မုံရွာ-ယာကြီး-ကလေးဝကားလမ်းမကြီး အဆင့်မြှင့်တင် ဖောက်လုပ်ခြင်း လုပ်ငန်းအားလုံး၏ ၁၉ ရာခိုင်နှုန်းကျော်ပြီးစီး

မုံရွာ-ယာကြီး-ကလေးဝကားလမ်းမကြီး အဆင့်မြှင့်တင် ဖောက်လုပ်ခြင်း လုပ်ငန်းအားလုံး၏ ၁၉ ရာခိုင်နှုန်းကျော်ပြီးစီး google

မုံရွာ-ယာကြီး-ကလေးဝကားလမ်းမကြီးကို ကလေးဝမြို့နယ်နှင့် မုံရွာမြို့နယ်တို့ကို ဆက်သွယ်ပေးသည့် ကားလမ်းမကြီးကို အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် အဆင့်မြှင့်တင်ဖောက်လုပ်လျက်ရှိရာ လုပ်ငန်းအားလုံး၏ ၁၉ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

'' မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းက သုံးနိုင်ငံဖြတ်လမ်းဆိုပေမယ့် လမ်းကကျဉ်းတယ်၊ မတ်စောက်တယ်၊ မိုးရာသီဆို လမ်းတွေပျက်လို့ မော်တော်ယာဉ်တွေ သွားလို့မရဘူးဖြစ်တဲ့အတွက် အဆင့်မြှင့်တင် ဖောက်လုပ်တာဖြစ်တယ်၊ လမ်းအဆင့်မြှင့်တင် ဖောက်လုပ်တာဖြစ်တယ်။ လမ်းအဆင့်မြှင့်တင်ဖောက်လုပ်တာက အိန္ဒိယနိုင်ငံနိုင်ငံရဲ့ အကူအညီနဲ့ သုံးနှစ်ကြာ လုပ်ဆောင်သွားမှာပါ၊ လုပ်ငန်းစတင်ချိန်က အခုအချိန်အထိ လုပ်ငန်းအားလုံးရဲ့ ၁၉ ဒသမ ၀၉ ရာခိုင်နှုန်းလောက်တော့ ပြီးစီးသွားပြီဖြစ်ပါတယ်။ လမ်းအမျိုးအစားကတော့ ကတ္တရာကွန်ကရစ် (RC) လမ်းအမျိုးအစား ခင်းကျင်းမှာဖြစ်ပါတယ်။ လမ်းမကြီးအဆင့်မြှင့်တင် ဖောက်လုပ်ခြင်းလုပ်ငန်း ပြီးစီးရင် မုံရွာမြို့ကနေ ကလေးဝမြို့မှတစ်ဆင့် ကလေးမြို့၊ တမူးမြို့နဲ့ အိန္ဒိယနိုင်ငံ မိုရေးမြို့အထိ အချိန်တိုတိုအတွင်း သွားရောက်နိုင်တော့မှာ ဖြစ်ပါတယ် '' ဟု စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးမြင့်ထံမှ သိရသည်။

 

 

မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းသည် မုံရွာမြို့မှ ကလေးမြို့သို့ သွားရောက်နိုင်သော လမ်းကြောင်းသုံးခုရှိသည့်အနက် ခရီးမိုင်အတိုဆုံးလမ်းဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်ထားသော သုံးနိုင်ငံဖြတ်လမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ အိန္ဒိယနိုင်ငံမှ ရူပီး ၁၁၇၇၀ သန်း အကူအညီရယူကာ အဆင့်မြှင့်တင်ဖောက်လုပ်ခြင်းဖြစ်သည်။

 

 

ဆိုင်းဘုတ်လုပ်ငန်းပေါင်း ၂၆၅ ခုကို ရှာရန်နှိပ်ပါ

 

 

ယခုအဆင့်မြှင့်တင်ဖောက်လုပ်မည့် လမ်းအရှည် ၇၅ မိုင်သည် အတက်အဆင်းမတ်စောက်ခြင်း၊ မိုးရာသီတွင် လမ်းပျက်စီးခြင်းတို့ကြောင့် ခရီးသည်တင်နှင့် ကုန်စည်တင်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှုခက်ခဲသည့် လမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါစီမံကိန်းကို ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်တွင် စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလအတွင်း စီမံကိန်းလုပ်ငန်းများအားလုံး အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

မံုရြာ-ယာႀကီး-ကေလးဝကားလမ္းမႀကီး အဆင့္ျမွင့္တင္ ေဖာက္လုပ္ျခင္း လုပ္ငန္းအားလံုး၏ ၁၉ ရာခိုင္ႏႈန္းေက်ာ္ၿပီးစီး

 

 

