္ဂ်င္နီယာ ကုမၸဏီ Kochi Marutaka မွာ အမ်ားနဲ႔မတူ တစ္မူထူးျခားတဲ့ နည္းလမ္းတစ္ခုကို သုံးစြဲတယ္။ ရက္မေတြကို ေလထဲမွာ ထုတ္ထားၿပီး ျငမ္းစင္ေပးဖို႔ မလိုဘူး။ ဒီေတာ့ သမား႐ိုးက်နည္းလမ္းေတြနဲ႔ ယွဥ္လိုက္ရင္ ကုန္က်စရိတ္ ၃၀ ရာခိုင္ႏႈန္း သက္သာတယ္။

Kochi Marutaka ရဲ႕ အဦးဆုံး ပင္လယ္ရပ္ျခားအလုပ္က ပါကစၥတန္ႏိုင္ငံမွာ ၂ ႏွစ္ စီမံကိန္းတစ္ခု ျဖစ္ၿပီး
N-70 အမ်ိဳးသား အေဝးေျပးလမ္းမႀကီးရဲ႕ အလ်ား ၃၈၀ မီတာ ရွိတဲ့ က်ဥ္းေျမာင္းတဲ့ ေနရာကို ခ်ဲ႕ထြင္ေပးရတာ ျဖစ္ပါတယ္။ အဲဒီ အေဝးေျပးလမ္းမႀကီးက အေရွ႕ အေနာက္ ေသြးေၾကာမႀကီး ျဖစ္ၿပီး ေက်ာက္မီးေသြးနဲ႔ စိုက္ပ်ိဳးေရးထုတ္ကုန္ေတြ သယ္ယူပို႔ေဆာင္ေနတဲ့ အေဝးေျပးလမ္းမႀကီး ျဖစ္ပါတယ္။ အဲဒီ အေဝးေျပးလမ္းမႀကီးကို ဂ်ပန္အစိုးရက ႀကီးၾကပ္ေပးၿပီး အဆင့္ျမႇင့္တင္ပါတယ္။ ပါကစၥတန္ကို ဂ်ပန္က ေပးတဲ့ ပင္လယ္ရပ္ျခား ဖြံၿဖိဳးေရး အကူအညီရဲ႕ တစ္စိတ္တစ္ေဒသ ျဖစ္ပါတယ္။

ခက္ခက္ခဲခဲ ရွိတဲ့ေျမအေနအထား ေနရာမ်ိဳးေတြမွာ တံတားေတြ ေဆာက္တဲ့အခါ လုပ္ေလ့လုပ္ထရွိတာက ျငမ္းကို ဤအရင္ဆုံး တပ္ဆင္တာ ျဖစ္ပါတယ္။ ေအာက္ေျခကေတာ့ ေထာက္တိုင္ေတြ ေထာင္တယ္။ ၿပီးရင္ အေပၚထိပ္မွာ ရက္မေတြ ေျပးတယ္။
အခုေဆာက္လုပ္ေပးရမယ့္ တံတားက အျမင့္ေပ ၁ ၅၀၀ မီတာရွိတဲ့ ေတာင္နံရံတစ္ေၾကာမွာ ျဖစ္ပါတယ္။ သာမန္ေဆာက္လုပ္ေရး နည္းလမ္းေတြကို သုံးစြဲရင္ ေထာက္တိုင္ေတြ ထူေပးရမည့္ အပိုအလုပ္ေတြ လိုအပ္ မယ္။ ၿပီးရင္ ျငင္းဆင္ေပးရမယ့္ အလုပ္ေတြ ရွိဦးမယ္။ ဒီေတာ့ ကုန္က်စရိတ္ေတြ ႀကီးမားပါလိမ့္မယ္။ Kochi Marutaka က သမား႐ိုးက် နည္းလမ္းေတြအစား SqC Pier နည္းလမ္းကို သုံးစြဲဖို႔ ေ႐ြးခ်ယ္ခဲ့ပါတယ္။ အဲဒါက ကုမြပဏီပိုင္ နည္းလမ္း ျဖစ္ပါတယ္။
SqC နည္းမွာ စတီးရက္မေတြနဲ႔ ျပဳလုပ္ထားတဲ့ ၂၀ ကေန ၃၀ မီတာရွိတဲ့ ဘေလာက္ေတြကို အသုံးျပဳတယ္။ အဲဒါေတြကို တံတားရက္မမ်ားအျဖစ္ သုံးစြဲပါတယ္။ ဘေလာက္ေတြကို အတူတကြ ခ်ိတ္ဆက္ထားတယ္။ ၿပီးတဲ့အခါမွာ ရက္မေတြကို ေလထဲ ထုတ္ထားလိုက္တယ္။ ရက္မေတြမွာ ေထာင္လိုက္ အေပါက္ေတြ ပါတယ္။ အေပါက္ေတြထဲကို ၁၀ ကေန ၃၀ မီတာရွိတဲ့ ပိုင္ေတြ ျဖတ္သန္းၿပီး ပိုင္ေတြကို ေျမမွာ ထိုးစိုက္ၿပီး ေနရာမေ႐ြ႕ေအာင္ ခ်ဳပ္ထားလိုက္တယ္။ ဒီေတာ့ ျငမ္းဆင္ေနဖို႔ မလိုေတာ့ဘူး။ လုပ္သားေတြကလည္း ခေနာ္ခနဲ႔ ျငမ္းေတြေပၚ အရဲစြန႔္ၿပီး လုပ္ကိုင္ရတာမ်ိဳးေတြ ကင္းေဝးတယ္။
ေဆာက္လုပ္ဖို႔ ၾကာတဲ့ကာလကိုလည္း ၃၀ ရာခိုင္ႏႈန္း တိုသြားေစတယ္။ ပါကစၥတန္မွာ တံတားစီမံကိန္းကို ၿပီးခဲ့တဲ့ ႏွစ္ ေဖေဖာ္ဝါရီလမွာ ၿပီးစီးခဲ့ပါတယ္။

