ချင်းပြည်နယ် ဆူရ်ဘုန်လေယာဉ် ကွင်း ကို မေလတွင်းအပြီးသတ်ပြီး ဇွန်လတွင်ဖွင့်မည်

ချင်းပြည်နယ် ဆူရ်ဘုန်လေယာဉ် ကွင်း ကို မေလတွင်းအပြီးသတ်ပြီး ဇွန်လတွင်ဖွင့်မည် Transcom News Journal

ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် အစိုးရ လုပ်ငန်းများ နှောင့်နှေးမှုများရှိခဲ့သော်လည်း

ဖလမ်းမြို့တွင် တည်ဆောက်လျက်ရှိသည့် ဆူရ်ဘုန် လေ ယာဉ်ကွင်းကို မေလတွင် အပြီးသတ်ပြီး ဇွန်လတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိ သူ ဝန်ကြီး ဦး စိုးထက်က “နဂို ကတည်းက ကျွန် တော် တို့ မေလမှာ ပြီးအောင်လုပ်မယ်ဆိုပြီး ရည် မှန်းတဲ့အတိုင်း ဆက်တိုက်လုပ်နေတယ်၊ ဇွန်လမှာ ဖွင့်ပွဲလုပ်မယ်ပေါ့၊ ဆိုတော့ ကျွန်တော်တို့ အခုလည်း လုပ်သား ၃၀၀ ကျော်က ဆက်တိုက်လုပ်နေတယ်၊ လုပ်သားတွေကလည်း မပြန်နိုင်ကြဘူး၊ အဲ့ဒီမှာ လုပ်တဲ့သူကိုလည်း ရောဂါကူးစက်မှု ကာကွယ်တဲ့ အနေနဲ့ သီးခြားနေခိုင်းတယ်၊ သူတို့တွေက လုပ် ငန်းခွန်ကနေ အပြင်ထွက်လို့လည်း မရဘူး၊ အပြင်က လူတွေလည်း ဝင်လို့မရဘူး၊ လုပ်ငန်း ရည်မှန်း ချက်အတိုင်း ဒီလမှာတော့ အကုန်ပြီးမှာပါ၊ ဇွန်လမှာတော့ ဖွင့်နိုင်အောင် ဆက်တိုက်လုပ်နေပါတယ်” ဟု ပြောသည်။
ချင်းပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်နေသော်လည်း လက်ရှိကပ်ရောဂါကြောင့် လုပ်ငန်းနှောင့်နှေးမှုများလည်း ကြုံတွေ့ရကြောင်း ဦးစိုးထက် က ပြောသည်။ ဝန်ကြီး ဦးစိုးထက်က “အခု ကပ်ရောဂါဖြစ်တဲ့ချိန်မှာ ပြည်ထောင်စုနှင့် ပြည်နယ်ဘတ်ဂျက်နဲ့ လုပ်တဲ့လုပ်ငန်းတွေ ရှိတယ်၊ အဲဒါတွေက ပညာရေး၊ ကျန်းမာရေး၊ ဌာနဆိုင်ရာ အဆောက် အဦး၊ လမ်းတံတားတွေ အများကြီးရှိတယ်၊ အဲဒါတွေက သက်မှတ်ထားတဲ့ အချိန်မှာပြီးဖို့ မလွယ်ဘူး၊ ကစ္စည်းတွေလည်း ဝယ်လို့မရဘူး၊ အလုပ်သမားတွေလည်း လူစုလို့မဘူး ဖြစ်နေတယ်၊ လုပ်ငန်းတော့ နည်းနည်းနောက်ကျတာတွေ ရှိမယ်” ဟု ပြောသည်။
ဆူရ်ဘုန်လေယာဉ်ကွင်းအတွင်း လိုအပ်သည့် အဆောက်အအုံ၊ လေယာဉ်ပြေးလမ်းအတွက် လို အပ် သည့် ကုန်ကျစရိတ် ကျပ်ငွေသန်းပေါင်း ၃၇ သန်းရာထားပြီး၊ လက်ရှိအခြေအနေတွင် တည် ဆောက် မှု ၇၅ ရာခိုင်နူန်း ပြီးစီးပြီ ဖြစ်သည်။
Source : Chin World / Salai C.Lian

 

