မွန်ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၁၃၂ သန်းတန် လောင်စာပိုက်လိုင်း၊ ဆိပ်ကမ်းနှင့်သိုလှောင်ကန် တည်ဆောက်မည်

မွန်ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၁၃၂ သန်းတန် လောင်စာပိုက်လိုင်း၊ ဆိပ်ကမ်းနှင့်သိုလှောင်ကန် တည်ဆောက်မည် google

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဒေသအတွင်းလိုအပ်ချက်များသာမက အရှေ့အနောက် စီးပွားရေးစင်္ကြ ံလမ်းကြောင်းရှိ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်မည့် အမေရိကန်ဒေါ်လာ ၁၃၂ သန်းတန် လောင်စာဆီပိုက်လိုင်း၊ ဆိပ်ကမ်းနှင့် သိုလှောင်ကန်တည်ဆောက်ရန်အတွက်မတ်လ ၇ ရက်နေ့တွင် ပန္နက်တင် မင်္ဂလာအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

 

၎င်းကို SMD Oil& Gas Storage Tank and Pipe Line Jetty စီမံကိန်းဟု အမည်ပေးထားပြီး Southern Myanmar Development Co.Ltd မှ ရင်းနှီးမြှုပ်နှံ တည်ဆောက်ခြင်းဖြစ်သည်။

 

 

>>>တန်ဖိုးသင့် တိုက်ခန်း၊ မီနီကွန်ဒိုများကို လစဉ် ၂ သိန်းမှ အရစ်ကျဝယ်ယူနိုင်မည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲ<<<

 

 

အဆိုပါစီမံကိန်းကို မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းဒေသ သပြေကျေးရွာအနီး ပင်လယ်ကမ်းစပ် မြေ ၄၇ ဒသမ ၂၈ ဧကပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး လာမည့် ၂၀၂၁ ခုနှစ်တွင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှု ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

 

မွန်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက '' စီမံကိန်းကြောင့် မွန်ပြည်နယ်အတွင်း ဓာတ်ဆီနှင့် ဒီဇယ် ဈေးနှုန်းချိုသာမယ်။ ဒါ့အပြင် စွမ်းအင်နဲ့ လောင်စာကဏ္ဍတွင် အထောက်အပံများစွာ ရရှိမယ်။ လူ့စွမ်းအား အရင်းအမြစ်အတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရလာမယ်။ စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ ဒေသအတွင်း လိုအပ်ချက်များသာမက အရှေ့အနောက် စီးပွားရေး စီးပွားရေးစင်္ကြ ံလမ်းကြောင်းတစ်လျှောက်တွင်ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကိုပါ တင်ပို့နိုင်ပြီး မွန်ပြည်နယ်အတွင်း အခွန်အခများစွာ ရရှိလာမှာ ဖြစ်ပါတယ် '' ဟု ပန္နက်တင် မင်္ဂလာအခမ်းအနားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

 

 

ရေချိုးခန်းနှင့်အိမ်သာဆက်စပ်ပစ္စည်းများ လုပ်ငန်းပေါင်း ၁၈၅ ခုကို ရှာရန်နှိပ်ပါ

 

 

စီမံကိန်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိနိုင်မည့်အပြင် လမ်းဖောက်ခြင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပေးမည်ဖြစ်သောကြောင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

Myanmar Builders Guide

 

 

 

---Zawgyi--

 

 

မြန္ျပည္နယ္တြင္ အေမရိကန္ေဒၚလာ ၁၃၂ သန္းတန္ ေလာင္စာပိုက္လိုင္း၊ ဆိပ္ကမ္းႏွင့္သိုေလွာင္ကန္ တည္ေဆာက္မည္

 

 

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္တြင္ ေဒသအတြင္းလိုအပ္ခ်က္မ်ားသာမက အေရွ႕အေနာက္ စီးပြားေရးစႀကၤ ံလမ္းေၾကာင္းရွိ အိမ္နီးခ်င္းႏိုင္ငံမ်ားသို႔ တင္ပို႔ႏိုင္မည့္ အေမရိကန္ေဒၚလာ ၁၃၂ သန္းတန္ ေလာင္စာဆီပိုက္လိုင္း၊ ဆိပ္ကမ္းႏွင့္ သိုေလွာင္ကန္တည္ေဆာက္ရန္အတြက္ မတ္လ ၇ ရက္ေန႔တြင္ ပႏၷက္တင္ မဂၤလာအခမ္းအနားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

 

 

၎ကို SMD Oil& Gas Storage Tank and Pipe Line Jetty စီမံကိန္းဟု အမည္ေပးထားၿပီး Southern Myanmar Development Co.Ltd မွ ရင္းႏွီးျမွဳပ္ႏွံ တည္ေဆာက္ျခင္းျဖစ္သည္။

 

 

အဆိုပါစီမံကိန္းကို မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ လမိုင္းေဒသ သေျပေက်းရြာအနီး ပင္လယ္ကမ္းစပ္ ေျမ ၄၇ ဒသမ ၂၈ ဧကေပၚတြင္ တည္ေဆာက္မည္ျဖစ္ၿပီး လာမည့္ ၂၀၂၁ ခုႏွစ္တြင္ တည္ေဆာက္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္မႈ ၿပီးစီးမည္ျဖစ္ေၾကာင္း သိရသည္။

 

 

မြန္ျပည္နယ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံက '' စီမံကိန္းေၾကာင့္ မြန္ျပည္နယ္အတြင္း ဓာတ္ဆီႏွင့္ ဒီဇယ္ ေစ်းႏႈန္းခ်ိဳသာမယ္။ ဒါ့အျပင္ စြမ္းအင္နဲ႔ ေလာင္စာက႑တြင္ အေထာက္အပံမ်ားစြာ ရရွိမယ္။ လူ႔စြမ္းအား အရင္းအျမစ္အတြက္ အလုပ္အကိုင္ အခြင့္အလမ္းမ်ားစြာ ရလာမယ္။ စြမ္းအင္က႑ႏွင့္ပတ္သက္၍ ေဒသအတြင္း လိုအပ္ခ်က္မ်ားသာမက အေရွ႕အေနာက္ စီးပြားေရး စီးပြားေရးစႀကၤ ံလမ္းေၾကာင္းတစ္ေလွ်ာက္တြင္ရွိတဲ့ အိမ္နီးခ်င္းႏိုင္ငံေတြကိုပါ တင္ပို႔ႏိုင္ၿပီး မြန္ျပည္နယ္အတြင္း အခြန္အခမ်ားစြာ ရရွိလာမွာ ျဖစ္ပါတယ္ '' ဟု ပႏၷက္တင္ မဂၤလာအခမ္းအနားမိန္႔ခြန္းတြင္ ေျပာၾကားခဲ့သည္။

 

 

စီမံကိန္းေၾကာင့္ ေဒသခံျပည္သူမ်ား အလုပ္အကိုင္အခြင့္အလမ္းမ်ားစြာ ရရွိႏိုင္မည့္အျပင္ လမ္းေဖာက္ျခင္းလုပ္ငန္းမ်ား လုပ္ကိုင္ေဆာင္ရြက္ေပးမည္ျဖစ္ေသာေၾကာင့္ ေဒသတြင္း ဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ေၾကာင္း သိရသည္။

 

Read 2289 times Last modified on Wednesday, 11 March 2020 11:34
Rate this item
(0 votes)