မန္တလေးမှထွက်ခွာမည့် ရထားခရီးစဉ်အချို့ကို ဧပြီ ၃၀ အထိယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း

မန္တလေးမှထွက်ခွာမည့် ရထားခရီးစဉ်အချို့ကို ဧပြီ ၃၀ အထိယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း google

Covid 19 ရောဂါကူးစက်ပြန့်ပွားရေးလျှော့ချနိုင်ရေးအတွက် မြန်မာ့မီးရထားမှပြေးဆွဲနေသည့်

မန္တလေး-ရန်ကုန်၊ မန္တလေး- မြစ်ကြီးနားလမ်းပိုင်းတို့မှရထားအချို့နှင့် မန္တလေး-ပုဂံ၊ မန္တလေး-လားရှိုး၊ မန္တလေး-မုံရွာ၊

 

မန္တလေး-ခင်ဦး၊ မန္တလေး-မတ္တရာနှင့် မန္တလေး-နဘားလမ်းပိုင်းတို့မှရထားခရီးစဉ်များကို ဧပြီ ၃၀ ရက်အထိယာယီရပ်နားထားကြောင်းသိရသည်။


မန္တလေး-ရန်ကုန်ရထားပြေးဆွဲချိန်ကို ပြောင်းလဲထားကြောင်းသိရသည်။


ဧပြီ ၁၀ ရက်မှစတင်ပြီး ရထားပြေးဆွဲမှုခရီးစဉ်အချို့ကို ယာယီရပ်ဆိုင်းထားကြောင်းသိရသည်။


"မဖြစ်မနေသွားလာရမည့်ဒေသခံများအတွက် မန္တလေး-ရန်ကုန်အတွက် ၁၁ အဆန်၊ ၁၂အစုန်၊ မန္တလေး- မြစ်ကြီးနားအတွက်

 

၄၁ အဆန်၊ ၄၂ အစုန်ရထားနှစ်စင်းကို နေ့စဉ်ပြေးဆွဲပေးနေပါတယ်။


မန္တလေး- မြစ်ကြီးနား ၄၁ အဆန်ကို ညနေ ၅ နာရီခွဲတွင်ထွက်ပါတယ်။ ခရီးသည် ၈၀ ဝန်းကျင်လောက်စီးနင်းပါတယ်။

 

မန္တလေး-ရန်ကုန် ရထားမှာ ညနေ ၄ နာရီထွက်ပြီး ခရီးသည် ၇၀ ဝန်းကျင်လောက်စီးနင်းပါတယ်"ဟုမြန်မာ့မီးရထားမှမန္တလေးဘူတာရုံပိုင်ချုပ် ဦးမြင့်သိန်းကပြောသည်။

 

"သင်္ကြန်ကာလအပြီးမှာ မန္တလေးတိုင်းဒေသကြီးတွင် ညမထွက်ရသတ်မှတ်ထားသည့်အတွက် ညပိုင်းရထားဝင်ရောက်မှုမရှိအောင်ဧပြီ ၁၉ မှစတင်ပြီး

 

နံနက် ၅ နာရီထွက်သည့် ၁၂အစုန်ရထား၊ ရန်ကုန်မှဝင်ရောက်လာမည့် ၁၁ အဆန်ရထား ည ၁၁ နာရီရောက်ပါတယ်။

 

ထိုရထားကို အစီအစဉ်အသစ်အနေဖြင့် ညနေ ၄ နာရီခွဲမှာ အမှတ် ၄ အစုန်ထွက်သည့် အရှေ့မှာစီစဉ်ပေးထားပါတယ်။

 

အမှတ် ၄ အစုန်ရထားမှာ အမှတ် ၁၂ အစုန်ရပ်တန့်သည့်ဘူတာတိုင်းမှာ ရပ်တန့်ပါတယ်။အစီအစဉ်ပြောင်းလဲပြေးဆွဲထားပါတယ်"ဟုဦးမြင့်သိန်းကဆက်လက်ပြောပြသည်။


ယခုအခါ မန္တလေး-ရန်ကုန်ရထားကို ညနေ ၄ နာရီခွဲတွင်ရိုးရိုးတန်း ခုနှစ်တွဲအထက်တန်းလေးတွဲပါသည့်

 

အမှတ် ၄ အစုန်ရထားနှင့် မန္တလေး- မြစ်ကြီးနားရထားကို ညနေ ၅ နာရီခွဲတွင် အမှတ် ၄၁ အဆန်ရထားဖြင့် မန္တလေးဘူတာကြီးမှ နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။


Source:Kyeemon

 

