Smart Car Parking စီမံကိန်း လုပ်ဆောင်နေမှုများ ရက်အကန့်သတ်မရှိ ရပ်ဆိုင်းမည်

Smart Car Parking စီမံကိန်း လုပ်ဆောင်နေမှုများ ရက်အကန့်သတ်မရှိ ရပ်ဆိုင်းမည် google

ရန်ကုန်မြို့တွင်းရှိ မြို့နယ်များတွင် ယာဉ်ရပ်နားရန် အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် အလိုအလျောက် ယာဉ်ရပ်နားခကောက်ယူသည့် နည်းပညာဖြင့် ဖန်တီးထားသည့် စမတ်ကားပါကင်စနစ်ကို ကျောက်တံတားမြို့နယ်တွင် စတင် ဆောင်ရွက်နေသည့် Smart Car Parking စီမံကိန်းကို (Covid-19) ကြောင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါစီမံကိန်းကို မတ်လ ၂၂ ရက်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပြီး နှစ်ရက်အကြာတွင် (Covid-19)ကြောင့် ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

 

 

Smart Car Parking စီမံကိန်းကို ကျောက်တံတားမြို့နယ်ရှိ ၃၉ လမ်း၊ လမ်း ၄၀၊ ဗိုလ်အောင်ကျော်လမ်းနှင့် ဆိပ်ကမ်းသာလမ်းတို့တွင် အပိုင်း သုံးပိုင်းခွဲပြီး ဆောင်ရွက်နေခြင်းဖြစ်ပြီး Car Parking ရပ်နားခများကို တစ်နာရီလျှင် အစိမ်းရောင်ပြလမ်းပေါ်တွင် ၂၀၀ ကျပ်၊ အဝါရောင်လမ်းပြလမ်းပေါ်တွင် ၃၀၀ ကျပ်၊ အနီရောင်ပြလမ်းပေါ်တွင် ၅၀၀ ကျပ်နှုန်းများဖြင့် သတ်မှတ်ထားသည်။

 

 

လိုက်ကာအမျိုးမျိုးလုပ်ငန်းပေါင်း ၁၃၂ ခုကို ရှာရန်နှိပ်ပါ

 

 

ယာဉ်ရပ်နားခများကို ငွေသားဖြင့်ပေးချေခြင်းနှင့် အွန်လိုင်းစနစ်ဖြင့်ပေးချေခြင်းဟူ၍ နှစ်မျိုးရှိပြီး အွန်လိုင်းစနစ်ဖြင့် ပေးချေရာတွင် Application များအသုံးပြု၍ အပိုင်း (၁) တွင် Parking Yangon App ဖြင့် လည်းကောင်း၊ အပိုင်း (၂) တွင် Smart [email protected] App ဖြင့်လည်းကောင်း၊ အပိုင်း (၃) တွင် Flowbird App ဖြင့်လည်းကောင်း ပေးချေရမည်ဖြစ်သည်။

 

 

အပိုင်း (၁)တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထားလမ်းအထိ၊ အပိုင်း (၂) တွင် အနော်ရထားလမ်းနှင့် မဟာဗန္ဓုလလမ်းအထိ၊ အပိုင်း (၃) တွင် မဟာဗန္ဓုလလမ်းမှ ကုန်သွယ်လမ်းအထိဖြစ်သည်။

 

 

Smart Car Parking စီမံကိန်းကို ကနဦးအစီအစဉ်အဖြစ် မြို့နယ်ခြောက်ခုတွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး အောင်မြင်ပါက အခြားမြို့နယ်များကိုပါ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

 

 

---Zawgyi---

 

 

Smart Car Parking စီမံကိန္း လုပ္ေဆာင္ေနမႈမ်ား ရက္အကန္႔သတ္မရွိ ရပ္ဆိုင္းမည္

 

 

ရန္ကုန္ၿမိဳ႕တြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ ယာဥ္ရပ္နားရန္ အခက္အခဲမ်ား ၾကံဳေတြ႕ေနရသည့္အတြက္ အလိုအေလ်ာက္ ယာဥ္ရပ္နားခေကာက္ယူသည့္ နည္းပညာျဖင့္ ဖန္တီးထားသည့္ စမတ္ကားပါကင္စနစ္ကို ေက်ာက္တံတားၿမိဳ႕နယ္တြင္ စတင္ ေဆာင္ရြက္ေနသည့္ Smart Car Parking စီမံကိန္းကို (Covid-19) ေၾကာင့္ ရက္အကန္႔အသတ္မရွိ ရပ္ဆိုင္းမည္ျဖစ္ေၾကာင္း သိရသည္။

 

 

အဆိုပါစီမံကိန္းကို မတ္လ ၂၂ ရက္တြင္ စတင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ခဲ့တာျဖစ္ၿပီး ႏွစ္ရက္အၾကာတြင္ (Covid-19)ေၾကာင့္ ရပ္ဆိုင္းလိုက္ျခင္းျဖစ္သည္။

 

 

Smart Car Parking စီမံကိန္းကို ေက်ာက္တံတားၿမိဳ႕နယ္ရွိ ၃၉ လမ္း၊ လမ္း ၄၀၊ ဗိုလ္ေအာင္ေက်ာ္လမ္းနွင့္ ဆိပ္ကမ္းသာလမ္းတို႔တြင္ အပိုင္း သံုးပို္င္းခြဲၿပီး ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး Car Parking ရပ္နားခမ်ားကို တစ္နာရီလွ်င္ အစိမ္းေရာင္ျပလမ္းေပၚတြင္ ၂၀၀ က်ပ္၊ အဝါေရာင္လမ္းျပလမ္းေပၚတြင္ ၃၀၀ က်ပ္၊ အနီေရာင္ျပလမ္းေပၚတြင္ ၅၀၀ က်ပ္ႏႈန္းမ်ားျဖင့္ သတ္မွတ္ထားသည္။

 

 

ယာဥ္ရပ္နားခမ်ားကို ေငြသားျဖင့္ေပးေခ်ျခင္းႏွင့္ အြန္လိုင္းစနစ္ျဖင့္ေပးေခ်ျခင္းဟူ၍ ႏွစ္မ်ိဳးရွိၿပီး အြန္လိုင္းစနစ္ျဖင့္ ေပးေခ်ရာတြင္ Application မ်ားအသံုးျပဳ၍ အပိုင္း (၁) တြင္ Parking Yangon App ျဖင့္ လည္းေကာင္း၊ အပိုင္း (၂) တြင္ Smart [email protected] App ျဖင့္လည္းေကာင္း၊ အပိုင္း (၃) တြင္ Flowbird App ျဖင့္လည္းေကာင္း ေပးေခ်ရမည္ျဖစ္သည္။

 

 

အပိုင္း (၁)တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းႏွင့္ အေနာ္ရထားလမ္းအထိ၊ အပိုင္း (၂) တြင္ အေနာ္ရထားလမ္းနွင့္ မဟာဗႏၶဳလလမ္းအထိ၊ အပိုင္း (၃) တြင္ မဟာဗႏၶဳလလမ္းမွ ကုန္သြယ္လမ္းအထိျဖစ္သည္။

 

 

Smart Car Parking စီမံကိန္းကို ကနဦးအစီအစဥ္အျဖစ္ ၿမိဳ႕နယ္ေျခာက္ခုတြင္္ စတင္အေကာင္အထည္ေဖာ္မည္ျဖစ္ၿပီး ေအာင္ျမင္ပါက အျခားၿမိဳ႕နယ္မ်ားကိုပါ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

 

Read 327 times
Rate this item
(0 votes)
Tagged under