ရန်ကုန်တိုင်းအတွင်း ခုံးကျော်တံတားအောက်ရှိ စကိတ်ကွင်းများကို YCDC နှင့် YHT တို့ပူးပေါင်းကာ အဆင့်မြှင့်တင်မှုများ ပြုလုပ်မည်

ရန်ကုန်တိုင်းအတွင်း ခုံးကျော်တံတားအောက်ရှိ စကိတ်ကွင်းများကို YCDC နှင့် YHT တို့ပူးပေါင်းကာ အဆင့်မြှင့်တင်မှုများ ပြုလုပ်မည် google

ရန်ကုန်တိုင်းဒေသကြီးအတွင်း လှည်းတန်းခုံးကျော်တံတားအောက်ရှိ စကိတ်ကွင်းနှင့် ကုက္ကိုင်းခုံးကျော်တံတားအောက်ရှိ စကိတ်ကွင်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က အဆင့်မြှင့်တင်မှုများ ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်မြို့ပြထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

'' YCDC က လှည်းတန်းနဲ့ ကုက္ကိုင်းခုံးကျော်တံတားအောက်မှာရှိတဲ့ စကိတ်ကွင်းတွေကို အဆင့်မြှင့်တင်ဖို့အတွက် YHT ကိုအကူအညီပေးဖို့ တောင်းဆိုလာတယ်။ အခု YCDC၊ YHT နဲ့ စကိတ်စီးသူတွေ ဒီဇိုင်းပိုင်းဆိုင်ရာ ဆွေးနွေးခဲ့ပါတယ် '' ဟု YHT စီမံချက်ညှိနှိုင်းရေးအရာရှိ ဒေါ်ဂျူဝယ်ကြေးမုံက ပြောသည်။

 

 

အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် စကိတ်အားကစားသမားများ၏ လက်ရှိလိုအပ်ချက်များနှင့် အကြံဉာဏ်များကို ပိုမိုသိရှိနားလည်စေရန် Myanmar Skate Association နှင့် Make Life Skate Life အဖွဲ့အစည်းတို့ တွေ့ဆုံကာ ဒီဇိုင်းပိုင်းဆိုင်ရာ ဆွေးနွေးမှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

>>>ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တံတားများကို မြို့တော်စည်ပင်မှ လွှဲပြောင်းယူ၍ ပြုပြင်မွမ်းမံမည်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော<<<

 

 

စကိတ်ကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို YCDC မှ အကုန်အကျခံ ဆောင်ရွက်ခြင်းဖြစ်ပြီး YHT မှ ဒီဇိုင်းပိုင်းများ ပါဝင်အားဖြည့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

'' YCDC က ဒီစီမံကိန်းကို ရှေ့ဆက်ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်သလို YHT က အခုလိုအများပြည်သူဆိုင်ရာ နေရာတွေကို အကျိုးရှိစွာနဲ့ အသုံးပြုနိုင်ရေးအတွက် ဆက်လက်ကူညီသွားနိုင်ဖို့ မျှော်လင့်ပါတယ် '' ဟု YHTမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

 

 

သန့်ရှင်းရေးသုံးပစ္စည်းများ လုပ်ငန်းပေါင်း ၂၂ ခုကို ရှာရန်နှိပ်ပါ

 

 

ဒီဇိုင်းဆွေးနွေးမှုများ ပြုလုပ်ရာတွင် အားကစားသမားများအတွက် အသင့်တော်ဆုံးဖြစ်စေမည့် စကိတ်ကွင်း ဒီဇိုင်းကို အထောက်အကူဖြစ်စေရန် ရွှံ့စေးများကို အသုံးပြု၍ ပုံစံငယ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

 

လက်ရှိတွင် ဗဟန်းမြို့နယ် ကုက္ကိုင်းခုံးကျော်တံတားအောက်ရှိ စကိတ်ကွင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းက စတင်ပြုပြင်ခြင်းများ လုပ်ဆောင်နေလျက်ရှိပြီး ရွှေ့ပြောင်းလို့ရသည့် စကိတ်ခုံ၊ ပုံသေထားသင့်သည့် စကိတ်လမ်းကြောင်းများကို စကိတ်ကစားသမားများ အဆင်ပြေစေမည့် ဒီဇိုင်းပုံစံဖြစ်စေရန် YHT မှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

 

Myanamr Builders Guide

 

 

---Zawgyi---

 

 