ခ်င္းျပည္နယ္ ဆူရ္ဘုန္ေလယာဥ္ ကြင္း ကို ေမလတြင္းအၿပီးသတ္ၿပီး ဇြန္လတြင္ဖြင့္မည္
======================================
ကို႐ိုနာဗိုင္းရပ္စ္ ဂယက္ေၾကာင့္ အစိုးရ လုပ္ငန္းမ်ား ေႏွာင့္ေႏွးမႈမ်ားရွိခဲ့ေသာ္လည္း ဖလမ္းၿမိဳ႕တြင္ တည္ေဆာက္လ်က္ရွိသည့္ ဆူရ္ဘုန္ ေလ ယာဥ္ကြင္းကို ေမလတြင္ အၿပီးသတ္ၿပီး ဇြန္လတြင္ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိ သူ ဝန္ႀကီး ဦး စိုးထက္က “နဂို ကတည္းက ကြၽန္ ေတာ္ တို႔ ေမလမွာ ၿပီးေအာင္လုပ္မယ္ဆိုၿပီး ရည္ မွန္းတဲ့အတိုင္း ဆက္တိုက္လုပ္ေနတယ္၊ ဇြန္လမွာ ဖြင့္ပြဲလုပ္မယ္ေပါ့၊ ဆိုေတာ့ ကြၽန္ေတာ္တို႔ အခုလည္း လုပ္သား ၃၀၀ ေက်ာ္က ဆက္တိုက္လုပ္ေနတယ္၊ လုပ္သားေတြကလည္း မျပန္ႏိုင္ၾကဘူး၊ အဲ့ဒီမွာ လုပ္တဲ့သူကိုလည္း ေရာဂါကူးစက္မႈ ကာကြယ္တဲ့ အေနနဲ႔ သီးျခားေနခိုင္းတယ္၊ သူတို႔ေတြက လုပ္ ငန္းခြန္ကေန အျပင္ထြက္လို႔လည္း မရဘူး၊ အျပင္က လူေတြလည္း ဝင္လို႔မရဘူး၊ လုပ္ငန္း ရည္မွန္း ခ်က္အတိုင္း ဒီလမွာေတာ့ အကုန္ၿပီးမွာပါ၊ ဇြန္လမွာေတာ့ ဖြင့္ႏိုင္ေအာင္ ဆက္တိုက္လုပ္ေနပါတယ္” ဟု ေျပာသည္။
ခ်င္းျပည္နယ္အစိုးရအေနျဖင့္ ျပည္နယ္တြင္း ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ဆက္တိုက္ လုပ္ေဆာင္ေနေသာ္လည္း လက္ရွိကပ္ေရာဂါေၾကာင့္ လုပ္ငန္းေႏွာင့္ေႏွးမႈမ်ားလည္း ႀကဳံေတြ႕ရေၾကာင္း ဦးစိုးထက္ က ေျပာသည္။ ဝန္ႀကီး ဦးစိုးထက္က “အခု ကပ္ေရာဂါျဖစ္တဲ့ခ်ိန္မွာ ျပည္ေထာင္စုႏွင့္ ျပည္နယ္ဘတ္ဂ်က္နဲ႔ လုပ္တဲ့လုပ္ငန္းေတြ ရွိတယ္၊ အဲဒါေတြက ပညာေရး၊ က်န္းမာေရး၊ ဌာနဆိုင္ရာ အေဆာက္ အဦး၊ လမ္းတံတားေတြ အမ်ားႀကီးရွိတယ္၊ အဲဒါေတြက သက္မွတ္ထားတဲ့ အခ်ိန္မွာၿပီးဖို႔ မလြယ္ဘူး၊ ကစၥည္းေတြလည္း ဝယ္လို႔မရဘူး၊ အလုပ္သမားေတြလည္း လူစုလို႔မဘူး ျဖစ္ေနတယ္၊ လုပ္ငန္းေတာ့ နည္းနည္းေနာက္က်တာေတြ ရွိမယ္” ဟု ေျပာသည္။
ဆူရ္ဘုန္ေလယာဥ္ကြင္းအတြင္း လိုအပ္သည့္ အေဆာက္အအုံ၊ ေလယာဥ္ေျပးလမ္းအတြက္ လို အပ္ သည့္ ကုန္က်စရိတ္ က်ပ္ေငြသန္းေပါင္း ၃၇ သန္းရာထားၿပီး၊ လက္ရွိအေျခအေနတြင္ တည္ ေဆာက္ မႈ ၇၅ ရာခိုင္ႏူန္း ၿပီးစီးၿပီ ျဖစ္သည္။
Source : Chin World / Salai C.Lian

Read 494 times
Rate this item
(0 votes)