ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရန် ယန်း ဘီလျံ ၄၀ ကျော် ချေးငွေရယူမည်

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရန် ယန်း ဘီလျံ ၄၀ ကျော် ချေးငွေရယူမည် google

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့် (၁) ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ယန်း ဘီလျံ ၄၀ ကျော် ချေးငွေရယူမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

အဆိုပါချေးငွေရယူခြင်းသည် ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့် (၁) အတွက် တတိယအကြိမ်မြောက် ထုတ်ယူခြင်းဖြစ်ပြီး ပထမအကြိမ်တွင် ယန်း ဘီလျံ ၂၀ နှင့် ဒုတိယအကြိမ်တွင် ယန်း ၂၅ ဘီလျံ ထုတ်ယူပြီးဖြစ်သည်။

 

 

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို အဆင့်နှစ်ဆင့်ခွဲခြား ဆောင်ရွက်ခြင်းဖြစ်ပြီး အဆင့် (၁) တွင် ရန်ကုန်-တောင်ငူလမ်းပိုင်း၊ အဆင့် (၂) တွင် တောင်ငူ-မန္တလေးလမ်းပိုင်း ဟူ၍ သတ်မှတ်ထားသည်။

 

 

နံရံကပ်စက္ကူနှင့် အလှဆင်ပစ္စည်းများ လုပ်ငန်းပေါင်း ၁၁ ခုကို ရှာရန်နှိပ်ပါ

 

 

 

အဆင့် (၁) တောင်ငူလမ်းပိုင်းတွင် သံလမ်းလုပ်ငန်းများ၊ တံတားလုပ်ငန်းများ၊ မြို့ပြလုပ်ငန်းများ၊ အချက်ပြနှင့် ဆက်သွယ်ရေးလုပ်ငန်းများနှင့် DEMU တွဲဆိုင်းအသစ်များ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါစီမံကိန်းတွင် ခေတ်မီရထားလုပ်ငန်း စနစ်များဖြင့် ရန်ကုန်-မန္တလေး အဓိကရထားလမ်းမကြီးနှင့် အချက်ပြစနစ်များကို အဆင့်မြှင့်တင်ခြင်းဖြစ်သည့်အတွက် စီမံကိန်းပြီးစီးပါက ခေတ်မီတွဲဆိုင်းအသစ်များဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ အထိ ပြေးဆွဲနိုင်မည့်အပြင် ရထားလမ်းပြေးဆွဲချိန်သည် ရှစ်နာရီထက် မပိုဘဲ ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

 

 

 

---Zawgyi---

 

 

ရန္ကုန္-မႏၱေလးရထားလမ္းပိုင္း အဆင့္ျမွင့္တင္ရန္ ယန္း ဘီလ်ံ ၄၀ ေက်ာ္ ေခ်းေငြရယူမည္

 

 

ရန္ကုန္-မႏၱေလးရထားလမ္းပိုင္း အဆင့္ (၁) ရန္ကုန္-ေတာင္ငူလမ္းပိုင္း အဆင့္ျမွင့္တင္ေရးစီမံကိန္း အေကာင္အထည္ေဖာ္ ေဆာင္ရြက္ႏိုင္ရန္အတြက္ ယန္း ဘီလ်ံ ၄၀ ေက်ာ္ ေခ်းေငြရယူမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။

 


အဆိုပါေခ်းေငြရယူျခင္းသည္ ရန္ကုန္-ေတာင္ငူလမ္းပိုင္း အဆင့္ (၁) အတြက္ တတိယအႀကိမ္ေျမာက္ ထုတ္ယူျခင္းျဖစ္ၿပီး ပထမအႀကိမ္တြင္ ယန္း ဘီလ်ံ ၂၀ ႏွင့္ ဒုတိယအႀကိမ္တြင္ ယန္း ၂၅ ဘီလ်ံ ထုတ္ယူၿပီးျဖစ္သည္။

 

 

ရန္ကုန္-မႏၱေလးရထားလမ္းပိုင္း အဆင့္ျမွင့္တင္ေရးစီမံကိန္းကို အဆင့္ႏွစ္ဆင့္ခြဲျခား ေဆာင္ရြက္ျခင္းျဖစ္ၿပီး အဆင့္ (၁) တြင္ ရန္ကုန္-ေတာင္ငူလမ္းပိုင္း၊ အဆင့္ (၂) တြင္ ေတာင္ငူ-မႏၱေလးလမ္းပိုင္း ဟူ၍ သတ္မွတ္ထားသည္။

 

 

အဆင့္ (၁) ေတာင္ငူလမ္းပိုင္းတြင္ သံလမ္းလုပ္ငန္းမ်ား၊ တံတားလုပ္ငန္းမ်ား၊ ၿမိဳ႕ျပလုပ္ငန္းမ်ား၊ အခ်က္ျပႏွင့္ ဆက္သြယ္ေရးလုပ္ငန္းမ်ားနွင့္ DEMU တြဲဆိုင္းအသစ္မ်ား ဝယ္ယူျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

 

 

အဆိုပါစီမံကိန္းတြင္ ေခတ္မီရထားလုပ္ငန္း စနစ္မ်ားျဖင့္ ရန္ကုန္-မႏၱေလး အဓိကရထားလမ္းမႀကီးႏွင့္ အခ်က္ျပစနစ္မ်ားကို အဆင့္ျမွင့္တင္ျခင္းျဖစ္သည့္အတြက္ စီမံကိန္းၿပီးစီးပါက ေခတ္မီတြဲဆိုင္းအသစ္မ်ားျဖင့္ တစ္နာရီလွ်င္ ကီလိုမီတာ ၁၀၀ အထိ ေျပးဆြဲႏိုင္မည့္အျပင္ ရထားလမ္းေျပးဆြဲခ်ိန္သည္ ရွစ္နာရီထက္ မပိုဘဲ ေျပးဆြဲႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

 

 

 

Read 1318 times
Rate this item
(0 votes)
Tagged under