ရွှေလောင်းကြိုးတံတား သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရေးလုပ်ငန်းများ ၅၅ ရာခိုင်နှုန်းပြီးစီး

ရွှေလောင်းကြိုးတံတား သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရေးလုပ်ငန်းများ ၅၅ ရာခိုင်နှုန်းပြီးစီး the miror

ရွှေလောင်းကြိုးတံတားကို သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရေးလုပ်ငန်းများ ၅၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါတံတားသည် ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက် ၃ ပေနှင့် ရေလမ်းကင်းလွတ်အမြင့် ၂၉ ဒသမ ၅၂ ပေ ရှိပြီး အဆင့်မြှင့်တင် တည်ဆောက်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့ (၁၅) က တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်သည်။

 

 

>>>ချင်းပြည်နယ်အစိုးရက ပြည်နယ်ဘတ်ဂျတ်၏ ၇၃ ရာခိုင်နှုန်းကျော်ကို လမ်း၊တံတား တည်ဆောက်ရေး လုပ်ငန်းများအတွက် သုံးစွဲမည်<<<

 

 

ယင်းတံတားကို၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်ပြီး မူလပင်မကြိုးတံတားအား ဖြုတ်သိမ်း၍ ယာဉ်တစ်စီးချင်း ၇၅ တန်ခံနိုင်ဝန်ရှိသော Steel Box Gider ခန်းဖွင့် ပေ ၅၀၀ သံကူကွန်ကရစ်အမျိုးအစားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

===ကတ္တရာလုပ်ငန်းပေါင်း ၁၆ ခုကို ရှာရန်နှိပ်ပါ===

 

 

ရွှေလောင်းကြိုးတံတားအဆင့်မြှင့်တင်တည်ဆောက်ခြင်းစီမံကိန်းသည် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ပန်းတနော်-ရွှေလောင်း-ဝါးခယ်မ-ကျုံးမငေးလမ်းပိုင်း မိုင်တိုင်အမှတ် (၂၁/ဝ) ရှိ ရွှေလောင်းမြစ်ပေါ်တွင် တည်ရှိသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ေရႊေလာင္းႀကိဳးတံတား သံကူကြန္ကရစ္တံတားအျဖစ္ အဆင့္ျမွင့္တင္ တည္ေဆာက္ေရးလုပ္ငန္းမ်ား ၅၅ ရာခိုင္ႏႈန္းၿပီးစီး

 

 

ေရႊေလာင္းႀကိဳးတံတားကို သံကူကြန္ကရစ္တံတားအျဖစ္ အဆင့္ျမွင့္တင္ တည္ေဆာက္ေရးလုပ္ငန္းမ်ား ၅၅ ရာခိုင္ႏႈန္း ၿပီးစီးၿပီျဖစ္ေၾကာင္း သိရသည္။

 

 

အဆိုပါတံတားသည္ ယာဥ္သြားလမ္းအက်ယ္ ၂၄ ေပ၊ လူသြားလမ္းအက်ယ္ တစ္ဖက္ ၃ ေပႏွင့္ ေရလမ္းကင္းလြတ္အျမင့္ ၂၉ ဒသမ ၅၂ ေပ ရွိၿပီး အဆင့္ျမွင့္တင္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ တံတားအထူးအဖြဲ႕ (၁၅) က တာဝန္ယူေဆာင္ရြက္ေနျခင္း ျဖစ္သည္။

 

 

ယင္းတံတားကို၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္မွ စတင္ၿပီး မူလပင္မႀကိဳးတံတားအား ျဖဳတ္သိမ္း၍ ယာဥ္တစ္စီးခ်င္း ၇၅ တန္ခံႏိုင္ဝန္ရွိေသာ Steel Box Gider ခန္းဖြင့္ ေပ ၅၀၀ သံကူကြန္ကရစ္အမ်ိဳးအစားအျဖစ္ အဆင့္ျမွင့္တင္တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 

 

ေရႊေလာင္းႀကိဳးတံတားအဆင့္ျမွင့္တင္တည္ေဆာက္ျခင္းစီမံကိန္းသည္ ဧရာဝတီတိုင္းေဒသႀကီး ဝါးခယ္မၿမိဳ႕နယ္ ပန္းတေနာ္-ေရႊေလာင္း-ဝါးခယ္မ-က်ံဳးမေငးလမ္းပိုင္း မိုင္တိုင္အမွတ္ (၂၁/၀) ရွိ ေရႊေလာင္းျမစ္ေပၚတြင္ တည္ရွိသည္။

 

Read 307 times
Rate this item
(0 votes)