ရန္ကုန္တိုင္းအတြင္း ခံုးေက်ာ္တံတားေအာက္ရွိ စကိတ္ကြင္းမ်ားကို YCDC နွင့္ YHT တို႔ပူးေပါင္းကာ အဆင့္ျမွင့္တင္မႈမ်ား ျပဳလုပ္မည္

 

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္း လွည္းတန္းခံုးေက်ာ္တံတားေအာက္ရွိ စကိတ္ကြင္းႏွင့္ ကုကၠိဳင္းခံုးေက်ာ္တံတားေအာက္ရွိ စကိတ္ကြင္းမ်ားကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ (YCDC) က အဆင့္ျမွင့္တင္မႈမ်ား ျပဳလုပ္မည္ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ျပထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ (YHT) က ပါဝင္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

 

 

'' YCDC က လွည္းတန္းနဲ႔ ကုကၠိဳင္းခံုးေက်ာ္တံတားေအာက္မွာရွိတဲ့ စကိတ္ကြင္းေတြကို အဆင့္ျမႇင့္တင္ဖို႔အတြက္ YHT ကိုအကူအညီေပးဖို႔ ေတာင္းဆိုလာတယ္။ အခု YCDC၊ YHT နဲ႔ စကိတ္စီးသူေတြ ဒီဇိုင္းပိုင္းဆိုင္ရာ ေဆြးေႏြးခဲ့ပါတယ္ '' ဟု YHT စီမံခ်က္ညိႇႏႈိင္းေရးအရာရွိ ေဒၚဂ်ဴဝယ္ေၾကးမံုက ေျပာသည္။

 

 

အဆင့္ျမွင့္တင္ျခင္းလုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္ စကိတ္အားကစားသမားမ်ား၏ လက္ရွိလိုအပ္ခ်က္မ်ားႏွင့္ အႀကံဉာဏ္မ်ားကို ပိုမိုသိရွိနားလည္ေစရန္ Myanmar Skate Association ႏွင့္ Make Life Skate Life အဖြဲ႕အစည္းတို႔ ေတြ႕ဆံုကာ ဒီဇိုင္းပိုင္းဆိုင္ရာ ေဆြးေႏြးမႈမ်ားကိုလည္း ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

 

 

စကိတ္ကြင္း အဆင့္ျမွင့္တင္ျခင္းလုပ္ငန္းမ်ားကို YCDC မွ အကုန္အက်ခံ ေဆာင္ရြက္ျခင္းျဖစ္ၿပီး YHT မွ ဒီဇိုင္းပိုင္းမ်ား ပါဝင္အားျဖည့္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

 

 

'' YCDC က ဒီစီမံကိန္းကို ေရွ႕ဆက္ေဆာင္ရြက္ႏိုင္ဖို႔ လုပ္ေဆာင္သြားမွာျဖစ္သလို YHT က အခုလိုအမ်ားျပည္သူဆိုင္ရာ ေနရာေတြကို အက်ိဳးရွိစြာနဲ႔ အသံုးျပဳႏိုင္ေရးအတြက္ ဆက္လက္ကူညီသြားႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္ '' ဟု YHTမွ တာဝန္ရွိသူတစ္ဦးက ေျပာပါသည္။

 

 

ဒီဇိုင္းေဆြးေႏြးမႈမ်ား ျပဳလုပ္ရာတြင္ အားကစားသမားမ်ားအတြက္ အသင့္ေတာ္ဆံုးျဖစ္ေစမည့္ စကိတ္ကြင္း ဒီဇုိင္းကို အေထာက္အကူျဖစ္ေစရန္ ရႊံ႕ေစးမ်ားကို အသံုးျပဳ၍ ပံုစံငယ္မ်ား ျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။

 

 

လက္ရွိတြင္ ဗဟန္းၿမိဳ႕နယ္ ကုကၠိဳင္းခံုးေက်ာ္တံတားေအာက္ရွိ စကိတ္ကြင္းအေရွ႕ျခမ္းႏွင့္ အေနာက္ျခမ္းက စတင္ျပဳျပင္ျခင္းမ်ား လုပ္ေဆာင္ေနလ်က္ရွိၿပီး ေရႊ႕ေျပာင္းလို႔ရသည့္ စကိတ္ခံု၊ ပံုေသထားသင့္သည့္ စကိတ္လမ္းေၾကာင္းမ်ားကို စကိတ္ကစားသမားမ်ား အဆင္ေျပေစမည့္ ဒီဇိုင္းပံုစံျဖစ္ေစရန္ YHT မွ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

 

Read 544 times
Rate this item
(0 votes)
Tagged under