"တည္ေဆာက္ၿပီးစီးသြားတဲ့အခါ တံတားေပၚမွာ ကြၽန္ေတာ္ လမ္းေလွ်ာက္တယ္။ အာရွမွာ အေျခခံအေဆာက္ အအုံေတြ ပိုလုပ္ဖို႔ ကြၽန္ေတာ္ ဆုံးျဖတ္ခဲ့ပါတယ္" လို႔ Kochi Marutaka ရဲ႕ အႀကီးအကဲ အသက္ ၈၃ ႏွစ္ရွိသူ
Hiroshige Takano က ေျပာတယ္။
ကုမၸဏီရဲ႕ ဆန္းသစ္တီထြင္မႈနဲ႔အတူ ကုန္က်စရိတ္အတြက္ အက်ိဳးထိေရာက္မႈ ေကာင္းတဲ့ တည္ေဆာက္ေရး နည္းလမ္းေတြကို အေျခခံအေဆာက္ အအုံေတြ အရမ္းလိုအပ္ေနတဲ့ အာရွမွာ မၾကာခင္မွာပဲ လူသိသြားတယ္။ စက္တင္ဘာလမွာ Kochi Marutaka ရဲ႕ ဒုတိယေျမာက္ ပင္လယ္ရပ္ျခား စီမံကိန္းကို ဗီယက္နမ္မွာ စတင္ခဲ့ပါတယ္။ ကုမၸဏီအေနျဖင့္ ျမန္မာနဲ႔ ထိုင္း ႏိုင္ငံမ်ားမွာ စီမံကိန္းေတြ ေဆြးေႏြးေနတာေတြ ရွိပါတယ္။ မတ္လကုန္မမွာ ကုမၸဏီရဲ႕ ပင္လယ္ရပ္ျခားလုပ္ကိုင္မႈမ်ားမွ ဝင္ေငြ ယန္း သန္း ၆၀၀ ရွိခဲ့ၿပီး ကုမၸဏီ ဝင္ေငြ စုစုေပါင္းရဲ႕ ၁၀ ရာခိုင္ႏႈန္း ဝန္းက်င္ ရွိပါတယ္။

တာကာႏိုက ဘြဲ႕ရၿပီးၿပီးခ်င္းမွာ ေထာက္ပံ့ပို႔ေဆာင္ေရး ကုမၸဏီတစ္ခုမွာ ဝင္ေရာက္လုပ္ကိုင္ခဲ့တယ္။ ေနာက္ေတာ့ ေဆာက္လုပ္ေရးျဖင့္ အသက္ေမြးဖို႔ လမ္းေၾကာင္းေျပာင္းလဲခဲ့တယ္။
၁၉၆၇ ခုႏွစ္ သူ႔အသက္ ၃၀ မွာ Kochi Marutaka ကို ထူေထာင္ခဲ့တယ္။ SqC Pier နည္းလမ္းကို ဂ်ပန္ ေဆာက္လုပ္ေရး အင္ဂ်င္နီယာက႑မွ ဂ႐ုျပဳခံရတာေၾကာင့္ ၂၀၀၀ ျပည့္ႏွစ္မွာ ကုမၸဏီ ေအာင္ျမင္မႈေတြ ရရွိခဲ့တယ္။ Hiroshima Airport Bridge ကို တည္ေဆာက္ခြင့္ ရရွိခဲ့တယ္။ အဲဒီေနာက္ပိုင္း ဂ်ပန္ႏိုင္ငံတစ္လႊားမွာ အလုပ္ေတြ လက္ခံရရွိခဲ့တယ္။
Kochi Marutaka ရဲ႕ အာရွရည္မွန္းခ်က္မွာ အခက္အခဲျဖစ္ေနတဲ့ စိန္ေခၚမႈက ကြၽမ္းက်င္လုပ္သား အလုံ အေလာက္ မရရွိတာ ျဖစ္ပါတယ္။
အဲဒီလိုအပ္ခ်က္ကို ျဖည့္တင္းေပးဖို႔အတြက္ ျမန္မာႏိုင္ငံမွာ ၂ ႏွစ္သင္တန္းေက်ာင္း ဖြင့္လွစ္ဖို႔ အစီအစဥ္ ရွိတယ္။ ဂ်ပန္ဘာသာစကားနဲ႔ အင္ဂ်င္နီယာပညာတို႔ကို သင္ၾကားပို႔ခ်ေပးမယ္။ သင္တန္းဆင္းေတြကို ကုမၸဏီမွာ အလုပ္ခန႔္မယ္။
"ကြၽန္ေတာ္တို႔ရဲ႕ အစီအစဥ္က ၂၀၂၃ ခုႏွစ္ မတ္လကုန္မွာ ကြၽန္ေတာ္တို႔ လုပ္ကိုင္ေနတဲ့ ပင္လယ္ရပ္ျခား အလုပ္ေတြရဲ႕ ေဝစုက ကြၽန္ေတာ္တို႔ရတဲ့ ဝင္ေငြစုစုေပါင္းရဲ႕ ထက္ဝက္ျဖစ္လာေအာင္ လုပ္ဖို႔ ျဖစ္ပါတယ္"
လို႔ Takano က ေျပာတယ္။

 

asia.nikkei.com

 

Read 9845 times
Rate this item
(1 Vote)