မြန်မာ့မီးရထားမှ သင်္ကြန်ကာလအထူးရထားများပြေးဆွဲနိုင်ရန် အသင့်ပြင်ဆင်ထား

မြန်မာ့မီးရထားမှ သင်္ကြန်ကာလအထူးရထားများပြေးဆွဲနိုင်ရန် အသင့်ပြင်ဆင်ထား google

အများပြည်သူရုံးပိတ်ရက်ဖြစ်သည့် သင်္ကြန်ကာလတွင်ခရီးသွားပြည်သူများသွားလာရေးအဆင်ပြေစေရန်အတွက် အထူးရထားများပြေးဆွဲနိုင်ရန် ပို့ဆောင်ရေးနှင့်

 

ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားလုပ်ငန်းမှ အသင့်ပြင်ဆင်ထားကြောင်း သိရသည်။


ဧပြီ ၉ ရက်နေ့မှစတင်ကာ နေပြည်တော်-ရန်ကုန်ရထားတစ်စင်း၊ မန္တလေး-ရန်ကုန်အမြန်ရထားတစ်စင်း၊ ရန်ကုန်-မော်လမြိုင်အမြန်ရထားတစ်စင်း၊

 

ရန်ကုန်-ပြည်လမ်းပိုင်းအတွက်အမြန်ရထားတစ်စင်းတို့ကို ပြေးဆွဲပေးမည်ဖြစ်သည်။


Covid19 ရောဂါကြောင့် ခရီးသွားနည်းပါးလျက်ရှိပြီး ခရီးသည်ရရှိမှုအပေါ်မူတည်ကာဆောင်ရွက်သွားမည်ဖြစ်သည်။

 

ခရီးသည်မရှိပါက ပြေးဆွဲမှုမရှိနိုင်ကြောင်းနှင့် လိုအပ်ပါကပြေးဆွဲနိုင်ရန်အဆင့်သင့်ပြုလုပ်ထားကြောင်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

 

မြန်မာ့မီးရထားလုပ်ငန်းဒုတိယအထွေထွေမန်နေဂျာ ဦးကျော်စိုးလင်း၏ ပြောကြားချက်အရသိရသည်။


အဆိုပါအထူးရထားတွဲများပြေးဆွဲဖြစ်ပါက Covid 19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက်ရထားတွဲဆိုင်းများကို ပိုးသတ်ဆေးပတ်ဖျန်းခြင်း၊

 

လိုက်ပါမည့်ခရီးသည်များအားရထားပေါ်မတက်မီကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခြင်း

 

၊ ရထားပေါ်တွင် တစ်ဦးနှင့်တစ်ဦးနီးကပ်စွာမထိုင်စေရေးတို့ကိုပညာပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ယခုအခါ covid 19 ရောဂါကြောင့် ရထားစီးခရီးသည်နည်းပါးပြီးရထားခရီးစဉ်များဖျက်သိမ်းခြင်း၊ ရက်လျှော့ပြေးဆွဲခြင်းများရှိကြောင်း

 

မြန်မာ့မီးရထားလုပ်ငန်းမှ တာဝန်ရှိသူတို့၏ပြောကြားချက်အရသိရသည်။


Source:Myanmar alin

 

Myanmar Builders Guide

<<<Zawgyi>>>

















Read 1685 times Last modified on Monday, 06 April 2020 12:48
Rate this item
(1 Vote)
Tagged under