ဇူလိုင်လအတွင်းအပြီးသတ်ဆောက်လုပ်ရန်ခန့်မှန်းထားသည့် ပုသိမ်တံတားအမှတ်(၂) စီမံကိန်း

ဇူလိုင်လအတွင်းအပြီးသတ်ဆောက်လုပ်ရန်ခန့်မှန်းထားသည့် ပုသိမ်တံတားအမှတ်(၂) စီမံကိန်း google

ပုသိမ်တံတားအမှတ်(၂) စီမံကိန်းသည် တံတားတစ်စင်းလုံး၏ ၈၂ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ဇူလိုင်လအတွင်းခန့်မှန်းတည်ဆောက်ပြီးစီးရန်ဆောင်ရွက်လျှက်ရှိကြောင်း

ပုသိမ်တံတားအမှတ်(၂) စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းခွင်မှသိရသည်။


ပုသိမ်တံတားအမှတ်(၂) စီမံကိန်း ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ မဟာဗန္ဓုလလမ်းနှင့်ငဝန်မြစ်အနောက်ဘက်ကမ်းရှိ လူနေရပ်ကွက်များသို့ တိုက်ရိုက်ဆက်သွယ်တည်ဆောက်နေခြင်းဖြစ်ပြီး

 

ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၁၆) မှတာဝန်ယူတည်ဆောက်နေကြောင်းသိရသည်။


ထိုတံတားအသစ်တည်ဆောက်ရန်အတွက်ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈ ဒသမ ၅ ဘီလီယံအကုန်အကျခံတည်ဆောက်နေကြောင်း၊ တံတားသစ်တည်ဆောက်ရေးလုပ်ငန်းပိုင်းတွင်

 

တံတားအထူးအဖွဲ့ ၁၆ မှ ကျွမ်းကျင်အင်ဂျင်နီယာ ၂၀ ကျော်နှင့် ကာယာဉာဏလုပ်သား ၂၀၀ ကျော်တို့ဖြင့်တည်ဆောက်လျှက်ရှိကြောင်း

 

ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနညွန်ကြားရေးမှူး(မြို့ပြ)စီမံကိန်းတာဝန်ခံအင်ဂျင်နီယာဒေါ်သစ်သစ်အောင်ကပြောကြားချက်အရသိရသည်။


ယခုအခါပုသိမ်မြို့ဘက်ကမ်းနှင့်စိန်ကုန်းဘက်ကမ်းရှိ ချဉ်းကပ်တံတားနှစ်ဖက်စလုံးကြမ်းခင်းလောင်းခြင်းလုပ်ငန်းများဆောက်ရွက်ပြီးစီးနေပြီဖြစ်၍

 

လက်ရှိလူသွားလမ်းပလက်ဖောင်းများအားဆောင်ရွက်လျက်ရှိကြောင်း၊ ပင်မတံတားသံပေါင် ၉၅ မီတာနှစ်ခန်းတပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးနေပြီဖြစ်သောကြောင့်

 

မီတာ ၁၄၀ အရှည်ရှိသည့် ရေလယ်သံပေါင်ခန်းဖွင့်တစ်ခန်းနှင့်ကျန်ရှိလုပ်ငန်းများအား သင်္ကြန်ကာလအပြီး

 

ဧပြီ ၁၉ ရက်နေ့နောက်ပိုင်းတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။


နဂိုမူလမေတ္တာဦးဆိပ်ခံတံတားဟောင်းနှင့် ပုသိမ်မြို့တစ်ဖက်ကမ်းဖြစ်သော စိန်ကုန်းဘက်ခြမ်းရှိရပ်ကွက်များဖြစ်သည့် အမှတ် ၉ နှင့် ၁၀ ရပ်ကွက်များကိုဖြတ်သန်းတည်ဆောက်နေသော

 

ထိုပုသိမ်တံတားအမှတ် (၂)အမျိုးအစားမှာ သံမဏိသံပေါင်ခုံးတံတား (Nielsen Arch,Cable Hanger) အမျိုးအစားဖြစ်ပြီးတံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ပြီး

 

တံတားသစ်အရှည်မှာ စုစုပေါင်းပေ ၂၃၈၀ ပေရှိကြောင်း၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေရှိပြီး လူသွားလမ်းတစ်ဖက်လျှင်

 

