ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရန် ဂျပန် (JICA) ထံမှ ချေးငွေရယူနိုင်ရန် လွှတ်တော်သို့တင်ပြ

ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရန် ဂျပန် (JICA) ထံမှ ချေးငွေရယူနိုင်ရန် လွှတ်တော်သို့တင်ပြ google

ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေး ဂျပန် (JICA) ထံမှ ချေးငွေ ယန်း ၄၀ ဒသမ ၆၀၄ ဘီလီယံ ရယူမည့်ကိစ္စနှင့် စပ်လျဉ်း၍ မတ်လ ၁၈ ရက်က ပြည်ထောင်စုလွှတ်တော်သို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က တင်ပြခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးကို အဆင့် (၁) ရန်ကုန်-တောင်ငူလမ်းပိုင်းနှင့် အဆင့် (၂) တောင်ငူ-မန္တလေးလမ်းပိုင်း ဟူ၍ အဆင့် (၂) ဆင့်ခွဲ၍ ဆောင်ရွက်နေကြောင်း ဦးသန့်စင်မောင်က ပြောသည်။

 

 

ချေးငွေပေးသည့်စနစ်သည် တစ်လုံးတစ်ခဲပေးအပ်ခြင်း မဟုတ်ဘဲ ပြီးစီးကုန်ကျသလောက်သာ အပိုင်းလိုက်ထုတ်ပေးသည့် Time-Sliced Loan ဖြစ်ကြောင်း၊ အဆင့် (၁) ရထားလမ်းပိုင်းအတွက် အပိုင်းလိုက်ချေးငွေ ရယူခြင်းသည် ယခုသုံးကြိမ်မြောက်ဖြစ်ကြောင်း၊ ချေးငွေအတွက် အတိုးနှုန်းသည် ၀ ဒသမ ၀၁ ရာခိုင်နှုန်း ၊ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀၊ ချေးငွေသက်တမ်း နှစ် ၄၀ နှင့် ဆိုင်းငံ့ကာလပြီးနောက် နှစ်စဉ် ၆ လ တစ်ကြိမ် ပေးဆပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

 

>>>ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ နိုင်ငံပိုင် မြေကွက်၂၄ ကွက်အား တင်ဒါစနစ်ဖြင့် ရောင်းချမည်<<<

 

 

ဆက်လက်၍ ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု ပြီးစီးပါက အကျိုးကျေးဇူးအနေဖြင့် ပြေးဆွဲချိန် ၁၄ နာရီခန့်ရှိ ရန်ကုန်-မန္တလေး လမ်းပိုင်းတစ်ခုလုံးကို ၈ နာရီ အောက်သို့လျှော့ချရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

 

အဆောက်အဦးစီမံခန့်ခွဲရေး လုပ်ငန်းပေါင်း ၈ ခုကို ရှာရန်နှိပ်ပါ

 

 

ထို့နောက် ချေးငွေရယူမည့် အစီအစဉ်နှင့်ပတ်သက်၍ Yangon-Mandalay Railway Improvement Project Phase (lll) စီမံကိန်းဆောင်ရွက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ မြန်မာ့မီးရထားအတွက် ဂျပန်နိုင်ငံ (JICA) ထံမှ ချေးငွေ ယန်း ၄၀ ဒသမ ၆၀၄ ဘီလီယံ ရယူနိုင်ရေးကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် တင်ပြပါကြောင်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရန္ကုန္-မႏၱေလးရထားလမ္းအဆင့္ျမွင့္တင္ရန္ ဂ်ပန္ (JICA) ထံမွ ေခ်းေငြရယူႏိုင္ရန္ လႊတ္ေတာ္သို႔တင္ျပ

 

 

ရန္ကုန္-မႏၱေလးရထားလမ္းအဆင့္ျမွင့္တင္ေရး ဂ်ပန္ (JICA) ထံမွ ေခ်းေငြ ယန္း ၄၀ ဒသမ ၆၀၄ ဘီလီယံ ရယူမည့္ကိစၥႏွင့္ စပ္လ်ဥ္း၍ မတ္လ ၁၈ ရက္က ျပည္ေထာင္စုလႊတ္ေတာ္သို႔ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန႔္စင္ေမာင္က တင္ျပခဲ့ျခင္းျဖစ္သည္။

 

 

ရန္ကုန္-မႏၱေလးရထားလမ္းအဆင့္ျမွင့္တင္ေရးကို အဆင့္ (၁) ရန္ကုန္-ေတာင္ငူလမ္းပိုင္းႏွင့္ အဆင့္ (၂) ေတာင္ငူ-မႏၱေလးလမ္းပိုင္း ဟူ၍ အဆင့္ (၂) ဆင့္ခြဲ၍ ေဆာင္ရြက္ေနေၾကာင္း ဦးသန႔္စင္ေမာင္က ေျပာသည္။

 

 

ေခ်းေငြေပးသည့္စနစ္သည္ တစ္လံုးတစ္ခဲေပးအပ္ျခင္း မဟုတ္ဘဲ ၿပီးစီးကုန္က်သေလာက္သာ အပိုင္းလိုက္ထုတ္ေပးသည့္ Time-Sliced Loan ျဖစ္ေၾကာင္း၊ အဆင့္ (၁) ရထားလမ္းပိုင္းအတြက္ အပိုင္းလိုက္ေခ်းေငြ ရယူျခင္းသည္ ယခုသံုးႀကိမ္ေျမာက္ျဖစ္ေၾကာင္း၊ ေခ်းေငြအတြက္ အတိုးႏႈန္းသည္ ၀ ဒသမ ၀၁ ရာခိုင္ႏႈန္း ၊ ဆိုင္းငံ့ကာလ ၁၀ ႏွစ္၊ ျပန္ဆပ္ကာလ ႏွစ္ ၃၀၊ ေခ်းေငြသက္တမ္း ႏွစ္ ၄၀ ႏွင့္ ဆုိင္းငံ့ကာလၿပီးေနာက္ ႏွစ္စဥ္ ၆ လ တစ္ႀကိမ္ ေပးဆပ္သြားမည္ ျဖစ္ေၾကာင္း ၎က ေျပာသည္။

 

 

ဆက္လက္၍ ရထားလမ္းပိုင္း အဆင့္ျမွင့္တင္မႈ ၿပီးစီးပါက အက်ိဳးေက်းဇူးအေနျဖင့္ ေျပးဆြဲခ်ိန္ ၁၄ နာရီခန႔္ရွိ ရန္ကုန္-မႏၱေလး လမ္းပိုင္းတစ္ခုလံုးကို ၈ နာရီ ေအာက္သို႔ေလွ်ာ့ခ်ရန္ ေဆာင္ရြက္ျခင္း ျဖစ္ေၾကာင္း ၎က ေျပာသည္။

 

 

ထို႔ေနာက္ ေခ်းေငြရယူမည့္ အစီအစဥ္ႏွင့္ပတ္သက္၍ Yangon-Mandalay Railway Improvement Project Phase (lll) စီမံကိန္းေဆာင္ရြက္ရန္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနမွ ျမန္မာ့မီးရထားအတြက္ ဂ်ပန္ႏိုင္ငံ (JICA) ထံမွ ေခ်းေငြ ယန္း ၄၀ ဒသမ ၆၀၄ ဘီလီယံ ရယူႏိုင္ေရးကို ျပည္ေထာင္စုလႊတ္ေတာ္က ေဆြးေႏြးသံုးသပ္၍ အတည္ျပဳေပးႏိုင္ပါရန္ တင္ျပပါေၾကာင္း ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ေျပာသည္။

 

Read 415 times
Rate this item
(0 votes)