<<<Zawgyi>>>

Covid 19 ေရာဂါကူးစက္ျပန႔္ပြားေရးေလွ်ာ့ခ်ႏိုင္ေရးအတြက္ ျမန္မာ့မီးရထားမွေျပးဆြဲေနသည့္

မႏၲေလး-ရန္ကုန္၊ မႏၲေလး- ျမစ္ႀကီးနားလမ္းပိုင္းတို႔မွရထားအခ်ိဳ႕ႏွင့္ မႏၲေလး-ပုဂံ၊ မႏၲေလး-လားရႈိး၊ မႏၲေလး-မုံ႐ြာ၊

မႏၲေလး-ခင္ဦး၊ မႏၲေလး-မတၱရာႏွင့္ မႏၲေလး-နဘားလမ္းပိုင္းတို႔မွရထားခရီးစဥ္မ်ားကို ဧၿပီ ၃၀ ရက္အထိယာယီရပ္နားထားေၾကာင္းသိရသည္။


မႏၲေလး-ရန္ကုန္ရထားေျပးဆြဲခ်ိန္ကို ေျပာင္းလဲထားေၾကာင္းသိရသည္။


ဧၿပီ ၁၀ ရက္မွစတင္ၿပီး ရထားေျပးဆြဲမႈခရီးစဥ္အခ်ိဳ႕ကို ယာယီရပ္ဆိုင္းထားေၾကာင္းသိရသည္။


"မျဖစ္မေနသြားလာရမည့္ေဒသခံမ်ားအတြက္ မႏၲေလး-ရန္ကုန္အတြက္ ၁၁ အဆန္၊ ၁၂အစုန္၊ မႏၲေလး- ျမစ္ႀကီးနားအတြက္

၄၁ အဆန္၊ ၄၂ အစုန္ရထားႏွစ္စင္းကို ေန႔စဥ္ေျပးဆြဲေပးေနပါတယ္။


မႏၲေလး- ျမစ္ႀကီးနား ၄၁ အဆန္ကို ညေန ၅ နာရီခြဲတြင္ထြက္ပါတယ္။ ခရီးသည္ ၈၀ ဝန္းက်င္ေလာက္စီးနင္းပါတယ္။

မႏၲေလး-ရန္ကုန္ ရထားမွာ ညေန ၄ နာရီထြက္ၿပီး ခရီးသည္ ၇၀ ဝန္းက်င္ေလာက္စီးနင္းပါတယ္"ဟုျမန္မာ့မီးရထားမွမႏၲေလးဘူတာ႐ုံပိုင္ခ်ဳပ္ ဦးျမင့္သိန္းကေျပာသည္။

"သၾကၤန္ကာလအၿပီးမွာ မႏၲေလးတိုင္းေဒသႀကီးတြင္ ညမထြက္ရသတ္မွတ္ထားသည့္အတြက္ ညပိုင္းရထားဝင္ေရာက္မႈမရွိေအာင္ဧၿပီ ၁၉ မွစတင္ၿပီး

နံနက္ ၅ နာရီထြက္သည့္ ၁၂အစုန္ရထား၊ ရန္ကုန္မွဝင္ေရာက္လာမည့္ ၁၁ အဆန္ရထား ည ၁၁ နာရီေရာက္ပါတယ္။

ထိုရထားကို အစီအစဥ္အသစ္အေနျဖင့္ ညေန ၄ နာရီခြဲမွာ အမွတ္ ၄ အစုန္ထြက္သည့္ အေရွ႕မွာစီစဥ္ေပးထားပါတယ္။

အမွတ္ ၄ အစုန္ရထားမွာ အမွတ္ ၁၂ အစုန္ရပ္တန႔္သည့္ဘူတာတိုင္းမွာ ရပ္တန႔္ပါတယ္။အစီအစဥ္ေျပာင္းလဲေျပးဆြဲထားပါတယ္"ဟုဦးျမင့္သိန္းကဆက္လက္ေျပာျပသည္။


ယခုအခါ မႏၲေလး-ရန္ကုန္ရထားကို ညေန ၄ နာရီခြဲတြင္႐ိုး႐ိုးတန္း ခုႏွစ္တြဲအထက္တန္းေလးတြဲပါသည့္

အမွတ္ ၄ အစုန္ရထားႏွင့္ မႏၲေလး- ျမစ္ႀကီးနားရထားကို ညေန ၅ နာရီခြဲတြင္ အမွတ္ ၄၁ အဆန္ရထားျဖင့္ မႏၲေလးဘူတာႀကီးမွ ေန႔စဥ္ေျပးဆြဲေပးလ်က္ရွိေၾကာင္းသိရသည္။

 

Read 669 times
Rate this item
(0 votes)
Tagged under