အကျယ်ငါးပေစီပါဝင်ကာရေလမ်းကင်းလွတ်အကျယ် ၄၁၆ ပေနှင့်အမြင့်ပေ ၆၀ ရှိကြောင်းလည်းသိရသည်။


တံတားသစ်စီမံကိန်းမှ အရှည် ၃ မိုင်နှင့် ၂ ဖာလုံအကွာတွင်တည်ရှိသောမူလပုသိမ်ကြိုးတံတား၏ မူလခံနိုင်ဝန်လျော့နည်းလာမှုကြောင့်လည်းကောင်း၊

 

ပုသိမ်မြို့၏ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်လာသည်နှင့်အမျှ ငဝန်မြစ်၏အနောက်ဘက်အခြမ်းတွင်မြို့ပြအိမ်ရာများလိုအပ်လာ၍လည်းကောင်း၊

 

ချောင်းသာနှင့်ငွေဆောင်အပါအဝင်ဧရာဝတီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်ရှိကမ်းခြေပတ်လမ်းများကိုချိတ်ဆက်သွားလာနိုင်ရန်ရည်ရွယ်တည်ဆောက်နေသောပုသိမ်တံတားအမှတ်(၂)၏

 

တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများစတင်ဆောင်ရွက်ရန်အတွက် ၂၀၁၈ ခုနှစ်အောက်တိုဘာလ ၂၇ ရက်မှစတင်၍

 

ဖောင်ဒေရှင်းလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ကြောင်း ပုသိမ်တံတားအမှတ်(၂)တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်မှသိရသည်။

 

1111.jpg

<<<Zawgyi>>>

ပုသိမ္တံတားအမွတ္(၂) စီမံကိန္းသည္ တံတားတစ္စင္းလုံး၏ ၈၂ ရာခိုင္ႏႈန္းေဆာင္႐ြက္ၿပီးစီးေနၿပီျဖစ္ၿပီး ဇူလိုင္လအတြင္းခန႔္မွန္းတည္ေဆာက္ၿပီးစီးရန္ေဆာင္႐ြက္လွ်က္ရွိေၾကာင္း

ပုသိမ္တံတားအမွတ္(၂) စီမံကိန္းတည္ေဆာက္ေရးလုပ္ငန္းခြင္မွသိရသည္။


ပုသိမ္တံတားအမွတ္(၂) စီမံကိန္း ဧရာဝတီတိုင္းေဒသႀကီးပုသိမ္ၿမိဳ႕ မဟာဗႏၶဳလလမ္းႏွင့္ငဝန္ျမစ္အေနာက္ဘက္ကမ္းရွိ လူေနရပ္ကြက္မ်ားသို႔ တိုက္႐ိုက္ဆက္သြယ္တည္ေဆာက္ေနျခင္းျဖစ္ၿပီး

ေဆာက္လုပ္ေရးဝန္ႀကီးဌာန တံတားဦးစီးဌာန တံတားအထူးအဖြဲ႕ (၁၆) မွတာဝန္ယူတည္ေဆာက္ေနေၾကာင္းသိရသည္။


ထိုတံတားအသစ္တည္ေဆာက္ရန္အတြက္ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၂၈ ဒသမ ၅ ဘီလီယံအကုန္အက်ခံတည္ေဆာက္ေနေၾကာင္း၊ တံတားသစ္တည္ေဆာက္ေရးလုပ္ငန္းပိုင္းတြင္

တံတားအထူးအဖြဲ႕ ၁၆ မွ ကြၽမ္းက်င္အင္ဂ်င္နီယာ ၂၀ ေက်ာ္ႏွင့္ ကာယာဉာဏလုပ္သား ၂၀၀ ေက်ာ္တို႔ျဖင့္တည္ေဆာက္လွ်က္ရွိေၾကာင္း

ေဆာက္လုပ္ေရးဝန္ႀကီးဌာန တံတားဦးစီးဌာနၫြန္ၾကားေရးမႉး(ၿမိဳ႕ျပ)စီမံကိန္းတာဝန္ခံအင္ဂ်င္နီယာေဒၚသစ္သစ္ေအာင္ကေျပာၾကားခ်က္အရသိရသည္။


ယခုအခါပုသိမ္ၿမိဳ႕ဘက္ကမ္းႏွင့္စိန္ကုန္းဘက္ကမ္းရွိ ခ်ဥ္းကပ္တံတားႏွစ္ဖက္စလုံးၾကမ္းခင္းေလာင္းျခင္းလုပ္ငန္းမ်ားေဆာက္႐ြက္ၿပီးစီးေနၿပီျဖစ္၍

