ရန်ကုန်-ပုသိမ်ကားလမ်းမကြီးအား ဗိုလ်မြတ်ထွန်းတံတားအထိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မှု ၆၄ ရာခိုင်နှုန်းပြီးစီး

ရန်ကုန်-ပုသိမ်ကားလမ်းမကြီးအား ဗိုလ်မြတ်ထွန်းတံတားအထိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မှု ၆၄ ရာခိုင်နှုန်းပြီးစီး google

ရန်ကုန်-ပုသိမ်ကားလမ်းမကြီးအား ဗိုလ်မြတ်ထွန်းတံတားအထိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မှု ၆၄ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

လမ်းပိုင်း အဆင့်မြှင့်တင်မှုတွင် ရန်ကုန်တိုင်းအတွင်း ၁၇ မိုင်၊ ဧရာဝတီတိုင်းအတွင်း ၂၄ မိုင်ပါဝင်ပြီး ဗိုလ်မြတ်ထွန်းတံတားအဆင်း လေးဖာလုံအား လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသောကြောင့် ယာယီပိတ်သိမ်းခဲ့သည့် ဗိုလ်မြတ်ထွန်းတံတားအား ပြန်လည်ဖွင့်လှစ်ပေးပြီဖြစ်ကြောင်း သိရသည်။

 

 

'' အခုလက်ရှိ အနေအထားဆိုရင် ၂၄ မိုင်ပေါ့နော်။ ၂၄ မိုင်ဆိုတာ ရန်ကုန်-ဧရာဝတီ နယ်စပ်ကနေပြီးတော့ ဗိုလ်မြတ်ထွန်းတံတားအထိ လုပ်ငန်းအားလုံးနဲ့ ခြုံကြည့်မယ်ဆိုရင် ပြီးစီးမှုက ၆၄ ရာခိုင်နှုန်းလောက်ပြီးစီးပြီလို့ ပြောလို့ရတယ် '' ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

 

 

ဆက်လက်ပြီး '' တံတားလုပ်ငန်းအဆင့်ဆင့်ရှိတာကို နောက်ဆုံးပိတ်ကတော့ ကွန်ကရစ်အပြည့်ခင်းမယ်။ အဲဒီမှာ လမ်းစည်းတွေ ဆေးဆွဲမယ်။ ပြီးမှ လမ်းပခုံးတွေ သေချာပတ်ကားလုပ်မယ်။ တချို့နေရာတွေမှာ လမ်းအကာအကွယ်တွေရှိမယ်။ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် လိုအပ်တာတွေ လုပ်ပြီးတာက နောက်ဆုံးပေါ့ '' ဟု ဦးဝင်းဌေးကပြောသည်။

 

 

ရန်ကုန်-ပုသိမ်ကားလမ်းမကြီးအား ဗိုလ်မြတ်ထွန်းတံတားအထိ ကွန်ကရစ်လမ်းမဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေချိန်အတွင် လမ်းလွှဲများ အသုံးပြုနေရသောကြောင့် ပုံမှန်ခရီးသွားချိန်ထက် ၁ နာရီခန့်ပိုမို စောင့်ဆိုင်းနေရကြောင်း သိရသည်။

 

 

ဆောက်လုပ်ရေး စီမံကိန်းစီမံခန့်ခွဲရေးလုပ်ငန်းပေါင်း ၃၃ ခုကို ရှာရန်နှိပ်ပါ

 

 

'' ကျွန်တော်တို့က ရာသီဥတုကိုလည်း ကြောက်ရတယ်။ ရာသီဥတုက မိုးကျရင် တကယ်သွားပြီးတော့ စမ်းသပ်ပြီး လုပ်ဆောင်ထားပြီးတာတွေက မပြီးလို့ မရဘူး။ ဘာလို့လဲဆိုတော့ လမ်းပိတ်ဆို့မှု ဖြစ်သွားမှာစိုးလို့ အခုက ကျွန်တော်တို့က လမ်းခင်းရုံတင်မကဘဲ ယာဉ်တွေ သွားလာတဲ့နေရာမှာ လမ်းပိတ်ဆို့မှု မဖြစ်အောင်လည်း လမ်းလွှဲတွေပါ လုပ်ရတယ်။ ဒါမှတစ်ဖက်မှာ ကွန်ကရစ်လောင်းနေပေမဲ့ တစ်ဖက်မှာတော့ ကားတစ်စီးသွားလို့ရနေတယ် '' ဟု ၎င်းက ပြောကြားသည်။

 

 

လမ်းပိတ်ဆို့မှု မများအောင် လမ်းအသုံးပြုသူတွေအတွက် လမ်းလွှဲများ လုပ်ပေးခြင်း၊ ကရိန်ကားဖြင့် ဆွဲထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရန္ကုန္-ပုသိမ္ကားလမ္းမႀကီးအား ဗိုလ္ျမတ္ထြန္းတံတားအထိ ကြန္ကရစ္လမ္းအျဖစ္ အဆင့္ျမွင့္တင္မႈ ၆၄ ရာခုိင္ႏႈန္းၿပီးစီး

 

 

