ချင်းပြည်နယ်တွင် အရှည်ပေ ၄၀၀ ရှိ ပူစောကျေးရွာ ကြိုးတံတား တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီး

ချင်းပြည်နယ်တွင် အရှည်ပေ ၄၀၀ ရှိ ပူစောကျေးရွာ ကြိုးတံတား တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီး the mirror

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ခေါက်ပုံကျင်းကျေးရွာတွင် ပူစောကျေးရွာ ကြိုးတံတားတည်ဆောက်ခြင်းလုပ်ငန်းများ ၈၀ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကန်ပက်လက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါကြိုးတံတားသည် အရှည် ၄၀၀ ပေ၊ အကျယ် ၄ ဒသမ ၅ ပေ၊ အမြင့် ၃၀ ပေရှိ၍ ၎င်းကို ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်သည်။

 

 

သစ်ရိုင်းလုပ်ငန်းပေါင်း ၆၇၇ ခုကို ရှာရန်နှိပ်ပါ

 

 

ကန်ပလက်မြို့နယ်အတွင်းရှိ ကျေးရွာများသည် တောင်ပေါ်ဒေသဖြစ်သောကြောင့် မိုးရာသီတွင် သွားလာရန် ခက်ခဲကြောင်း၊ ပူစောကျေးရွာကြိုးတံတား တည်ဆောက်ပြီးစီးပါက အဆိုပါကျေးရွာအနီး ပန်းတောင်၊ ရောင်တွီး၊ ငရှောင်၊ လာလျှင်ဖုံကျင်း ကျေးရွာများရှိ အိမ်ခြေ ၁၂၃ အိမ်၊ လူဦးရေ ၇၈၂ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးများအတွက် အကျိုးပြုမည်ဖြစ်ကြောင်း ကန်ပက်လက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထန်းအွမ်က ပြောသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 

Read 215 times
Rate this item
(0 votes)