စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပေ ၁၈၀ အောက်တံတား တည်ဆောက်မှုလုပ်ငန်းများ ၆၃ ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပေ ၁၈၀ အောက်တံတား တည်ဆောက်မှုလုပ်ငန်းများ ၆၃ ရာခိုင်နှုန်းပြီးစီး google

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လမ်းတံတားကဏ္ဍများဖွံဖြိုးတိုးတက်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပေ ၁၈၀ အောက် တံတားတည်ဆောက်မှုလုပ်ငန်းများ ၆၃ ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

 

'' အခုဘဏ္ဍာနှစ်အတွင်းမှာ ပေ ၁၈၉ အောက်တံတားအစင်းပေါင်း ၁၈၃ စင်း တည်ဆောက်ဖို့ လျာထားခဲ့ပါတယ်။ လမ်းဦးစီးအဖွဲ့တွေက ၁၂၁ စင်း တည်ဆောက်တာဖြစ်ပြီး လမ်းအထူးအဖွဲ့ (၄) ဖွဲ့က တံတား ၆၂ စင်း တည်ဆောက်တာဖြစ်ပါတယ်။ ယခုအချိန်အထိမှာတော့ လုပ်ငန်းအားလုံးရဲ့ ရာခိုင်နှုန်းထက်ဝက်ကျော် ပြီးစီးနေပါပြီ။ အချိန်မီပြီးစီးဖို့နဲ့ တံတားအရည်အသွေး ကောင်းမွန်ရေးတို့ကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ဆေးကြပ်မတ် လုပ်ဆောင်နေပါတယ် '' ဟု စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးမြင့်က ပြောကြားသည်။

 

 

သန့်ရှင်းရေးသုံးပစ္စည်းများ လုပ်ငန်းပေါင်း ၂၂ ခုကို ရှာရန် နှိပ်ပါ

 

 

ယခုဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပေ ၁၈၀ အောက်တံတား ၁၈၃ စင်းတည်ဆောက်ရန် လျာထားလုပ်ဆောင်ခဲ့ရာ မတ်လတတိယပတ်အထိ တံတားအစင်း ၁၀၇ စင်းအား တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသော တံတား ၇၆ စင်းကို ဆက်လက်တည်ဆောက်လျက်ရှိကြောင်းနှင့် ပေ ၁၈၀ အောက်တံတားတည်ဆောက်ရေးလုပ်ငန်းအားလုံး၏ ၆၃ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

 

Source: The Mirror

 

 

 

 

 

---Zawgyi---

 

 

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း ေပ ၁၈၀ ေအာက္တံတား တည္ေဆာက္မႈလုပ္ငန္းမ်ား ၆၃ ရာခိုင္ႏႈန္းၿပီးစီး

 

 

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း လမ္းတံတားက႑မ်ားဖြံၿဖိဳးတိုးတက္ေရးအတြက္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြင္း ေပ ၁၈၀ ေအာက္ တံတားတည္ေဆာက္မႈလုပ္ငန္းမ်ား ၆၃ ရာခိုင္ႏႈန္းၿပီးစီးသြားၿပီျဖစ္ေၾကာင္း သိရသည္။

 

 

'' အခုဘ႑ာႏွစ္အတြင္းမွာ ေပ ၁၈၉ ေအာက္တံတားအစင္းေပါင္း ၁၈၃ စင္း တည္ေဆာက္ဖို႔ လ်ာထားခဲ့ပါတယ္။ လမ္းဦးစီးအဖြဲ႕ေတြက ၁၂၁ စင္း တည္ေဆာက္တာျဖစ္ၿပီး လမ္းအထူးအဖြဲ႕ (၄) ဖြဲ႕က တံတား ၆၂ စင္း တည္ေဆာက္တာျဖစ္ပါတယ္။ ယခုအခ်ိန္အထိမွာေတာ့ လုပ္ငန္းအားလံုးရဲ႕ ရာခိုင္ႏႈန္းထက္ဝက္ေက်ာ္ ၿပီးစီးေနပါၿပီ။ အခ်ိန္မီၿပီးစီးဖို႔နဲ႔ တံတားအရည္အေသြး ေကာင္းမြန္ေရးတို႔ကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ သက္ဆိုင္ရာအဖြဲ႕ေတြနဲ႔ ပူးေပါင္းၿပီး စစ္ေဆးၾကပ္မတ္ လုပ္ေဆာင္ေနပါတယ္ '' ဟု စစ္ကိုင္းတိုင္းေဒသႀကီး လမ္းဦးစီးဌာန ညႊန္ၾကားေရးမွဴး ေဒၚမိုးမိုးျမင့္က ေျပာၾကားသည္။

 

 

ယခုဘ႑ာႏွစ္တြင္ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း ေပ ၁၈၀ ေအာက္တံတား ၁၈၃ စင္းတည္ေဆာက္ရန္ လ်ာထားလုပ္ေဆာင္ခဲ့ရာ မတ္လတတိယပတ္အထိ တံတားအစင္း ၁၀၇ စင္းအား တည္ေဆာက္ၿပီးစီးခဲ့ျခင္းျဖစ္ၿပီး က်န္ရွိေသာ တံတား ၇၆ စင္းကို ဆက္လက္တည္ေဆာက္လ်က္ရွိေၾကာင္းႏွင့္ ေပ ၁၈၀ ေအာက္တံတားတည္ေဆာက္ေရးလုပ္ငန္းအားလံုး၏ ၆၃ ရာခုိင္ႏႈန္းၿပီးစီးေနၿပီ ျဖစ္ေၾကာင္း သိရသည္။

 

 

Source: The Mirror

 

 

Read 638 times Last modified on Monday, 30 March 2020 09:46
Rate this item
(0 votes)
Tagged under