လက္ရွိလူသြားလမ္းပလက္ေဖာင္းမ်ားအားေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ပင္မတံတားသံေပါင္ ၉၅ မီတာႏွစ္ခန္းတပ္ဆင္ျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္ၿပီးစီးေနၿပီျဖစ္ေသာေၾကာင့္

မီတာ ၁၄၀ အရွည္ရွိသည့္ ေရလယ္သံေပါင္ခန္းဖြင့္တစ္ခန္းႏွင့္က်န္ရွိလုပ္ငန္းမ်ားအား သၾကၤန္ကာလအၿပီး

ဧၿပီ ၁၉ ရက္ေန႔ေနာက္ပိုင္းတြင္ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းသိရသည္။


နဂိုမူလေမတၱာဦးဆိပ္ခံတံတားေဟာင္းႏွင့္ ပုသိမ္ၿမိဳ႕တစ္ဖက္ကမ္းျဖစ္ေသာ စိန္ကုန္းဘက္ျခမ္းရွိရပ္ကြက္မ်ားျဖစ္သည့္ အမွတ္ ၉ ႏွင့္ ၁၀ ရပ္ကြက္မ်ားကိုျဖတ္သန္းတည္ေဆာက္ေနေသာ

ထိုပုသိမ္တံတားအမွတ္ (၂)အမ်ိဳးအစားမွာ သံမဏိသံေပါင္ခုံးတံတား (Nielsen Arch,Cable Hanger) အမ်ိဳးအစားျဖစ္ၿပီးတံတားခံႏိုင္ဝန္မွာ ယာဥ္တစ္စီးခ်င္း ၇၅ တန္ျဖစ္ၿပီး

တံတားသစ္အရွည္မွာ စုစုေပါင္းေပ ၂၃၈၀ ေပရွိေၾကာင္း၊ ယာဥ္သြားလမ္းအက်ယ္ ၂၈ ေပရွိၿပီး လူသြားလမ္းတစ္ဖက္လွ်င္

အက်ယ္ငါးေပစီပါဝင္ကာေရလမ္းကင္းလြတ္အက်ယ္ ၄၁၆ ေပႏွင့္အျမင့္ေပ ၆၀ ရွိေၾကာင္းလည္းသိရသည္။


တံတားသစ္စီမံကိန္းမွ အရွည္ ၃ မိုင္ႏွင့္ ၂ ဖာလုံအကြာတြင္တည္ရွိေသာမူလပုသိမ္ႀကိဳးတံတား၏ မူလခံႏိုင္ဝန္ေလ်ာ့နည္းလာမႈေၾကာင့္လည္းေကာင္း၊

ပုသိမ္ၿမိဳ႕၏ဖြံ႕ၿဖိဳးတိုးတက္မႈျမန္ဆန္လာသည္ႏွင့္အမွ် ငဝန္ျမစ္၏အေနာက္ဘက္အျခမ္းတြင္ၿမိဳ႕ျပအိမ္ရာမ်ားလိုအပ္လာ၍လည္းေကာင္း၊

ေခ်ာင္းသာႏွင့္ေငြေဆာင္အပါအဝင္ဧရာဝတီတိုင္းေဒသႀကီးႏွင့္ရခိုင္ျပည္နယ္ရွိကမ္းေျခပတ္လမ္းမ်ားကိုခ်ိတ္ဆက္သြားလာႏိုင္ရန္ရည္႐ြယ္တည္ေဆာက္ေနေသာပုသိမ္တံတားအမွတ္(၂)၏

တည္ေဆာက္ေရးစီမံကိန္းလုပ္ငန္းမ်ားစတင္ေဆာင္႐ြက္ရန္အတြက္ ၂၀၁၈ ခုႏွစ္ေအာက္တိုဘာလ ၂၇ ရက္မွစတင္၍

ေဖာင္ေဒရွင္းလုပ္ငန္းမ်ားစတင္ေဆာင္႐ြက္ခဲ့ေၾကာင္း ပုသိမ္တံတားအမွတ္(၂)တည္ေဆာက္ေရးစီမံကိန္းလုပ္ငန္းခြင္မွသိရသည္။

Read 1644 times
Rate this item
(0 votes)
Tagged under