မံုရြာ-ယာႀကီး-ကေလးဝကားလမ္းမႀကီးကို ကေလးဝၿမိဳ႕နယ္ႏွင့္ မံုရြာၿမိဳ႕နယ္တို႔ကို ဆက္သြယ္ေပးသည့္ ကားလမ္းမႀကီးကို အိႏၵိယႏိုင္ငံ၏ အကူအညီျဖင့္ အဆင့့္ျမွင့္တင္ေဖာက္လုပ္လ်က္ရွိရာ လုပ္ငန္းအားလံုး၏ ၁၉ ရာခိုင္ႏႈန္းေက်ာ္ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။

 

 

'' မံုရြာ-ယာႀကီး-ကေလးဝလမ္းပိုင္းက သံုးႏိုင္ငံျဖတ္လမ္းဆိုေပမယ့္ လမ္းကက်ဥ္းတယ္၊ မတ္ေစာက္တယ္၊ မိုးရာသီဆို လမ္းေတြပ်က္လို႔ ေမာ္ေတာ္ယာဥ္ေတြ သြားလို႔မရဘူးျဖစ္တဲ့အတြက္ အဆင့္ျမွင့္တင္ ေဖာက္လုပ္တာျဖစ္တယ္၊ လမ္းအဆင့္ျမွင့္တင္ ေဖာက္လုပ္တာျဖစ္တယ္။ လမ္းအဆင့္ျမွင့္တင္ေဖာက္လုပ္တာက အိႏၵိယႏိုင္ငံႏိုင္္ငံရဲ႕ အကူအညီနဲ႔ သံုးႏွစ္ၾကာ လုပ္ေဆာင္သြားမွာပါ၊ လုပ္ငန္းစတင္ခ်ိန္က အခုအခ်ိန္အထိ လုပ္ငန္းအားလံုးရဲ႔ ၁၉ ဒသမ ၀၉ ရာခိုင္ႏႈန္းေလာက္ေတာ့ ၿပီးစီးသြားၿပီျဖစ္ပါတယ္။ လမ္းအမ်ိဳးအစားကေတာ့ ကတၱရာကြန္ကရစ္ (RC) လမ္းအမ်ိဳးအစား ခင္းက်င္းမွာျဖစ္ပါတယ္။ လမ္းမႀကီးအဆင့္ျမွင့္တင္ ေဖာက္လုပ္ျခင္းလုပ္ငန္း ၿပီးစီးရင္ မံုရြာၿမိဳ႕ကေန ကေလးဝၿမိဳ႕မွတစ္ဆင့္ ကေလးၿမိဳ႕၊ တမူးၿမိဳ႕နဲ႔ အိႏၵိယႏိုင္ငံ မိုေရးၿမိဳ႕အထိ အခ်ိန္တိုတိုအတြင္း သြားေရာက္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္ '' ဟု စစ္ကိုင္းတို္င္းေဒသႀကီး လမ္းဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴး ေဒၚမိုးမိုးျမင့္ထံမွ သိရသည္။

 

 

မံုရြာ-ယာႀကီး-ကေလးဝလမ္းပိုင္းသည္ မံုရြာၿမိဳ႕မွ ကေလးၿမိဳ႕သို႔ သြားေရာက္ႏိုင္ေသာ လမ္းေၾကာင္းသံုးခုရွိသည့္အနက္ ခရီးမိုင္အတိုဆံုးလမ္းျဖစ္ၿပီး အိႏၵိယႏုိင္ငံ၊ ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ကို ဆက္သြယ္ထားေသာ သံုးႏိုင္ငံျဖတ္လမ္းမႀကီး၏ အစိတ္အပိုင္းတစ္ခုျဖစ္ကာ အိႏၵိယႏိုင္ငံမွ ရူပီး ၁၁၇၇၀ သန္း အကူအညီရယူကာ အဆင့္ျမွင့္တင္ေဖာက္လုပ္ျခင္းျဖစ္သည္။

 

 

ယခုအဆင့္ျမွင့္တင္ေဖာက္လုပ္မည့္ လမ္းအရွည္ ၇၅ မိုင္သည္ အတက္အဆင္းမတ္ေစာက္ျခင္း၊ မိုးရာသီတြင္ လမ္းပ်က္စီးျခင္းတို႔ေၾကာင့္ ခရီးသည္တင္ႏွင့္ ကုန္စည္တင္ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းသြားလာမႈခက္ခဲသည့္ လမ္းတစ္ခုျဖစ္ေၾကာင္း သိရသည္။

 

 

အဆိုပါစီမံကိန္းကို ၂၀၁၈ ခုႏွစ္ ေမလ ၂၈ ရက္တြင္ စတင္ေဖာက္လုပ္ခဲ့ျခင္းျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ ေမလအတြင္း စီမံကိန္းလုပ္ငန္းမ်ားအားလံုး အၿပီးတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

Read 516 times
Rate this item
(0 votes)
Tagged under