ရန္ကုန္-ပုသိမ္ကားလမ္းမႀကီးအား ဗိုလ္ျမတ္ထြန္းတံတားအထိ ကြန္ကရစ္လမ္းအျဖစ္ အဆင့္ျမွင့္တင္မႈ ၆၄ ရာခုိင္ႏႈန္းၿပီးစီးေနၿပီ ျဖစ္ေၾကာင္း သိရသည္။

 

 

လမ္းပိုင္း အဆင့္ျမွင့္တင္မႈတြင္ ရန္ကုန္တိုင္းအတြင္း ၁၇ မိုင္၊ ဧရာဝတီတိုင္းအတြင္း ၂၄ မိုင္ပါဝင္ၿပီး ဗိုလ္ျမတ္ထြန္းတံတားအဆင္း ေလးဖာလံုအား လမ္းခင္းျခင္း လုပ္ငန္းမ်ား ေဆာင္ရြက္ၿပီးစီးေသာေၾကာင့္ ယာယီပိတ္သိမ္းခဲ့သည့္ ဗိုလ္ျမတ္ထြန္းတံတားအား ျပန္လည္ဖြင့္လွစ္ေပးၿပီျဖစ္ေၾကာင္း သိရသည္။

 

 

'' အခုလက္ရွိ အေနအထားဆိုရင္ ၂၄ မိုင္ေပါ့ေနာ္။ ၂၄ မိုင္ဆိုတာ ရန္ကုန္-ဧရာဝတီ နယ္စပ္ကေနၿပီးေတာ့ ဗိုလ္ျမတ္ထြန္းတံတားအထိ လုပ္ငန္းအားလံုးနဲ႔ ျခံဳၾကည့္မယ္ဆိုရင္ ၿပီးစီးမႈက ၆၄ ရာခိုင္ႏႈန္းေလာက္ၿပီးစီးၿပီလို႔ ေျပာလို႔ရတယ္ '' ဟု ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ လွ်ပ္စစ္၊စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးဝင္းေဌးက ေျပာၾကားသည္။

 

 

ဆက္လက္ၿပီး '' တံတားလုပ္ငန္းအဆင့္ဆင့္ရွိတာကို ေနာက္ဆံုးပိတ္ကေတာ့ ကြန္ကရစ္အျပည့္ခင္းမယ္။ အဲဒီမွာ လမ္းစည္းေတြ ေဆးဆြဲမယ္။ ၿပီးမွ လမ္းပခံုးေတြ ေသခ်ာပတ္ကားလုပ္မယ္။ တခ်ိဳ႕ေနရာေတြမွာ လမ္းအကာအကြယ္ေတြရွိမယ္။ ယာဥ္အႏၱရာယ္ ကင္းရွင္းေရးအတြက္ လိုအပ္တာေတြ လုပ္ၿပီးတာက ေနာက္ဆံုးေပါ့ '' ဟု ဦးဝင္းေဌးကေျပာသည္။

 

 

ရန္ကုန္-ပုသိမ္ကားလမ္းမႀကီးအား ဗိုလ္ျမတ္ထြန္းတံတားအထိ ကြန္ကရစ္လမ္းမျဖစ္ အဆင့္ျမွင့္တင္ ေဆာင္ရြက္ေနခ်ိန္အတြင္ လမ္းလႊဲမ်ား အသံုးျပဳေနရေသာေၾကာင့္ ပံုမွန္ခရီးသြားခ်ိန္ထက္ ၁ နာရီခန္႔ပိုမို ေစာင့္ဆိုင္းေနရေၾကာင္း သိရသည္။

 

 

'' ကၽြန္ေတာ္တို႔က ရာသီဥတုကိုလည္း ေၾကာက္ရတယ္။ ရာသီဥတုက မိုးက်ရင္ တကယ္သြားၿပီးေတာ့ စမ္းသပ္ၿပီး လုပ္ေဆာင္ထားၿပီးတာေတြက မၿပီးလို႔ မရဘူး။ ဘာလို႔လဲဆိုေတာ့ လမ္းပိတ္ဆို႔မႈ ျဖစ္သြားမွာစိုးလို႔ အခုက ကၽြန္ေတာ္တို႔က လမ္းခင္းရံုတင္မကဘဲ ယာဥ္ေတြ သြားလာတဲ့ေနရာမွာ လမ္းပိတ္ဆို႔မႈ မျဖစ္ေအာင္လည္း လမ္းလႊဲေတြပါ လုပ္ရတယ္။ ဒါမွတစ္ဖက္မွာ ကြန္ကရစ္ေလာင္းေနေပမဲ့ တစ္ဖက္မွာေတာ့ ကားတစ္စီးသြားလုိ႔ရေနတယ္ '' ဟု ၎က ေျပာၾကားသည္။

 

 

လမ္းပိတ္ဆို႔မႈ မမ်ားေအာင္ လမ္းအသံုးျပဳသူေတြအတြက္ လမ္းလႊဲမ်ား လုပ္ေပးျခင္း၊ ကရိန္ကားျဖင့္ ဆြဲထုတ္ေပးျခင္းမ်ား ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

Read 5366 times
Rate this item
(0 votes)